Chapter(9):ကျေးဇူးရှင်ကို ပရောပရည် ဆက်လုပ်ခြင်း-1

2.8K 609 2
                                    

Zawgyi

ကျန်းရှန်ရဲ့တောရိုင်းမြေထဲတွင် အသက်ရှင်သန်နေထိုင်နိုင်မှုစွမ်းရည်က ကြက်တစ်ကောင်ကို ကိုင်တွယ်ဖို့အတွက်တော့ လုံလောက်သည်။ အချိန်အနည်းငယ် ကြာပြီးနောက် သူကြက်အမွေးတွေကို နှုတ်လိုက်ပြီးတော့ ကြက်ရဲ့ဝမ်းဗိုက်ထဲက အတွင်းအင်္ဂါတွေအားလုံးကို ဖယ်ရှားလိုက်သည်။

ကျေးလက်ဒေသကလူတွေက ကြက်​အူတွေကို မပြောနဲ့။ ကြက်သွေးကိုတောင်မှ မဖြုန်းတီးပစ်ချင်ကြဘူး။ ဒါပေမဲ့ကျန်းရှန်မှာ ကြက်အူတွေကို ကိုင်တွယ်ချင်တဲ့နှလုံးသား မရှိပါဘူး။ သူရိုးရိုးရှင်းရှင်းပဲ သူတို့တွေကိုဘေးမှာ ပစ်ထားလိုက်သည်။ တကယ်လို့ကျန်းလောင်ထိုက်က သူတို့တွေကိုလိုချင်တယ်ဆိုရင် သူမဘာသာသူမ သူတို့တွေကိုကိုင်တွယ်ပါလေ့စေ။

သို့သော်လည်းကျန်းရှန်က ကြက်အူတွေကိုမကိုင်ပေမဲ့ ပထမဆုံးအကြိမ်အနေနဲ့ သူကြက်အသည်းကို ဆေးလိုက်ပြီးတော့ အဲ့ဒါကိုဆန်ပြုတ်အိုးထဲကို ပစ်ထည့်လိုက်သည်။

မော်ဒန်ခေတ်မှာဆိုရင် ကိုလက်စထရောဓာတ်မြင့်မားမှုကြောင့် လူအမြောက်အမြားက ကြက်အသည်းကို မစားကြဘူး။ ဒါပေမဲ့အခုတော့ . . .

တိရစ္ဆာန်တွေရဲ့အတွင်းအင်္ဂါတွေကို စားတာက သူ့ခန္ဓာကိုယ်အတွက် ကောင်းလိမ့်မယ်ဆိုတာ ကျန်းရှန်သေချာသည်။

တိရစ္ဆာန်အတွင်းအင်္ဂါတွေက ကယ်လိုရီမြင့်မားပြီးတော့ ဝစေသည်။ ဗီတာမင်ကြွယ်ဝပြီးတော့ အမျိုးမျိုးသော ဒြပ်စင်အရိပ်အယောင်တွေလည်း ရှိသည်။ အခုလောလောဆယ် သူ့ဆီမှာချို့တဲ့နေတဲ့ အရာတွေအမြောက်အမြားရှိသည်။

ကြက်အသည်းကို အိုးထဲပစ်ထည့်လိုက်ပြီး ဆူပွက်စေပြီးတဲ့နောက် ကျန်းရှန်က ကြက်ရင်ပုံနှစ်ခုကို ယူထုတ်လိုက်ပြီးတော့ နုပ်နုပ်စဉ်းပြီး ဆန်ပြုတ်ထဲထည့်ပြုတ်လိုက်သည်။ ထို့နောက် သူကျန်နေတဲ့ ကြက်သားအပိုင်းအစတွေကို အနံတိမ်တဲ့မြေအိုးထဲကို ထည့်လိုက်ပြီး မီးဖိုပေါ်တင်ပြီး ပေါင်းထားလိုက်သည်။

ကျန်းရှန်ဆန်ပြုတ်ကို အချိန်အကြာကြီး ချက်လိုက်ပြီးနောက် ဆူပွက်လာတဲ့အချိန်ရောက်တော့ ဆန်ပြုတ်ကို သောက်လိုက်သည်။ နောက်ဆုံးမှာတော့ သူမပြီးသေးတဲ့ နောက်ထပ်လက်ဖက်ရည်အိုးတစ်လုံးကို တွေ့သွားပြီးတော့ မနက်ဖြန်အတွက် ကျန်းလောင်စန်းအိမ်ထဲမှာ ထားထားလိုက်သည်။ ကြက်သားအတွက်ကတော့ . . . သူခြေထောက်နှစ်ချောင်းနဲ့ တောင်ပံနှစ်ချောင်းစလုံးကို ယူလိုက်ပြီး ကြက်အရိုးစုကို မီးဖိုချောင်ထဲမှာ ချန်ထားခဲ့လိုက်သည်။

TOFUH (BL) [Myanmar Translation]Where stories live. Discover now