အခန်း(၃၈)

Start from the beginning
                                    

အဲ့ဒါသာကြည့်တော့...။

လုပ်ချင်ရာလုပ်ပြီးရင်ဒီခလေးကသူ့ကိုအလှဆုံးပြုံးပြတတ်၏။

ဒါတင်မကသေး...။

သူ့ရဲ့နှလုံးသားကိုတဖြုတ်ဖြုတ်ကြွေအောင်လည်းဒီခလေးကခြွေတတ်လွန်းသည်။အပြုံးလှလှ၊စကားလုံးလှလှလေးတွေနဲ့ဆိုတော့ဒီလူကဘယ်ခံနိုင်ရိုးလဲ...။နောက်ဆုံးမှာဒူးထောက်လက်မြှောက်ရသူကကိုယ်ပဲဖြစ်သည်။

အရင်နေ့တွေဆိုရင် " မသောက်ချင်တော့ဘူး "တို့ ၊ " နို့သောက်ရလွန်းလို့နွားရုပ်ပေါက်နေပြီ " တို့...။အဲ့ဒီစကားတွေကဘယ်တော့မှမရိုးနိုင်အောင်သူအမြဲကြားနေရတဲ့စကားတွေပေါ့...။

အခုမှသောက်လို့ကောင်းလိုက်တာတဲ့လား...။

ဒီစကားက(၄)လကျော်၊(၅)လတာကာလတစ်ခုမှာသူ့အနေနဲ့ပထမဆုံးကြာရတာဖြစ်သည်။အခုတော့လည်းဒီစကားတစ်ခွန်းကြောင့်မိုးညိုမောင်တစ်ယောက် " ခဲလေသမျှသဲရေကျ " ရလေပြီ...။

" ဟုတ်ပြီ...သောက်လို့ကောင်းရင်လာခဲ့...အိပ်မယ်..."

လက်ယက်ခေါ်လိုက်တော့ကိုရွှေဗိုက်လေးကသူ့အနားကိုလှုပ်တုတ်လှုပ်တုတ်နဲ့လျှောက်လာလေသည်။ကိုယ်ဝန်ကလမနည်းတော့တဲ့အတွက်ကိုရွှေဗိုက်ရဲ့ခန္ဓာကိုယ်ကပြည့်ပြည့်လေးဖြစ်နေသည်။အရင်ကခပ်သွယ်သွယ်လက်လေးတွေကလည်းအခုတော့ဖောင်းတုတ်နေ၏။ခပ်လုံးလုံးဗိုက်လေးနဲ့ဆံ့အောင်သူ့ရဲ့အင်္ကျီအကွက်လက်ရှည်ကိုဒီခလေးကဝတ်ထားပြန်သည်။အခုတော့အင်္ကျီထဲမှာဒီခလေးရဲ့ခန္ဓာကိုယ်ကမြှုပ်နေ၏။

" ကြည့်စမ်းကွာ...ခလေးလည်းမဟုတ်ပဲနဲ့...နို့သောက်တာပါးစပ်တစ်ခုလုံးပေအောင်သောက်ရလား...ဟမ်..."

လှုပ်တုတ်လှုပ်တုတ်နဲ့လာနေတဲ့ကိုရွှေဗိုက်လေးကိုသူ့အနားဆွဲခေါ်ကာနှုတ်ခမ်းထောင့်မှာစီးကျနေတဲ့နို့ရည်လေးတွေကိုလက်မနဲ့အသာလေးမိုးညိုသုတ်ပေးလိုက်၏။ကြာလေကြာလေသူ့ယောက်ျားကခလေးနဲ့တူလာလေပင်...။

အခုလည်းကြည့်...။

ဆူသလိုလေးပြောလိုက်တော့နှုတ်ခမ်းလေးကစူတက်လာသည်။သူ့ယောက်ျားကကျောင်းမှာတော့လူကြီးဆိုပေမယ့်အိမ်မှာတော့ခလေးလေးလိုပင်...။ခလေးမှသူ့ရဲ့တစ်ဦးတည်သောမူပိုင်ခလေးလေး...။

အချစ် (သို့မဟုတ်) ကျွန်တော့်ယောက်ျားအမူးသမား (Completed )Where stories live. Discover now