အခန်း(၅၆)(ဇာတ်သိမ်းပိုင်း)

Start from the beginning
                                    

လာကြပါတော့ ဖေကြီးတို့ရေ...။

သူ့တစ်ယောက်တည်းသာဟိုပြေးလိုက်၊ဒီပြေးလိုက်နဲ့ယောက်ယက်ခတ်နေပေမယ့်ဖေကြီးတို့ကတော့အေးအေးဆေးဆေးကိုဘအေးလုပ်နေကြ၏။ဒီကြားထဲကိုကိုကလည်းအရေးအကြောင်းဆိုချီးပါချင်ရတာနဲ့၊သေးပေါက်ချင်ရတာနဲ့...။

တော်တော်ဆိုးတဲ့ ကိုကို...။နောက်မှသူ့ရဲ့ပုလင်းဖင်ကြီးကိုသေနတ်နဲ့ပစ်ခွဲရမယ်...။အဲဒါမှနောက်တစ်ခါဆိုသွားခါနီး၊လာခါနီးချီးမထွက်ရဲမှာ...။

သွားချင်ပေမယ့်လည်းသွားလို့မရသေးတာကြောင့်ဝတ်ကောင်းစားလှတွေဝတ်ပြီးရွာဦးစေတီဆီသွားနေကြတဲ့လမ်းထဲကလူတွေကိုသာခြံဝကနေမဟာငေးကြည့်နေရသည်။လမ်းမထက်ကလူတွေကတော့တစ်ယောက်နဲ့တစ်ယောက်စလိုက်၊နောက်လိုက်၊ရယ်လိုက်မောလိုက်နဲ့အရမ်းကိုပျော်ရွှင်နေကြသည်။တစ်နှစ်မှတစ်ခါသာကျင်းပတဲ့ပွဲမို့ပျော်ကြတာလည်းမဆန်းပေ...။

သို့သော်...။

ဒီမြင်ကွင်ကမဟာဆိုတဲ့သူ့ကိုတမင်သက်သက်ရွဲ့နေသလိုပင်...။အရှေ့ကလူတွေပျော်ရွှင်နေကြလေ၊အေးတိအေးစက်လုပ်နေကြတဲ့ဖေကြီးတို့ကိုသူစိတ်ဆိုးလေပင်...။

မြန်မြန်လာကြပါတော့ဗျို့...။

နှုတ်ခမ်းလေးစူကာလမ်းမဘက်ကိုငေးကြည့်နေတဲ့သားဖြစ်သူကိုကြည့်ပြီးမိုးညိုပြုံးလိုက်မိသည်။သူ့ရဲ့သားတော်မောင်ကဆီမီးထွန်းပွဲကိုအရမ်းသွားချင်နေပြီ...။

ရွာဦးစေတီမှာဆီမီးသွားထွန်းကြမယ့်လူတွေကိုမျက်တောင်မခတ်ငေးကြည့်နေတာပဲကြည့်...။သားတော်မောင်ရွှေစိတ်တော်ညှိုးနေပြီဖြစ်တာကြောင့်တံခါးကိုခပ်မြန်မြန်လေးပိတ်ကာအိမ်အောက်ကိုမိုးညိုဆင်းလာလိုက်သည်။

ကဲ...ဖေ့သားရေ...သွားလို့ရပြီကွ...။

အယ်...ခဏနေဦး...။

" ဝေ...မပြီးသေးဘူးလားကွာ..."

" လာပြီ ကိုမိုးညိုရေ့...လာပြီ..."

သားကြီးကိုရှူးလိုက်တည်နေတဲ့ဝေကခဏနေတော့သားကြီးကိုချီပြီးသူ့အနားကိုရောက်လာသည်။ကိုရွှေဝလ္လာကသူ့ရဲ့ဗိုက်လုံးလုံးထဲကအညစ်အကြေးတွေစွန့်ထုတ်လိုက်ရလို့ဖြစ်မည်။မျက်နှာလေးအရင်လိုပုပ်သိုးမနေတော့ပဲကြည်ကြည်လင်လင်လေးဖြစ်လာ၏။နေရထိုင်ရတာသက်သာသွားပုံရသည်။

အချစ် (သို့မဟုတ်) ကျွန်တော့်ယောက်ျားအမူးသမား (Completed )Where stories live. Discover now