Chapter(28):စီရင်စုမြို့ပေါ်မှာ ညီငယ်လေးကို လက်ခံရရှိခြင်း-2

2.1K 398 4
                                    

Zawgyi


ကျန်းလောင်တက စီရင်စုမြို့ဆီကို ကြုံတောင့်ကြုံခဲမှသာ သွားခဲ့ဖူးပေမဲ့ သူလမ်းကိုတော့ မှတ်မိနေဆဲပါပဲ။ အဆုံးသတ်မှာတော့ ရွာကနေ စီရင်စုမြို့ဆီကို သွားရမဲ့လမ်းက တစ်လမ်းပဲရှိတာလေ။

ဟယ်ရှီရွာက စီရင်စုမြို့နဲ့ သိပ်မဝေးပါဘူး။ ကျန်းရှန်တစ်ယောက် နာရီဝက်လောက်တောင်မကြာ လမ်းလျှောက်သွားခဲ့ပြီးတဲ့နောက်မှာတော့ သူမြို့ဆီကို ရောက်နှင့်နေပြီဖြစ်သည်။ ထို့နောက် အရမ်းကြီးပွားတိုးတက်တယ်လို့ ကျန်းလောင်တတွေးထင်ထားခဲ့တဲ့ စီရင်စုမြို့ကို သူတွေ့လိုက်ရသည်။

ရိုးရိုးသားသားပြောရမယ်ဆိုရင် ကျန်းရှန်တစ်ယောက် စီရင်စုမြို့ကို မြင်လိုက်တဲ့အချိန်မှာ သူစိတ်ပျက်သွားမိသည်။ သူဒီလိုမျိုး မြစ်ကမ်းနံဘေး မြို့ငယ်လေးတွေဆီကို အလည်အပတ်သွားခဲ့နေကျ ဖြစ်တာကြောင့် ဟယ်ချန်းစီရင်စုမြို့က အဲ့ဒီမြစ်ကမ်းနံဘေး မြို့ငယ်လေးတွေလိုမျိုး ကြီးပွားတိုးတက်ပြီးတော့ သာယာလှပလိမ့်မယ်လို့ သူတွေးထင်ထားခဲ့မိပေမဲ့ အမှန်တကယ်မှာတော့ . . .

မကြာခဏဆိုသလို လူတွေက ပန်းချီတွေဆွဲပြီးတော့ ခရီးသွားဆွဲဆောင်မှုတွေကို ပြန်လည်တည်ဆောက်ကြပေမဲ့ အမှန်တရားကတော့ လုံးဝကို ကွဲပြားခြားနားသည်။

ဟယ်ချန်းစီရင်စုရဲ့လမ်းမတွေက အရမ်းကျဉ်းမြောင်းသည်။ မြို့ရဲ့အလယ်မှာရှိတဲ့ အတော်လေးကျယ်တဲ့ အဓိကလမ်းမကြီးမှလွဲ၍ တခြားလမ်းမတွေကတော့ အရမ်းကျဉ်းမြောင်းကြသည်။ လမ်းဘေးဘက်က အိမ်တွေကလည်း ကြည့်ရတာ အရမ်းပျက်စီးယိုယွင်းနေပုံပေါ်သည် . . . သေချာပေါက်ကို အရေးအကြီးဆုံးအရာကတော့ လမ်းဘေးနှစ်ဖက်စလုံးမှာ ဈေးဆိုင်တွေနဲ့ စည်ကားနေတဲ့ ဈေးဆိုင်လမ်း ရှိမနေတာပါပဲ။

ဒီလမ်းပေါ်မှာ ဈေးဆိုင်တွေရှိသော်ငြားလည်းပဲ ကျန်းရှန်ရဲ့အမြင်မှာတော့ သူတို့တွေက အမှန်တကယ်ကို အနည်းငယ် ဟောင်းနွမ်းစုတ်ပြတ်နေသည်။

သေချာပေါက်ကို ဒီခေတ်ကို အနာဂတ်မျိုးဆက်အမြင်နဲ့ ကြည့်တာကတော့ အကြံကောင်းတစ်ခုတော့ မဟုတ်ပါဘူး။ ကျန်းရှန်တစ်ယောက် မကြာခင်မှာပဲ သူ့ရဲ့စိတ်အခြေအနေကို အလိုက်သင့် ပြုပြင်လိုက်ပြီးတော့ သိပ်မဝေးတဲ့နေရာမှာရှိနေတဲ့ သင်္ဘောဆိပ်ကမ်းဆီကို လမ်းလျှောက်သွားလိုက်သည်။

TOFUH (BL) [Myanmar Translation]Where stories live. Discover now