Chapter(7):ကျန်းမိသားစု၏ ဒုတိယဦးလေး-2

2.8K 621 6
                                    

Zawgyi

"Hmm" ဒီလူအိုကြီးကို ကျန်းရှန်သိသည်။ သူကသူ့အဖိုးရဲ့ ညီငယ်လေးဖြစ်ပြီးတော့ ကျန်းဦးလေးဖြစ်ပြီး သားသတ်ညီအကိုလည်း ဖြစ်သည်။ တစ်ဖက်လူကိုသူ ဒုတိယဦးလေးလို့ ခေါ်သင့်သည်။ အသက်ခုနှစ်ဆယ်အထိ နေနိုင်တာကရှားပါးသည်။ ကျန်းမိသားစု၏ဒုတိယဦးလေးက အသက်ခုနှစ်ဆယ်ကျော်ရှိနေပြီ ဖြစ်သည်။ ရွာထဲတွင်သူက အသက်အကြီးဆုံးလူတစ်ယောက် ဖြစ်သည်။ အဲ့ဒါကြောင့်သူ့ကိုယ်သူ အရမ်းအရေးပါအရာရောက်သည်လို့ မှတ်ယူထားတာဖြစ်သည်။

ဒုတိယဦးလေးက ကျန်းရှန်ကို အေးစက်စက်နှာမှုတ်ပြီး ကြည့်လိုက်ပြီးတော့ သူ့ဆေးတံကို ဖြေးညင်းစွာသောက်လိုက်သည်။ ထို့နောက် သူဆက်ပြောလိုက်သည်။
"ကောင်ဆိုးလေး မင်းအိမ်မှာ ပန်းကန်ပြားတွေကို
ပစ်ချလိုက်တယ်ဆို? မင်းစားပွဲကိုလည်း ဖြတ်ခဲ့သေးတယ်ဆို? မင်းတစ်ခုခုကိုလည်း လုယက်ခဲ့သေးတယ်လို့ ငါကြားတယ်?"

"ဒုတိယဦးလေး သူမဟုတ်လို့ဘယ်သူရှိရမလဲ? ကျွန်မတို့အိမ်မှာက ပန်းကန်လုံးအနည်းငယ်ပဲရှိတာကို သူကပစ်ချလိုက်တယ်။ ပြီးတော့စားပွဲ အဲ့ဒါကအကောင်းကြီးပဲ ရှိသေးတယ်။ သူကဒီလိုမျိုးဖြစ်အောင် ဖြတ်ထုတ်လိုက်တယ်!" ကျန်းလောင်ထိုက်က တံခါးနားမှာပုံထားတဲ့
ကြွေထည်ပစ္စည်းအကျိုးအပျက်တွေကို ညွှန်ပြလိုက်သည်။

ကျေးလက်ဒေသမှာဆိုရင် မိသားစုတိုင်းမှာ ပန်းကန်လုံးအနည်းမျှသာ ရှိတာဖြစ်သည်။ တကယ်လို့သူတို့ထဲက တစ်လုံးသာ မြေကြီးပေါ်ကျကွဲသွားမယ်ဆိုရင်တောင် နေ့တစ်ဝက်လောက် စိတ်ညစ်နေဖို့ လုံလောက်နေပြီဖြစ်သည်။ ဒါပေမဲ့အခုချိန်မှာ​တော့ တစ်ပုံတစ်ခေါင်းကျကွဲကုန်တာ ဖြစ်တာကြောင့် ကျန်းလောင်ထိုက် စိတ်ညစ်နေမယ်ဆိုတာကို ပြောနေစရာတောင်မလိုတော့ဘူး။ သူမ၏ဒုတိယဦးလေးနဲ့ တစ်ခြားလူတွေကတောင် သူမကိုကြည့်ရင်း သူမအတွက် စိတ်တောင်စိတ်ညစ်ချင်လာသည်။

"သူကကျွန်မတို့ကို ဓားနဲ့တောင် ရွယ်နေသေးတယ်။ သူကဒီလူအိုကြီးနှစ်ယောက်ကို သတ်ဖို့ကြိုးစားနေတာ!" ကျန်းလောင်ထိုက်က ထပ်ပြောလိုက်ပြန်သည်။

TOFUH (BL) [Myanmar Translation]حيث تعيش القصص. اكتشف الآن