Chapter(5):ငါ့ကိုစိတ်အနှောင့်အယှက် လာမပေးနဲ့။-1

2.9K 616 3
                                    

Zawgyi

ကျန်းရှန်က အိမ်အထဲမှာအနားယူနေပေမဲ့ အိမ်အပြင်ဘက်မှာတော့ ကျန်တဲ့ကျန်းမိသားစုဝင်တွေက သူတို့ရဲ့ချွေးမအသစ်စက်စက်လေးကို တွေ့ဆုံပြီးပြီဖြစ်သည်။

ယန်ဇီမြစ်၏တောင်ဘက်ပိုင်းမှာ စာရေးစာဖတ်တတ်တဲ့လူတွေ အများကြီးမရှိပါဘူး။ အဲ့ဒါကြောင့် ပညာတော်သင်စာမေးပွဲကိုအောင်မြင်ဖို့က သူတို့အတွက်အရမ်းခက်ခဲသည်။ ကျန်းချန်ရှန်း၏ဇနီးအသစ်လေး ကျူးရှုဖန်းက စာသင်သားတစ်ယောက်၏သမီးဖြစ်ပြီးတော့ သူမ၏အဖေကျူးရှုခိုင်က စာမေးပွဲမှာရွေးချယ်ခံရဖို့အတွက် မျှော်လင့်ခံထားရသူဖြစ်သည်။ အဲ့အတွက်ကြောင့်ပဲ ကျန်းမိသားစုကလက်ထပ်ပွဲကို တန်ဖိုးကြီးကြီးမားမားနဲ့ ချည်နှောင်ထားခဲ့တာဖြစ်သည်။ သူမကိုလက်ထပ်ဖို့အတွက် ငွေအမြောက်အမြားပေးခဲ့ရရုံတင်မကပဲနဲ့ သူမအပေါ်မှာ လေးစားမှုအချို့ထားရတာဖြစ်သည်။

ဒါပေမဲ့ဒီလိုဆိုရင်တောင်မှ ရှုဖန်းက မပျော်မရွှင်ဖြစ်နေတုန်းပဲ။

မနေ့ညသူမရဲ့မင်္ဂလာလက်ထပ်ပွဲညမှာ သူမခင်ပွန်းကိုပြောဖို့ကြိုးစားခဲ့သည်။ အပြင်ဘက်မှာ အရမ်းဆူညံနေတယ်လို့ပေါ့။ သူမ၏ယောက္ခမက သူမ၏ခဲအိုကို
အပေါက်ဆိုးသည့်အမျိုးသမီးလိုမျိုး ဆဲရေးတိုင်းထွားနေခဲ့သည်။

တကယ်လို့သူမ၏ခဲအိုကစိတ်လွတ်ပြီး စကားလည်းမပြောသလို အလုပ်လည်းမလုပ်နိုင်ဘူးဆိုရင်တောင်မှ သူမယောက္ခမက ဒီလိုအပြုအမူတွေအပေါ် အရှက်ရသင့်သည်။

သူမနှုတ်ခမ်းကစုဝိုင်းနေရင်း ရှုဖန်းပထမဆုံးအကြိမ်
ကျန်းလောင်ထိုက်အပေါ် အထင်သေးသွားမိသည်။ ဒါပေမဲ့အဲ့ဒါကို သူမမျက်နှာပေါ်မှာတော့မဖော်ပြပါဘူး။ သူမကသိမ်မွေ့ပြီး ယဉ်ကျေးပျူငှါတဲ့အသွင်အပြင်ကို ထားထားတုန်းပဲ။

"ရှုဖန်း အမေသမီးအတွက် သကြားညိုကြက်ဥလုပ်ထားတယ်။ စားကြည့်" ကျန်းလောင်ထိုက်က ကျူးရှုဖန်းရဲ့အရှေ့မှာရှိတဲ့ပန်းကန်လုံးထဲကို ထည့်လိုက်သည်။ ခွက်ထဲမှာတော့ သကြားညိုအရည်နဲ့ အခွံနွှာထားသောကြက်ဥပြုတ်နှစ်လုံးရှိနေသည်။

TOFUH (BL) [Myanmar Translation]Where stories live. Discover now