အခန်း(၅၅)

Start from the beginning
                                    

" ဟာ...အာစိ...အဲ့ဒါလူမဟုတ်ဘူး...ခွေးဗျ...ခွေး..."

" ဟေ...ဟုတ်လား...အေ့...အဟက်...ဟက်...မသိပါဘူးကွာ...ငါကငါ့အိမ်သူခိုးကပ်...အေ့...တယ်ထင်နေတာကွ...အဟက်...ဟက်..."

ဟမ်...။

ကိုမိုးညို...။

ဒါကြောင့်ဒီအသံကိုသူရင်းနှီးနေပါတယ်လို့...။

အိမ်အောက်ကစကားပြောသံ​တွေထပ်ထွက်လာတော့မှပဲခုနကသူကြားလိုက်ရတဲ့ဝမ်းခေါင်သံကြီးကဘယ်သူ့ဆီကလဲဆိုတာကွဲကွဲပြားပြားသိရတော့သည်။သူကတော့ခြံထဲကိုသူစိမ်းဝင်လာပြီထင်နေတာ...။လက်စသတ်တော့ဒီအိမ်ရဲ့အရှင်သခင်အမူးသမားအိမ်ဦးနတ်ကြီးပြန်လာတာကိုး...။

ကျစ်...။

ဒီလူကြီး...။

ပြန်လာတာတောင်တိတ်တိတ်ဆိတ်ဆိတ်မပြန်လာဘူး...။ပတ်ဝန်းကျင်ကိုအနှောင့်အယှက်ပေးနေရသေးတယ်လို့...။

ခြံထဲဝင်လာတာကိုမိုးညိုဖြစ်နေမှန်းသိတော့မှသူစိတ်အေးသွားရသည်။မဟုတ်ရင်ခလေးနှစ်ယောက်နဲ့သူ့ခမျာဘာလုပ်လို့ဘာကိုင်ရမှန်းသိမှာမဟုတ်ပေ...။

" အေ့...ထွီး...ရပြီ...ရပြီ...မင်းတို့ပြန်တော့...ငါ့ဖာသာ...အေ့...တက်လိုက်မယ်...မင်တို့...ထွီး...ပြန်တော့..."

" ရရဲ့လား...အာစိ..."

" ရပါတယ်ကွာ...ဒီလှေကားလောက်ကတော့...​မင်းတို့ရဲ့အာစိက...အေ့...အပျော့ပဲ...ဘာမှစိတ်မပူနဲ့...မင်းတို့ပြန်တော့...ထွီး..."

" အဲ့ဒါဆို...တပည့်ကျော်တို့ပြန်ပြီးအာစိ..."

" အိုဂေ...အိုဂေ..."

အိမ်အောက်ကအသံတွေကြောင့်ရဝေကအိပ်ယာခင်းနေရင်းနဲ့မျက်မှောင်ကျုံ့လိုက်မိ၏။ဒီအသံ၊ဒီအနေအထားအရဆိုရင်တော့ဒီလူကြီးထန်းရည်အိုးထဲကိုဇောက်ထိုးကျလာခဲ့ပြီဖြစ်မည်။

ခွေးကိုလူလို့ထင်နေတာပဲကြည့်...။

စကားပြောတာလည်းလေးလုံးမကွဲတော့သလို၊အသံကြားရုံနဲ့ဒီလူကြီးရဲ့ပုံစံကထိန်းမရ၊သိမ်းမရတော့ဘူးဆိုသူနားလည်လိုက်ပြီ...။ဘယ်လောက်တောင်သောက်ခဲ့လို့တွဲပြီးတော့တောင်လာပြန်ပို့ရတာလဲ...။

အချစ် (သို့မဟုတ်) ကျွန်တော့်ယောက်ျားအမူးသမား (Completed )Where stories live. Discover now