" ဟာ...ခင်ဗျားဘယ်သူလဲ...လွှတ်စမ်း..."
" လွှတ်ဘူး...လွှတ်ဘူး...ကိုမိုးညိုကဝေလေးကိုအပိုင်ဖမ်းထားမှာ...အဟီး...ဟီး..."
ဟင်...။
ကိုမိုးညို...။
ကိုမိုးညိုကသူ့အခန်းထဲကိုဘယ်လိုဖြစ်ပြီးရောက်နေတာလဲ...။
" အဟီး...ချစ်လိုက်တာဝေလေးရယ်...မွ...မွ..."
လူကိုအရုပ်တစ်ခုလိုလှုပ်ယမ်းနေတဲ့ကိုမိုးညိုကသူ့ရဲ့ကျောပြင်တစ်ခုလုံးကိုလည်းတမွမွနဲ့လိုက်နမ်းနေပြန်၏။ဒီလူကြီးကသူ့ကိုဘာတွေလိုက်လုပ်နေတာလဲ...။လူကအတွေးထဲမှာမျောနေတုန်းအောက်ဘက်တစ်နေရာကရုတ်တရပ်နာကျင်လာခဲ့တာကြောင့်ခန္ဓာကိုယ်တစ်ခုလုံးစိမ့်တက်သွားလေသည်။
" အား..."
" ဟင်...ဝေ...ဝေလေး...ဘာဖြစ်လို့လဲ..."
သူ့ရဲ့အော်သံကြောင့်ကိုမိုးညိုကလှုပ်ယမ်းနေတာကိုရပ်လိုက်ပြီးဘေးတစ်စောင်းအိပ်နေတဲ့သူ့ကိုယ်လုံးလေးကိုပက်လက်လှန်ချလိုက်၏။ပြီးနောက်အပေါ်ကနေအုပ်မိုးကာသူ့ကိုပြူတူးပြဲနဲ့ကြည့်နေလေသည်။
ဟင်...။
ဒီလိုပုံစံ၊ဒီအနေအထား...။
ပြီးတော့...။
အခုခံစားနေရတဲ့နာကျင်မှု...။
စဥ်းစားရင်း၊စဥ်းစားရင်းနဲ့ညကအကြောင်းအရာတွေကိုသူပြန်ပြီးသတိရလာခဲ့တော့သည်။
ညကသူနဲ့ကိုမိုးညို...။
ဟင့်အင်း...။
ကိုမိုးညိုကသာသူ့ကို...။
" အား...လူယုတ်မာ...ခင်ဗျားကိုကျုပ်သတ်မယ်..."
" ခွပ်..."
" အာ့..."
သူ့ကိုအုပ်မိုးကာပြူးတူးပြဲတဲကြည့်နေတဲ့ကိုမိုးညိုရဲ့မျက်နှာကိုအားကုန်သူထိုးချပစ်လိုက်၏။ရဝေ့ရဲ့လက်သီးချက်ကြောင့်ဘေးကိုအတုံးအရုံးမိုးညိုလဲကျသွားလေသည်။အခုမှရဝေသတိထားမိသည်။သူရော၊ကိုမိုးညိုပါဘာမှမဝတ်ထားကြပါလား...။သို့နှင့်ဘေးနားမှာရှိတဲ့စောင်ကိုဆွဲယူပြီးခန္ဓာကိုယ်မှာသူပတ်ထားလိုက်၏။
YOU ARE READING
အချစ် (သို့မဟုတ်) ကျွန်တော့်ယောက်ျားအမူးသမား (Completed )
Romanceအချစ်ကြောင့်ဒီလူသားကိုအဓမ္မသိမ်းပိုက်ခဲ့မိတယ်။ (မိုးညိုမောင်) မချစ်တတ်တဲ့ကိုယ်ကဒီလူသားရဲ့ဂရုစိုက်ကြင်နာမှုတွေကြောင့်အချစ်ဆိုတဲ့အဓိပ္ပါယ်ကိုဖွင့်ဆိုတတ်ခဲ့တယ်။ ...
အခန်း(၂၄)
Start from the beginning