Chapter(29):ဘဲ ငါးကောင်-2 ဘဲ ငါးကောင်-2

2K 396 14
                                    

Zawgyi


ရွာသို့ ပြန်လာပြီးတဲ့နောက်မှာ ကျန်းရှန်က ကျောက်ဒါဟူတို့ မိသားစုအိမ်ဆီ ကွေ့ပတ်သွားလိုက်သည်။

ကျောက်ကျင့်က လယ်ကွင်းတွေထဲမှာ အလုပ်လုပ်နေဆဲ ဖြစ်သည်။ လယ်ထွန်နေရင်းကနေ သူ့ကို လှမ်းမြင်လိုက်တော့ သူအလုပ်နားလိုက်သည်။ ကျန်းရှန်ကသူ့ကို ပြုံးပြလိုက်ပြီးတော့ အနီးနားက သစ်ပင်ရှိရာဆီကို သွားလိုက်သည်။

အချိန်ခဏလောက်ကြာတော့ ကျောက်ကျင့်ကလည်း လိုက်လာခဲ့သည်။

"တစ်ခုခုဖြစ်လို့လား?" ကျောက်ကျင့်က သူ့လက်ထဲက ပေါက်ပြားလက်ကိုင်ကို ဖျစ်ညစ်လိုက်မိသည်။ သူကျန်းရှန်ကို တွေ့ရမှာကို အနည်းငယ် ကြောက်လန့်နေမိသည်။ သူနဲ့ကျန်းရှန်တို့တတွေက ဒီညဘက်တွေမှာ အရမ်းနီးကပ်နေခဲ့ကြတာမို့ သူကျန်းရှန်ကို နေ့အချိန်မှာ တွေ့လိုက်ရတော့ သူ့ကို ရှက်ရွံ့သွားစေမိသည်။

ဒါ့အပြင် . . . တကယ်လို့ သူတို့တွေက ဒီလိုမျိုးနဲ့ တောအုပ်ထဲကို ဝင်သွားတာကို တစ်ယောက်ယောက်က မြင်သွားခဲ့မယ်ဆိုရင် သူတို့တတွေ အထင်အမြင်သေးခံရနိုင်ပြီးတော့ ဒါကို ဆန့်ကျင်ရင်ဆိုင်ဖို့ ဘာတစ်ခုကိုမှ ပြုလုပ်နိုင်တော့မှာ မဟုတ်ဘူး။

"ငါဒီနေ့ စီရင်စုမြို့ပေါ်မှာ ဈေးဝယ်ထွက်လာခဲ့တယ်။ ပြီးတော့ မင်းအတွက် လက်ဆောင်ပါလာတယ်။" ကျန်းရှန်က ပြောလိုက်သည်။

လက်ဆောင်? ကျောက်ကျင့်က ကျန်းရှန်ကို အံ့အားသင့်မှုနဲ့အတူ မော့ကြည့်လိုက်မိပြီးတော့ အနည်းငယ်လည်း စိတ်ထိခိုက်သွားမိသည်။

ရွာထဲက ယောက်ျားတစ်ယောက်က သူနှစ်သက်တဲ့အမျိုးသမီး ဒါမှမဟုတ် ကောတစ်ယောက်ကို တွေ့ဆုံတဲ့အခါကျရင် သူက စီရင်စုမြို့ပေါ် သွားပြီးတော့ သူတို့အတွက် လက်ဆောင်အချို့ကို ဝယ်ပေးတတ်သည်။ တကယ်လို့ ကော ဒါမှမဟုတ် အမျိုးသမီးက လက်ဆောင်တွေကို လက်ခံလိုက်တယ်ဆိုရင် သူက သူတို့ရဲ့မိဘတွေဆီမှာ လက်ထပ်ခွင့်တောင်းခံနိုင်ဖို့အတွက် အောင်သွယ်တော်တစ်ယောက်ကို စတင်မေးမြန်းနိုင်သည်။

သေချာပေါက်ကို လက်ဆောင်တွေကို လက်ခံပေမဲ့ အိမ်ထောင်ရေးအကြောင်းကို ဘယ်သူ့ကိုမှ မပြောချင်တဲ့ ဟယ်ချူရှန်းလို လူမျိုးတွေလည်း ရှိသည်။

TOFUH (BL) [Myanmar Translation]Where stories live. Discover now