Chapter(26):ငွေအတွက် ဝက်တစ်ကောင်ကို သတ်ခြင်း-1

2K 404 1
                                    

Zawgyi



အဲ့ညတွင် ဆာလောင်မှုကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ ယန်ကျန်းတစ်ယောက် အိပ်မပျော်နိုင်ပဲ လူးလှိမ့်လှုပ်ရှားနေမိသည် . . .

ကျန်းရှန်တစ်ယောက် ဒါကို စိတ်အနှောင့်အယှက်ဖြစ်လာမိသည်။ သူသူ့ဆီကို ခြေလှမ်းအနည်းငယ်လေးနဲ့တင် လှမ်းလျှာက်သွားလိုက်ပြီးတော့ ချက်ချင်းသူ့ကို သတိလစ်သွားအောင် ထုချလိုက်ပြီးနောက် သူ့ကိုနောက်တစ်ကြိမ် ထပ်ချည်နှောင်ထားလိုက်သည်။

အရင်တုန်းက ယန်ကျန်းတစ်ယောက် သူချည်နှောင်ထားတဲ့ကြိုးကနေ အေးအေးဆေးဆေး လွတ်မြောက်သွားနိုင်ခဲ့တာက သူအဲ့ဒါကို ပေါ့ပေါ့ဆဆ ချည်နှောင်ထားခဲ့ပြီးတော့ သူ့ကို ခြိမ်းခြောက်နိုင်ဖို့အတွက် တမင်တကာ လွတ်မြောက်နိုင်တဲ့ အခွင့်အရေးတစ်ခုကို ပေးခဲ့တာကြောင့်ပဲ ဖြစ်သည်။ ဒါပေမဲ့ အခုချိန်မှာတော့ . . .

ကျန်းရှန်တစ်ယောက် ယန်ကျန်းကို တင်းတင်းကျပ်ကျပ် ချည်နှောင်ထားလိုက်သည်။ ယန်ကျန်းကို ကြိုးတွေကို ဘယ်လိုမျိုးဖြည်ရမလဲဆိုတာကို သင်ကြားပေးခဲ့တဲ့ လူကိုယ်တိုင်ကိုယ်ကျ ရောက်လာခဲ့မယ်ဆိုရင်တောင်မှ သူဒါကို ဖြည်နိုင်မှာမဟုတ်ဘူး။

ဒါတွေအားလုံးကို လုပ်ပြီးသွားတဲ့နောက်မှာ ကျန်းရှန်တစ်ယောက် ပြတင်းပေါက်ကနေ အပြင်ကိုထွက်ပြီးတော့ ကျောက်ကျင့်ကို စောင့်ဆိုင်းနေဖို့အတွက် အပြင်ဘက်ကိုသွားဖို့ စီစဉ်လိုက်သည်။

သူ့မှာ ကျောက်ကျင့်အတွက် ဝက်ဆားနယ်ခြောက်ကြော်အချို့နဲ့ ကြက်ဥတွေ ကျန်နေသေးပြီးတော့ သူ့ကိုကျွေးနိုင်ဖို့အတွက် စောင့်ဆိုင်းနေမိသည်။

သူအပြင်ဘက်ကို ထွက်လိုက်တာနဲ့ချက်ချင်း ကျန်းရှန်တစ်ယောက် သိပ်မဝေးတဲ့နေရာမှာ မလှုပ်မယှက် မတ်တပ်ရပ်နေတဲ့ ယောက်ျားတစ်ယောက်ကို မြင်လိုက်ရသည်။ အဲ့လူက ကျောက်ကျင့်မဟုတ်လို့ ဘယ်သူများဖြစ်နိုင်မှာလဲ? သူအပြင်မှာ ဘယ်လောက်ကြာကြာ မတ်တပ်ရပ်နေခဲ့သလဲဆိုတာကို သူမသိပါဘူး။

ဒီရှက်တတ်တဲ့ယောက်ျားက သူ့ဆီကို သူ့သဘောနဲ့သူ လာရှာရဲတယ်ပေါ့လေ? ကျန်းရှန်တစ်ယောက် သဘောတကျ ဖြစ်သွားမိသည်။ သူဒီယောက်ျားကို ရေကန်ငယ်လေးနေရာဆီ ထပ်ဆွဲခေါ်သွားလိုက်ပြီးတော့ ကျောက်ကျင့်ရဲ့မျက်နှာကို သူ့ရဲ့လက်တွေနဲ့ အုပ်ကိုင်လိုက်ပြီး သူနှုတ်ခမ်းကို နမ်းလိုက်သည်။ "မင်းကိုယ့်ဆီ လာမယ်ဆိုတာ ကိုယ်သိနေတယ်။"

TOFUH (BL) [Myanmar Translation]Where stories live. Discover now