အခန်း(၃၃)

Start from the beginning
                                    

တကယ်ဆိုရောဂါကကြီးကြီးမားမားမှမဟုတ်တာ...။

ခေါင်းမူးပြီးအန်ရုံလေးပဲကို...။ဒီလူကြီးကိုကသက်သက်စိတ်ပူနေတာ...။

" ဝေကလည်းကွာ..."

" မသွားလို့ဖြစ်မလားဗျ...ဒီနေ့ပဲကျောင်းဖွင့်တယ်...ဒီနေ့ပဲကျောင်းပျက်တယ်ဆိုတော့..."

" ပြီးတော့...ကျွန်တော်ကဒီနှစ်မှစသင်မယ့်သူ...စလုံးရေးတောင်မစရသေးဘူး...သွားမှဖြစ်မှာပါဗျာ...မဟုတ်ရင်...လူပြောစရာဖြစ်လိမ့်မယ်..."

ဘေးကလူကိုအကျိုးသင့်အကြောင်းသင့်ရှင်းပြရင်းလုပ်စရာရှိတဲ့အလုပ်များကိုသူဆက်လုပ်နေလိုက်သည်။ပြောသာပြောရတာဒီနေ့လည်းမနေ့ကလိုသူခံစားနေရသည်။အရမ်းကြီးမဆိုးသေးလို့သာကိုမိုးညိုမရိပ်မိသေးတာ...။သူလည်းဘာမှမဖြစ်သလိုနေနေတာဖြစ်၏။မနေ့ကလိုခံစားနေရပါတယ်လို့သာပြောကြည့်ပါလား...။သူ့ကိုအခန်းထဲထည့်ပိတ်ထားမှာအသေအချာပင်...။

" ပြောစရာလားကွ...အလကားသက်သက်ပျက်တာမှမဟုတ်တာ...ပြောရဲတဲ့ကောင်လည်းပြောကြည့်စမ်း...ငါနဲ့တွေ့သွားမှာပေါ့..."

ကြည့်...။

သူဒီလောက်ရှင်းပြနေတာကို...။

ဒီလူကြီးဟာလေ...။

ဘယ်လိုဖြစ်လို့များဒေါသထွက်လွယ်ရတာလဲ...။

အခုလိုပြောနေတာကကိုယ့်အတွက်ဆိုတာသူနားလည်သည်။သို့ပေမယ့်လည်းအသေးအမွှားလေးကအစလိုက်ဂရုစိုက်နေရအောင်သူကမိန်းခလေးမှမဟုတ်တာ...။တကယ်ဆိုသူ့လိုပဲကိုယ်လည်းယောက်ျားတစ်ယောက်ဆိုတာဒီလူကြီးမေ့နေတာလားမသိပေ...။တစ်ခါတစ်လေကျရင်ဒီလူကြီးကိုသူနားမလည်းနိုင်ဖြစ်ရသည်။

" ကဲပါဗျာ...တစ်ခုခုဖြစ်တာနဲ့အိမ်ကို​ချက်ခြင်းပြန်လာခဲ့မယ်...ဟုတ်ပြီလား...အရမ်းကြီးလည်းစိတ်ပူမနေပါနဲ့ကိုမိုးညိုရာ...ကျွန်တော့်ကိုယ်ကျွန်တော်သိပါတယ်...ဖြစ်တာကမနေ့ကလေ...ဒီနေ့ဖြစ်တာမှမဟုတ်တာ..."

" ဟ...စိတ်မပူလို့ရမလားကွ...မင်ကငါ့လင်လေ..."

အဲ့ဒါသာကြည့်...။

ပြောနေရင်းနဲ့တောင်ဒေါသကထွက်လာပြန်ပြီ...။

မျက်နှာကိုကြည့်လိုက်တော့နာမည်နဲ့လိုက်အောင်ညှို့မှိုင်းအုံ့ဆိုင်းနေ၏။ကျောင်းတပတ်၊နှစ်ပတ်တက်ပြီးတယ်ဆိုရင်တောင်သူပြောတာကိုကိုယ်လည်းခေါင်းငြိမ့်လက်ခံမိမှာဖြစ်သည်။အခုကတစ်ပတ်မပြောနဲ့၊တစ်ရက်တောင်မတက်ရသေးတာကို...။

အချစ် (သို့မဟုတ်) ကျွန်တော့်ယောက်ျားအမူးသမား (Completed )Where stories live. Discover now