အခန်း(၅၀)

Start from the beginning
                                    

ညှို့ငယ်စွာပြောလာတဲ့ဦးလေးအောင်ကိုကြည့်ပြီးရဝေသက်ပြင်းချလိုက်မိသည်။" သားသမီးမကောင်း၊မိဘခေါင်း " ဆိုတဲ့အတိုင်းသမီးဖြစ်သူရဲ့ဦးနှောက်မရှိတဲ့လုပ်ရပ်ကြောင့်ဖအေဖြစ်သူကလာတောင်းပန်နေရပြီ...။

အမှားအတွက်လာတောင်းပန်တယ်ဆိုပေမယ့်ကာယကံရှင်ကိုယ်တိုင်မပါလာခဲ့တာကတော့သိပ်ဘဝင်မကျပေ...။အဲ့ဒီတော့မလာခဲ့တဲ့ကာယကံရှင်အတွက်ထိရောက်တဲ့အပြစ်ပေးနည်းတစ်ခုကိုတော့သူတို့လုပ်ရလိမ့်မည်။ဒီလုပ်ရပ်အတွက်ဦးလေးအောင်ကိုသူအားနာမိပေမယ့်တန်ရာတန်ကြေးတော့ပြန်ယူသင့်သည်မဟုတ်လား...။

စိတ်မကောင်းပါဘူးဦးလေးအောင်...။

စိတ်အပန်းဖြေဖို့ဒီရွာကိုလာခဲ့ပေမယ့်သမီးဖြစ်သူရဲ့ရောက်လေရာအရပ်မှာကြုံရင်ကြုံသလိုဇာတ်လမ်းရိုက်တတ်တဲ့အကျင့်ကြောင့်အခုတော့ဦးလေးအောင်တစ်ယောက်စိတ်ရော၊လူပါပင်ပန်းရတော့မည်။

ထိုစဥ်...။

" ဝုန်း..."

ထိုင်နေရာမှရုတ်တရက်ထရပ်လိုက်တဲ့မိုးညိုကြောင့်အတွေးယာဥ်ကြောထဲမှာနစ်မြောနေတဲ့ရဝေသတိပြန်လည်လာခဲ့၏။မျက်နှာရှစ်ခေါက်ချိုးဖြစ်နေတဲ့မိုးညိုကဦးအောင်ကြွယ်ကိုတစ်ချက်စိုက်ကြည့်ပြီးအိမ်ပေါ်ကိုတက်သွားလေသည်။

သေရာပါမေ့လို့မရမယ့်ကိစ္စတစ်ခုဖြစ်တဲ့အတွက်ကိုမိုးညိုအခုလိုဖြစ်နေတာကိုလည်းသူ့အနေနဲ့အပြစ်မတင်ရက်ပေ...။ကိုယ်မလုပ်တဲ့ကိစ္စတစ်ခုကိုလုပ်ပါတယ်လို့စွပ်စွဲခံရတာလောက်အသည်းနာဖို့ကောင်းတာမရှိဘူးမဟုတ်လား...။ပိုးဆိုးတာတစ်ခုကတစ်ရွာတည်းနေ၊တစ်ရေတည်းသောက်နေကြတဲ့လူတွေရဲ့အထင်လွဲတာကိုခံရခြင်းပင်...။

ကိုမိုးညိုရဲ့ခံစားချက်ကိုသူနားလည်သည်။ပြီးတော့သူခံစားလို့ရသည်။ဒါ့ကြောင့်စိတ်ပြေဖို့အတွက်ကိုမိုးညိုကလူသတ်မယ်ဆိုရင်တောင်သူအနေနဲ့အလောင်းဖျောက်ပေးဖို့ဝန်လေးနေမှာမဟုတ်ပေ...။

ဒါသည်ဘယ်စာအုပ်၊ကျမ်းဂန်မှာမှမတွေ့ဖူး၊မမြင်ဖူးသေးတဲ့ " လင်ကျင့်ဝတ် "တွေထဲကတစ်ခုပင်...။

အချစ် (သို့မဟုတ်) ကျွန်တော့်ယောက်ျားအမူးသမား (Completed )Where stories live. Discover now