အခန်း(၅၀)

Zacznij od początku
                                    

ပြောတော့လည်းမပြောလို့...။​ပြောလာတော့လည်း " တောင်းပန်တယ် " တဲ့လား...။ဒီအတိုင်းဆိုရင်တော့ပျောက်ဆုံးနေတဲ့အမှန်တရားကိုဦးလေးအောင်ကသိသွားပြီထင်ပါရဲ့...။

နှုတ်ကသာတောင်းပန်နေပေမယ့်ဦးအောင်ကြွယ်ရဲ့အကြည့်တွေကအရှေ့မှာချထားတဲ့ရေနွေးခရားဝိုင်းဆီကိုသာရောက်ရှိနေ၏။ဇာတ်လမ်းတစ်ပုဒ်လုံးကိုစ၊လယ်၊ဆုံး,ကသွားတဲ့သမီးဖြစ်သူကြောင့်အခုတော့ကိုယ့်ထက်ငယ်တဲ့ခလေးတွေရှေ့မှာဦးအောင်ကြွယ်ခေါင်းငုံ့နေရပြီ...။

ရှက်မိပေမယ့်မှားခဲ့သူကကိုယ့်သမီးပင်မဟုတ်လား...။

" ဦးလေးသမီးရဲ့လုပ်ရပ်ကအရမ်းကိုဆိုးဝါးလွန်းခဲ့တာဆိုတော့တောင်းပန်ရုံနဲ့မလုံလောက်မှန်းဦးလေးသိပါတယ်..."

မလုံလောက်မှန်းသိရင်လုံလောက်အောင်လုပ်ပေးလေ...။စိတ်ခံစားချက်ကိုဦးစားပေးပြီးတစ်ပါးသူရဲ့အသိုက်အမြုံကိုရည်ရွယ်ချက်ရှိရှိဖျက်ဆီခဲ့တာမဟုတ်လား...။

မဆိုးဘူးလို့ပြောရင်ညာရာကျတာပေါ့...။

ခံစားခဲ့ရသူကကိုယ်ကိုယ်တိုင်မို့သူ့အရှေ့မှာအခုလိုDramaလာခင်းပြနေလည်းမိုးညိုဆိုတဲ့ကောင်ကမသနားနိုင်ပေ...။

အစကတည်းကိုယ်မွေးထားတဲ့မျောက်က " အထီးလား၊အမလား " ဆိုတာဒီလူကြီးမသိဘူးလား...။မှားမှန်းသိတော့မှမိဘ​ကျင့်ဝတ်ကိုလက်ကိုင်ဆွဲပြီးလာတောင်းပန်နေရတယ်လို့...။

တရိပ်ရိပ်တက်လာတဲ့ဒေါသတွေကိုပြေလိုပြေငြားလက်နှစ်ဖက်ကိုတင်းတင်းကြပ်ကြပ်မိုးညိုဆုပ်ထားမိ၏။ရစရာမရှိအောင်ပေါက်ကွဲပစ်လိုက်ချင်ပေမယ့် " ဝေ့ရဲ့ကျေးဇူးရှင် " ဆိုတဲ့အသိကြောင့်ထွက်သမျှဒေါသတွေကလက်သီးဆုပ်အဖြစ်နဲ့သာပြေပျောက်သွားရတော့သည်။

သူ့အဖြစ်ကဆုပ်ထားမိရင်လည်းစူးနေရသလို၊စားလိုက်ရင်လည်းရူးသွားရမယ့်ကိန်းပင်...။သေချာတာတစ်ခုကတော့ဒီလိုလူမျိုးတွေကိုသူမုန်းသည်။ဝေကတော့အရှေ့ကလူကြီးDramaခင်းသမျှကိုမျက်နှာလေးအိုကာငေးကြည့်နေ၏။

" အဲ့တော့...သမီးလေးရဲ့အပြစ်အတွက်ဦးလေးအောင်ဘာလုပ်ပေးရမလဲ...ပြောပါ...ငါ့တူတို့စိတ်ကျေနပ်တဲ့အထိဦးလေးအောင်လုပ်ပေးပါ့မယ်..."

အချစ် (သို့မဟုတ်) ကျွန်တော့်ယောက်ျားအမူးသမား (Completed )Opowieści tętniące życiem. Odkryj je teraz