" ငကျော်ရေ...ဒီဘက်ဝိုင်းကိုထမင်းလာချပေးပါဦးဟ..."
" အေအေ...လာပြီ...လာပြီ..."
မနက်ဦးပိုင်သာရှိသေးပေမယ့်အလှူအိမ်ကတိုးမပေါက်အောင်စည်ကားလွန်းနေသည်။စားတဲ့သူတွေလည်းတိုးကြိတ်နေကြသလို၊လုပ်အားပေးအဖွဲ့တွေကလည်းလက်မလည်အောင်လုပ်နေရသည်။မဏ္ဍပ်ရုံကြီးကအလွန်ကြီးတော့လုပ်အားပေးတဲ့အဖွဲ့တွေကလည်းမနည်းမနောလှပေ...။
" ဒီဘက်ဝိုင်းကို...ဟင်းပေးပါဦးဗျို့..."
" လာပြီဗျို့...လာပြီ..."
ကျွေးမွေးတဲ့ဟင်းကကြက်ဆီပြန်၊ဝက်သနီချက်ဟင်းတွေအပြင်ကြာဇံနဲ့ရောချက်ထားတဲ့ပဲဟင်းရည်လေးရယ်၊မြေပဲလေးနဲ့သုတ်ထားတဲ့သရက်သီးသုတ်လေးလည်းပါတဲ့အတွက်ထမင်းအပို(လိုက်ပွဲ)ထည့်ပေးနေရတာအခေါက်ခေါက်အခါခါပင်...။တောသဘာဝငပိရည်၊တို့စရာကလည်းမပါမဖြစ်ဆိုတော့ထမင်းဝိုင်းထဲဝင်ထိုင်လိုက်ပြီဆိုတာနဲ့အတော်ကြာတဲ့အထိမထကြတော့ပေ...။
လွတ်လွတ်လပ်လပ်စားလို့၊သောက်လို့ရတဲ့အလှူပွဲဖြစ်တာကြောင့်မိုးညိုတို့ခြံဝန်းကြီးကဓာတ်စက်သံ၊အော်သံ၊ဟစ်သံ၊ရယ်သံများနဲ့စည်ကားလွန်းနေလေရဲ့...။
---------------------------------------------------------
" ရဝေ..."
" ဗျာ...အမေ..."
ကြက်ပေါက်လေးနှစ်ကောင်ကိုအဝတ်အစားဝတ်ပေးနေတုန်းအပြင်ကလှမ်းခေါ်နေတဲ့အမေ့အသံကြောင့်အခန်းပြင်ကိုရဝေထွက်လိုက်သည်။အခန်းရှေ့မှာမတ်တပ်ရပ်နေတဲ့အမေကသူကိုတွေ့တယ်ဆိုရင်ပဲ...
" ဟဲ့...ပြင်လို့မပြီးကြသေးဘူးလား...ဟိုမှာဧည့်သည်တွေတောင်စုံနေပြီ..."
" ပြီးတော့မယ်အမေ...ခဏနေရင်သားတို့ဆင်းလာခဲ့မယ်..."
" အေအေ...မြန်မြန်ဆင်းလာခဲ့..."
အမေကပြောပြီးတာနဲ့သူ့အနားကနေထွက်သွားလေ၏။အမေ့ကိုကြည့်ရတာအရမ်းကိုအလျင်လိုနေပုံရသည်။
" ဝေ...ဒေါ်လေးချိုမြကဘာတဲ့လဲ..."
" အောက်မှာဧည့်သည်တွေရောက်နေပြီတဲ့..."
YOU ARE READING
အချစ် (သို့မဟုတ်) ကျွန်တော့်ယောက်ျားအမူးသမား (Completed )
Romanceအချစ်ကြောင့်ဒီလူသားကိုအဓမ္မသိမ်းပိုက်ခဲ့မိတယ်။ (မိုးညိုမောင်) မချစ်တတ်တဲ့ကိုယ်ကဒီလူသားရဲ့ဂရုစိုက်ကြင်နာမှုတွေကြောင့်အချစ်ဆိုတဲ့အဓိပ္ပါယ်ကိုဖွင့်ဆိုတတ်ခဲ့တယ်။ ...
အခန်း(၄၂)-ပထမပိုင်း
Start from the beginning