Chapter(1):ဆာလောင်ပြီးသေဆုံးဖို့ အသက်ရှင်နေထိုင်ခြင်း-1

10.6K 753 12
                                    

Zawgyi

ဟယ်ရှီရွာလေးဟာ ဟယ်ချန်းတိုင်းပြည်ရဲ့
အနောက်အရပ်မှာရှိသော သေးငယ်တဲ့ရွာလေးတစ်ရွာ ဖြစ်ပါသည်။

ဟယ်ချန်းတိုင်းပြည်ဟာ ယန်ဇီမြစ်ရဲ့တောင်ဘက်အရပ်မှာရှိသော ဆန်စပါးနဲ့ငါးပေါများတဲ့ကုန်းမြေပေါ်မှာ တည်ရှိပြီး မြေသြဇာအရမ်းကောင်းမွန်သည်။  ယန်ဇီမြစ်ရဲ့တောင်ဘက်အရပ်ကနေ မြို့တော်အထိရှိတဲ့ မဟာတူးမြောင်းကြီးကလည်း ဟယ်ချန်းတိုင်းပြည်ကို ဖြတ်သန်းစီးဆင်းနေပါသည်။ ဟယ်ချန်းတိုင်းပြည်ဟာ အလွန်စည်ပင်သာယာဝပြောလှသည်။ ဟယ်ရှီရွာလေးဟာ
ကောင်တီစီရင်စု၏အဓိကမြို့ကြီးနဲ့နီးပြီးတော့ ရွာသားတွေရဲ့ဘဝတွေကလည်း ပုံမှန်အားဖြင့် အရမ်းကောင်းမွန်ကြသည်။ သိပ်မဆိုးဘူးပေါ့။

ယနေ့သည် ဟယ်ရှီရွာ၏ ချမ်းသာကြွယ်ဝသောမိသားစုဖြစ်သည့် ကျန်းမိသားစု၏တတိယမြောက်သား ကျန်းချန်ရှန်းအတွက် နေ့ကြီးတစ်နေ့ဖြစ်သောကြောင့် ရွာလေးဟာ ပိုပြီးတော့တောင် သက်ဝင်လှုပ်ရှားလျက်ရှိသည်။

ကျန်းမိသားစုဟာ ကောင်းမွန်သောလယ်ကွက်တစ်ဆယ့်ငါးမြူ၊ ပိုးစာပင်တောဆယ်မြူနဲ့ ကုန်းမြေဆယ်မြူတို့ကို ပိုင်ဆိုင်ထားသည်။ ကျန်းလောင်ထုံ (အသက်ကြီးသောယောက်ျား) ကလည်း
ဝက်တွေသိုး​တွေကို သတ်ဖြတ်တဲ့ သားသတ်အတတ်ပညာမှာ အတော်လေးကျွမ်းကျင်မှုရှိသည်။  မိသားစုရဲ့နေ့ရက်တွေဟာလည်း ပုံမှန်အားဖြင့်  ကောင်းမွန်လျက်ရှိသည်။

ဟယ်ချန်းတိုင်းပြည်ဟာ လူဦးရေနည်းပါးတဲ့ တိုင်းပြည်တစ်ခုမဟုတ်ဘူးဆိုတာကို သင်သိသင့်သည်။ တိုင်းပြည်ထဲမှာ လူဦးရေအမြောက်အမြား ရှိပေမဲ့လည်း မြေဧရိယာကတော့ နည်းပါးလှသည်။ ဒါပေမဲ့ မြစ်တွေက ဖြတ်သန်းစီးဆင်းနေကြပြီး ပင်လယ်နဲ့လည်း နီးသောကြောင့် မြေဆီလွှာအလွန်ကောင်းမွန်သည်။ မိုးခေါင်ရေကြီးခြင်းလည်း မရှိပေ။ ယေဘုယျကျကျပြောရရင် မြေကွက်တွေကို ဂရုတစိုက်ထိန်းသိမ်းချင်စိတ်ရှိနေသရွေ့ သီးနှံအထွက်နှုန်းကလည်း ကောင်းမည်ဖြစ်သည်။  ပုံမှန်အားဖြင့် လယ်ကွင်းခုနှစ်မြူ၊ ရှစ်မြူနဲ့ ကုန်းမြေမြူအနည်းငယ်လောက်ရှိတဲ့လူတွေဆိုရင် ကောင်းမွန်တဲ့ဘဝတစ်ခုကို ပိုင်ဆိုင်ပြီးနှင့်နေပြီဖြစ်သည်။

TOFUH (BL) [Myanmar Translation]Where stories live. Discover now