အခန်း(၃၃)

Start from the beginning
                                    

ဒါကိုဒီလူကြီးကနားမလည်တဲ့အပြင်မျက်နှာကပါနာမည်နဲ့လိုက်အောင်မည်းသည်းနေ၏။ဒီလူကြီးနာမည်စီးသွားတာဖြစ်မည်။တစ်ခုခုဖြစ်တာနဲ့ဒေါသကရှေ့ရောက်ပြီးအမူအရာကနောက်ကနေထပ်ကြပ်မကွာလိုက်တတ်၏။

တမလွန်ကယောက္ခမကြီးတွေများနာမည်လည်းပေးတတ်ပ...။

" လာပါယောက်ျားရာ...ကျွန်တော်လည်းကျောင်းသွားဖို့အချိန်နီးနေပြီ...ခင်ဗျားလည်းလယ်ထဲသွားရဦးမှာကို...လာ...ထမင်းစားမယ်..."

မီးဖိုဆောင်အပေါက်ဝမှာခါးထောက်ကာမတ်တပ်ရပ်​နေတဲ့ဖိုးစိတ်တိုကြီးကိုလက်ဆွဲခေါ်ပြီးထမင်းဝိုင်းမှာရဝေထိုင်ခိုင်းလိုက်၏။စိတ်တိုနေလည်းအခုချိန်မှာသူမချော့အားပေ...။ကျောင်းကနောက်ကျနေပြီဖြစ်သည်။ပထမဆုံးနေ့ဖြစ်တဲ့အတွက်စောစောသွားမယ်လို့စဥ်းစားထားပေမယ့်လည်းမပြီးဆုံးနိုင်တဲ့ကိစ္စတွေကြောင့်လူကစိတ်ကူးရုံသာတတ်နိုင်သည်။

ဖိုးစိတ်တိုကြီးကမျက်နှာကသာစူပုပ်နေတာ၊သူဆွဲခေါ်တာကိုတော့မငြင်းဆန်ပေ...။အနောက်ကနေယက်ကန်ယက်ကန်နဲ့ပါလာခဲ့၏။ဒီလူကြီးကတစ်ခုတော့ကောင်းသည်။စိတ်ဘယ်လောက်တိုတိုသူချော့ရင်ဒီလူကြီးပျော့တတ်သည်။အခုလည်းဒေါသသာထွက်နေတာသူ​ပြောသမျှကိုမငြိုမငြင်လုပ်ပေးတတ်၏။

" ရော့...ငါ့ယောက်ျားကြိုက်တဲ့ငါးလေးအိုးကပ်ဟင်း...ကျွန်တော်အစောကြီးထချက်ထားတာ..."

သူ့အကြိုက်ငါးလေးအိုးကပ်ဟင်းကိုထမင်းပန်းကန်ထဲခပ်ထည့်ပေးတော့မည်းပုပ်နေတဲ့မျက်နှာကကြည်လင်စပြုလာ၏။ရဝေတစ်ယောက်ဟင်းခပ်ထည့်ပေးရင်းနဲ့မသိမသာလေးပြုံးလိုက်မိသည်။

သိတယ်လေ...။

သူ့ယောက်ျားရဲ့ပျော့ကွက်ကဘာလဲဆိုတာသူသိတာပေါ့...။

မိုးညိုတစ်ယောက်သူ့အကြိုက်ဆုံးဟင်းကိုချစ်ရတဲ့အသက်လေးစောစောစီးစီးထချက်တယ်ဆိုတော့ရင်ထဲမှာပန်းတွေဝေသွားမိသည်။ရင်ထဲမှာပန်းတွေဘယ်လောက်ပဲဝေဝေ၊မျက်နှာကိုတော့အတတ်နိုင်ဆုံးသူတည်ထား၏။မဟုတ်ရင်သူ့အကြိုက်ဟင်းလေးချက်ကျွေးလိုက်ရုံနဲ့ဒီလူကြီးကချက်ခြင်းအရည်ပျော်သွားသည်ဖြစ်မည်။

အချစ် (သို့မဟုတ်) ကျွန်တော့်ယောက်ျားအမူးသမား (Completed )Where stories live. Discover now