အခန်း(၂၉) - ဒုတိယပိုင်း (🌚🌚🌚)

Start from the beginning
                                    

" ဝေ..."

ဒုတိယအကြိမ်မြောက်မှာတော့ဝေလေးကရီဝေပြီးညှို့ဓာတ်ဆန်တဲ့သူ့ရဲ့အကြည့်တွေကိုမဝံ့မရဲနဲ့တန်ပြန်တိုက်စစ်ဆင်လာခဲ့သည်။သူ့ကိုမဝံ့မရဲကြည့်နေတဲ့ချစ်ရသူလေးကြောင့်မိုးညိုရဲ့နှုတ်ခမ်းကအပေါ်ကိုကော့ညွှတ်တက်သွားရတော့သည်။

ဒီခလေးသူ့ကိုစိန်ခေါ်နေတာများလား...။

ဒီလိုအကြည့်တွေကသူ့ရဲ့သွေးကိုဆူပွက်စေတယ်ဆိုတာဒီလူသားလေးမသိဘူးလား...။

" ချစ်တယ်ဝေ..."

ချစ်ရသူရဲ့မျက်ဝန်းကိုတည့်တည့်စိုက်ကြည့်ကာမိုးညိုဖွင့်ဟလိုက်၏။ရိုးရှင်းပြီးရင်ခုန်ဖို့ကောင်းတဲ့စကားလေးကိုပြောပြီးတာနဲ့ချစ်ရသူရဲ့ဘယ်ဘက်လက်လေးကိုမိုးညိုဆုပ်ကိုင်လိုက်သည်။ပြီးနောက် " ဒီလူသားလေးဟာသူ့ရဲ့အပိုင်ပါ " လို့သက်သေအဖြစ်နဲ့လက်သူကြွယ်မှာဆင်မြန်းထားတဲ့လက်စွပ်လေးကိုခပ်ဖွဖွလေးမိုးညိုနမ်းလိုက်၏။

ရိုးရှင်းပြီးစစ်မှန်တဲ့ဒီစကား၊ဒီအနမ်း၊ဒီလက်စွပ်လေးကြောင့်ဒီကောင်လေးသည်သူ့ဆီကနေဘယ်ကိုမှထွက်သွားခွင့်မရှိတော့ပေ...။

" ကိုမိုးညိုခေါ်ရာနောက်ကိုလိုက်မယ်မဟုတ်လား..."

" ဟို..."

" ကိုယ်ညင်ညင်သာသာလေးပဲခေါ်သွားမှာ...လိုက်မယ်မဟုတ်လား..."

သူ့ရဲ့ကတိစကားကခိုင်မာမှုမရှိဘူးဆိုတာမိုးညိုသိသည်။သို့သော်သူ့အောက်ကလူသားလေးကတော့သူ့ရဲ့စကားကိုယုံကြည်ဟန်တူသည်။ငြင်းဆန်ဖို့စကားလုံးတွေကိုစာစီနေရာမှငြိမ်ကျသွားတော့သည်။

" ဖြည်းဖြည်းလုပ်နော်...နာတယ်ဗျ..."

သူ့ကိုအသက်လေးကမဝံ့မရဲကြည့်ကာပြောလာ၏။ကြောက်နေပေမယ့်သူ့ဆန္ဒကိုမငြင်းဆန်ပဲလိုက်လျောပေးတဲ့အသက်လေးကိုမိုးညိုအချစ်ပိုရပြန်သည်။သို့နှင့်အသက်လေးရဲ့ခပ်ပြေပြေနဖူးလေးကိုခပ်ဖွဖွလေးမိုးညိုနမ်းလိုက်ပြီး...

" စိတ်ချ...ကိုမိုးညိုကဝေလေးကိုညင်ညင်သာသာနဲ့သာယာတဲ့ကမ္ဘာတစ်ခုကိုခေါ်သွားမှာ..."

အချစ် (သို့မဟုတ်) ကျွန်တော့်ယောက်ျားအမူးသမား (Completed )Where stories live. Discover now