အခန်း(၂၆)

Start from the beginning
                                    

ဒီတော့သားကိုဆင်စီးပြီးမြင်ရံစေချင်တဲ့သူ(မ)ရဲ့ဆန္ဒလည်းပြည့်ဝသွားအောင်၊ဖြစ်ခဲ့တဲ့ကိစ္စကိုလည်းတစ်သက်လုံးပတ်ဝန်းကျင်ရဲ့မေ့ငေါ့ခံရမှုမဖြစ်ရလေအောင်မိုးညိုမောင်ရဲ့တောင်းဆိုချက်ကိုသဘောတူလက်ခံဖို့ဒေါ်ချိုမြဆုံးဖြတ်လိုက်မိသည်။သို့သော်သူ(မ)သားရဲ့အိမ်ထောင်ဖက်ကမိန်းကလေးမဟုတ်ပဲအမူးသမားဖြစ်နေတာကတော့ဒေါ်ချိုမြကိုခံရခက်စေ၏။

ဘယ်တတ်နိုင်မလဲ...။

ကံစီမံရာအတိုင်းပဲပေါ့...။

" ကဲ...ချိုမြ...နင်ဘယ်လိုသဘောရလဲ..."

အဖြေကရှိနေပြီးသားဖြစ်ပေမယ့်ချက်ခြင်းတော့ဒေါ်ချိုမြပြန်မဖြေ​ချင်သေးပေ...။

'ချိုမြတို့များငွေနံ့ရတော့ချက်ခြင်းမုန်လာဥဖြစ်သွားတာပဲ'လို့တော့သူ(မ)အပြောအဆိုမခံနိုင်ပါ...။

သူ(မ)ငွေမက်တယ်ဆိုတာကသားနဲ့သမီးရဲ့နောင်ရေးကောင်းစားဖို့အတွက်သာဖြစ်သည်။သူ(မ)အတွက်တစ်ခုမှမပါပေ...။နောက်တစ်ခုကသားရဲ့ဂုဏ်သိက္ခါရှိသေးသည်။တကယ်လို့မိုးညိုမောင်ရဲ့သဘောထားကိုသာချက်ချင်းလက်ခံလိုက်ရင်သူ(မ)ရဲ့သားအပေါ်မှာတစ်ချို့အကြောင်းအရာတွေကရိုက်ခတ်လာနိုင်သည်။

သို့နှင့်...။

တစ်ထစ်လျော့ကျနေတဲ့မျက်နှာကိုဟန်ကိုယ်ဖို့ကာခပ်တင်းတင်းလေးဒေါ်ချိုမြပြန်တင်းလိုက်၏။

" ကောင်းပြီလေ...ဖြစ်ခဲ့တဲ့ကိစ္စကလည်းပြင်လို့မှမရတော့တာ...အဲတော့...ကျွန်မသားကို မိုးညိုမောင်နဲ့လက်ထပ်ပေးလိုက်ဖို့ပဲရှိတော့တာပေါ့..."

စကားကိုဖိုက်တာလိုပြောနေတဲ့ဒေါ်ချိုမြကိုကြည့်ပြီးသူကြီးဦးသာဒွေးတစ်ယောက်သက်ပြင်းကိုမသိမသာချလိုက်မိသည်။ဘယ်လိုပဲဖြစ်ဖြစ်သဘောတူကြည်ဖြူပေးတာကိုပဲကျေးဇူးတင်ဖို့ကောင်းလှပါပြီ...။မဟုတ်ရင်ဒီကောင်လေးနှစ်ယောက်ရဲ့ဘဝကလူအများရဲ့တံတွေးခွက်မှာပက်လက်ရော၊မှောက်ခုံပါမျောရမယ့်ကိန်း...။

ဒေါ်ချိုမြရဲ့သဘောထားကိုကြားပြီးကတည်းကနွားပြာကြီးအောက်သွားမရှိသလိုတစ်ချိန်လုံးဖြီးနေသူကမိုးညိုမောင်ပင်...။ဝေလေးကိုပိုင်ဆိုင်ရဖို့ဆိုသူ့ရဲ့ပိုင်ဆိုင်မှုတစ်ဝက်တည်းတင်မဟုတ်...။အကုန်လုံးနဲ့လည်းလဲနိုင်ပါသည်။အရေးကြီးဆုံးကဝေလေးသာသူ့နံဘေးမှာတစ်သက်လုံး​ရှိနေဖို့ပင်...။

အချစ် (သို့မဟုတ်) ကျွန်တော့်ယောက်ျားအမူးသမား (Completed )Where stories live. Discover now