Chapter(10):လအနည်းငယ်လောက်-1

2.7K 576 4
                                    

Zawgyi

ကျေးလက်ဒေသမှာဆိုရင် တစ်ယောက်တည်းနေထိုင်တာက တစ်ခါတစ်ရံ ခက်ခဲပြီးတော့ အနိုင်ကျင့်ခံရနိုင်တဲ့ အားနည်းချက်တစ်ခုရှိသည်။

အဲ့ဒါကြောင့်ပဲ သူတို့ယောက္ခမအိမ်မှာနေဖို့ ဆုံးဖြတ်လိုက်တဲ့ မိန်းမဖြစ်ဖြစ် ကောဖြစ်ဖြစ် သူတို့တွေက သွေးရင်းမောင်နှမတွေ များတဲ့အိမ်ကို ရှာဖွေချင်ကြတာဖြစ်သည်။ တကယ်လို့ ကျန်းလောင်တက သူ့မိသားစုအိမ်ကနေ ခွဲထုတ်လိုက်ပြီး သူလယ်ထဲအလုပ်သွားလုပ်ပြီး ပြန်ရောက်လာလို့ သူလက်မထပ်ရသေးဘူးဆိုရင် သူထမင်းပူပူလေးကိုတောင် စားနိုင်မှာမဟုတ်တော့ဘူး။ အဲ့ဒါကြောင့် သူအမှန်တကယ်ကို အကူအညီအချို့ လိုအပ်နေသည်။

ပြီးတော့တကယ်လို့ သူကျန်းမိသားစု၏ ဟောင်းနွမ်းနေတဲ့ တဲအိမ်လေးထဲကို ပြောင်းရွှေ့လိုက်မယ်ဆိုရင် သူကျောက်မိသားစုနဲ့ အနီးဆုံးဖြစ်သွားမယ်မဟုတ်လား?

ကျောက်ကျင့်က ကျန်းရှန်၏အကြောင်းပြချက်ကို လက်ခံလိုက်သည်။ သူဆန်ပြုတ်စားနေတဲ့အချိန်ဆိုရင် စိတ်ချမ်းသာသလို ခံစားရသည်။ ဒါပေမဲ့ ကျန်းရှန်ကသူ့ကို ဆက်ပြီးစူးစိုက်ကြည့်နေသည်။ သူဖြေးဖြေးလေး လှုပ်ရှားလိုက်ပြီးတော့ သူ့ကိုများများစားဖို့ တိုက်တွန်းလိုက်သည်။ အဆုံးမှာတော့ အဲ့ဒါကသူ့ကို နည်းနည်းစိတ်မသက်မသာ ဖြစ်သွားစေသည်။

"အနာဂတ်မှာ မင်းဒုက္ခတစ်ခုခုရောက်နေတဲ့ အချိန်ဆိုရင် ငါမင်းဆီလာခဲ့မယ်။" ကျန်းရှန်ကကျောက်ကျင့်ကို  နောက်ထပ်ကြက်ခြေထောက်တစ်ချောင်းကို ပေးလိုက်သည်။ "ဒီမှာ ယူလိုက်။"

"ငါ့ကိုကြက်ခြေထောက်တွေ ပေးဖို့ မလိုအပ်ပါဘူး။" ကျောက်ကျင့်က အလျင်အမြန်ငြင်းဆန်လိုက်သည်။ အရာသာရှိတဲ့ဆန်ပြုတ်အချို့ကို စားနိုင်နေတာကပဲ လုံလုံလောက်လောက်ကောင်းမွန်နေပါပြီ။ သူတော့ဗိုက်ဆာဆာနဲ့ အလုပ်သွားလုပ်ရတော့မယ်လို့ တွေးထားခဲ့တာဖြစ်သည်။

"ငါကြက်သားကို တစ်ဝက်ကျော်ကျော်တောင် စားပြီးပြီလေ။ ကြက်ခြေထောက်က ငါ့အတွက်ဘာလုပ်ရမှာလဲ? ငါတစ်ချောင်းစားပြီးပြီ မဟုတ်လား? မြန်မြန်စားလိုက်။" ကျန်းရှန်ကကြက်ခြေထောက်ကို ကျောက်ကျင့်နှုတ်ခမ်းနား တေ့ပေးလိုက်သည်။ ထို့နောက် ကျောက်ကျင့်တစ်ကိုယ်လုံး ထပ်အေးခဲသွားတာကို သူမြင်လိုက်ရပြန်သည်။

TOFUH (BL) [Myanmar Translation]Where stories live. Discover now