အခန်း(၅၃)

Start from the beginning
                                    

ဒုက္ခပါပဲ...။

သူ(မ)နည်းတူသားဖြစ်သူနဲ့သမက်ဖြစ်သူရဲ့မျက်နှာတွေကလည်းပြိုတော့မယ့်မိုးလိုညှို့မှိုင်းနေကြ၏။ပြီးတော့တစ်ညလုံးလည်းမအိပ်ကြဘူးဖြစ်မည်။နှစ်ယောက်လုံးကဆံပင်ဘုတ်သိုက်နဲ့မျက်ကွင်းတွေကလည်းမည်းနက်နေ၏။ဝတ်ထားတဲ့အင်္ကျီတွေကအိမ်နေရင်းဝတ်စုံတွေဖြစ်တဲ့အပြင်စီးထားတဲ့ဖိနပ်တွေကလည်းအရောင်ခပ်မွဲမွဲယိုဒယားဖိနပ်တွေဖြစ်သည်။

ကြည့်ရတာနှစ်ယောက်လုံးကသားဇောကြောင့်စိတ်နဲ့ကိုယ်နဲ့ကပ်ပုံမရပေ...။

မြင်ရ၊တွေ့ရတာဒုက္ခများလိုက်တာ...။

မြေးကြီးကမျက်လုံးနာလို့ငိုတယ်တဲ့လား...။

မျက်လုံးလေးရိုးရိုးနာရုံလောက်နဲ့တော့ဒီခလေးတစ်ညလုံးမငိုလောက်ပေ...။ပြီးတော့မျက်လုံးကအိပ်လို့မရအောင်နာစရာအကြောင်းမရှိပေ...။မြေးကြီးရဲ့မျက်လုံးကတစ်ခုခုဖြစ်နေတာများလား...။

စဥ်းစားမိရုံနဲ့ပေါ်လာတဲ့အတွေးတို့ကြောင့်ဒေါ်ချိုမြကမိုးညိုရဲ့လည်ပင်းကိုသိုင်းဖက်ပြီးအိပ်ပျော်နေတဲ့မြေးဖြစ်သူကိုယောင်းယမ်းကာလှမ်းကြည့်လိုက်မိသည်။မြေးကြီးကညအိတ်ဝတ်စုံမိုးပြာရောင်လေးနဲ့သူ့ဖေကြီးရဲ့ကိုယ်ပေါ်မှာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေ၏။မြေးငယ်လေးကတော့သားဖြစ်သူရဝေရဲ့ကိုယ်ပေါ်မှာအိပ်ပျော်နေလေရဲ့...။

ဒီခလေးတွေအခုမှကောင်းကောင်းအိပ်ပျော်နေပုံရသည်။မြေးဖြစ်သူရဲ့ကိစ္စကခေါင်းထဲရောက်နေတာမို့ဆွမ်းမလောင်းလိုက်ရတဲ့ဘုန်းကြီးတွေလည်းတစ်ပါး၊နှစ်ပါးပင်မကတော့...။သူ(မ)အရှေ့မှာလာလာရပ်ကြတဲ့ဘုန်းကြီးတွေကိုလည်း " ကန်တော့ဆွမ်း " လို့ပြောနေမိတာလည်းအကြိမ်ကြိမ်အခါခါပင်...။

သားဖြစ်သူနဲ့သမက်ဖြစ်သူလိုပဲဒေါ်ချိုမြလည်းစိတ်နဲ့ကိုယ်နဲ့ကပ်ပုံမရပေ...။ခုနကမှဘုရားရှိခိုးပြီးလို့အေးချမ်းနေတဲ့ဒေါ်ချိုမြရဲ့စိတ်တွေကမြေးဖြစ်သူရဲ့ကိစ္စကြောင့်စောစောစီးစီးပူလောင်နေရပြီ...။

" အခုရွာထိပ်ကိုဘာနဲ့သွားကြမှာလဲ...နင်တို့က..."

" ဝတုတ်ကိုခေါ်ထားတယ်အမေ..."

အချစ် (သို့မဟုတ်) ကျွန်တော့်ယောက်ျားအမူးသမား (Completed )Where stories live. Discover now