အခန်း(၄၇)

Start from the beginning
                                    

လူတစ်ယောက်ရဲ့သိက္ခါကိုသတ္တဝါတစ်ကောင်လိုမညှာမတာရိုက်ချဖို့အဲလောက်အထိလွယ်ကူနေသလား...။ရပ်ရွာရဲ့လူကြီးတွေဖြစ်ပြီးစကားကိုမဆင်မခြင်ဒီလိုပဲပေါက်လွှတ်ပဲစားပြောလို့ထွက်ကြသည်။

ကိုယ်တောင်ဂဃဏနမသိတဲ့ပြဿနာတစ်ခု...။ဒါကိုကျူးလွန်တဲ့တရာခံတစ်ယောက်လိုစွပ်စွဲနေတာတော့လွန်လွန်းတာပေါ့...။ကိစ္စတစ်ခုရဲ့အရင်းအမြစ်ကိုသေသေချာချာမစုံစမ်းမလေ့လာပဲတစ်ဖက်သတ်အမြင်နဲ့ကောက်ချက်ချရအောင်မိုးညိုမောင်ဆိုတဲ့ကောင်ကအဲဒီလောက်အထိအပေါစားဆန်နေသလား...။

မဟုတ်မခံစိတ်ရှိတဲ့သူ့အဖို့ဖြစ်တည်လာတဲ့ဒေါသကိုချုပ်တည်းတဲ့အနေနဲ့လက်နှစ်ဖက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ထားမိသည်။တကယ်ဆိုဒီအခြေအနေကဘယ်ကနေဘယ်လိုဖြစ်တည်းလာလည်းဆိုတာတောင်အခုချိန်ထိသူနားမလည်းသေးပေ...။

သူသိတာတပည့်ကျော်နှစ်ကောင်နဲ့ထန်းရည်သောက်ပြီးအိမ်ကိုသူပြန်လာခဲ့တယ်။အိမ်ရောက်တော့အခန်းထဲဝင်ပြီးသူအိပ်လိုက်တယ်။

ဒီလောက်ပဲ...။

အားလုံးကရိုးရိုးရှင်းရှင်းပဲ...။

ဒါပေမယ့်...။

နိုးလာတော့ကမ္ဘာသစ်တစ်ခုကိုရောက်သွားသလိုသူခံစားလိုက်ရသည်။လူတစ်ယောက်အတင်းခေါ်နှိုးလို့သူနိုးလာတော့မြင်လိုက်ရတာကသူ့ကိုမနှစ်မြို့သလိုကြည့်နေကြတဲ့လူတွေ...။ပြီးတော့သူ့ဘေးနားမှာတရှုံ့ရှုံ့ငိုနေတဲ့မြို့ကမိန်းကလေး...။

ဒါ​တွေကသူအိပ်နေတဲ့အချိန်ခဏလေးမှာဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေပဲ...။ဘာကဘယ်လိုဖြစ်သွားလဲဆိုတာသူမသိပေ...။မသိတာကိုမသိဘူးလို့ပြောတာသူမှားလား...။

" ကျုပ်ကအမူးသမားပေမယ့်ကိုယ်ကျင့်တရားကိုတော့အသက်ထက်တန်ဖိုးထားတယ်...ရှင်းလား..."

သူ့စကားကြောင့်အားလုံးရဲ့အကြည့်တွေကသူ့အပေါ်ကိုစုပြုံရောက်ရှိလာခဲ့ကြသည်။ထိုအကြည့်တွေထဲမှာမယုံကြည်နိုင်ခြင်း၊အံ့ဩခြင်းတွေပါဝင်နေသလို၊မထင်ရဘူးဆိုတဲ့အကြည့်တွေလည်းပါဝင်နေ၏။

အချစ် (သို့မဟုတ်) ကျွန်တော့်ယောက်ျားအမူးသမား (Completed )Where stories live. Discover now