အခုတော့ခြံထဲမှာသူနဲ့ယမင်းနှစ်ယောက်တည်းသာ...။
" အဟင့်...အီး...ဟီး...ရွှတ်..."
မကျလာတဲ့မျက်ရည်တွေကိုအားရပါးရသုတ်နေတဲ့ယမင်းကိုဒီအတိုင်းသာရဝေစိုက်ကြည့်နေလိုက်၏။ပြီးတော့မသိမသာလေးပြုံးလိုက်မိသည်။အခုသူတို့နှစ်ယောက်ရဲ့ပုံစံကလူတွေပြောပြောနေတဲ့ " ခင်မို့မို့အေးနဲ့ပန်းနုသွေး " ပုံစံမျိုးဖြစ်နေ၏။
ယောက်ျားတစ်ယောက်လုံးအဖမ်းခံထားရတာတောင်သူ့အနေအထားကခင်မို့မို့အေးဘဝရောက်နေသည်။တရှုံ့ရှုံ့ငိုနေတဲ့သူ့အရှေ့ကအငိုမင်းသမီးလေးယမင်းကတော့ပြိုင်ဘက်မရှိပန်းနုသွေးပေါ့...။
ငိုလို့မပြီးသေးတဲ့ယမင်းကိုကြည့်ပြီးအားပါးတရသူရယ်ချလိုက်ချင်မိသည်။
အဟက်...။
ရက်၊လ၊နှစ်တွေတောင်တစ်ခုပြီးတစ်ခုပြောင်းလဲကုန်ပြီလေ...။ဒီမိန်းမရဲ့အကျင့်စရိုက်နဲ့စိတ်ဓာတ်ကတော့အခုထိမပြောင်းလဲသေးပါလား...။
နွှဲသမျှပွဲတိုင်းဒီလိုဇာတ်လမ်းကြီးပဲဆိုတော့နှစ်နဲ့ချီအောင်ကြည့်ခဲ့ရတဲ့သူအဖို့ရိုးနေပြီဖြစ်သည်။ဒါပေမယ့်ဇာတ်မင်းသမီးလေးယမင်းကတော့မောပန်းသေးပုံမရပေ...။
အခုလည်းငိုလို့ကောင်းနေတုန်းပင်...။သူလည်းဘာစကားမှမပြောသေးပဲယမင်းငိုလို့ပြီးတဲ့အထိစောင့်နေလိုက်၏။
" ဟင့်...ဟီး...အီး..."
စကားပြောမယ်ဆိုပြီးအခုထိဘာစကားတစ်ခွန်းမှမဟလာသေးတဲ့ကိုရဝေ့ကိုငိုနေရင်းနဲ့ယမင်းမော့ကြည့်လိုက်မိသည်။
ဟင်...။
ကိုရဝေကခပ်ထေ့ထေ့လေးပြုံးကာသူ့(မ)ကိုလက်ပိုက်ပြီးအေးအေးဆေးဆေးစိုက်ကြည့်နေ၏။ထူးဆန်းလွန်းတဲ့ကိုရဝေ့ရဲ့ပုံစံကစစ်တလင်းထဲကိုခြေချတော့မယ့်စစ်သူကြီးတစ်ယောက်လိုပင်...။
" ငိုလို့ဝပြီလား..."
" ရှင်..."
အေးစက်ပြီးတည်ငြိမ်လှတဲ့ရဝေ့ရဲ့အသံကြောင့်ယမင်းကြောင်အမ်းအမ်းဖြစ်သွားရသည်။အသံတင်အေးစက်သည်မဟုတ်ပဲသူ(မ)ကိုကြည့်နေတဲ့ကိုရဝေ့ရဲ့အကြည့်တွေသည်လည်းတဖြည်းဖြည်းအေးစက်လာခဲ့၏။
YOU ARE READING
အချစ် (သို့မဟုတ်) ကျွန်တော့်ယောက်ျားအမူးသမား (Completed )
Romanceအချစ်ကြောင့်ဒီလူသားကိုအဓမ္မသိမ်းပိုက်ခဲ့မိတယ်။ (မိုးညိုမောင်) မချစ်တတ်တဲ့ကိုယ်ကဒီလူသားရဲ့ဂရုစိုက်ကြင်နာမှုတွေကြောင့်အချစ်ဆိုတဲ့အဓိပ္ပါယ်ကိုဖွင့်ဆိုတတ်ခဲ့တယ်။ ...
အခန်း(၄၈)
Start from the beginning