အခန်း(၂၃)(🦋🦋🦋🦋)

En başından başla
                                    

" ရသော်..."

အနီးအနားကနေညီမလေးရဲ့နာမည်ကိုရုတ်တရပ်ခေါ်လိုက်တဲ့အသံကိုကြားလိုက်ရတာကြောင့်အသံလာရာဆီသူတို့လှည့်ကြည့်မိလိုက်တော့လူအုပ်ကြားထဲကနေသူတို့ဆီကိုဦးတည်လာနေတဲ့ကိုမိုးညိုရဲ့သူငယ်ချင်းနှစ်ယောက်...။

ဝတုတ်နဲ့ငကျော်...။

" ရသော်...နင့်ကိုဘဘုန်းကခေါ်ခိုင်းလိုက်လို့...လုပ်အားပေးတဲ့အပျိုအဖွဲ့တွေနည်းနေလို့တဲ့..."

" သြော်...ဟုတ်လား..."

" အေ...ဟုတ်တယ်...ဒါနဲ့...ဒီကညီမလေးကဧည့်သည်ထင်တယ်နော်...တကယ်လို့အပန်းမကြီးဘူးဆိုရင်လေ...အစ်ကိုတို့နဲ့ခဏလောက်လိုက်ခဲ့ပါလား...လုပ်အားပေးတဲ့အပျိုကအရမ်းကိုနည်းနေတော့လေ..."

ငကျော်ရဲ့အားမနာလျှာမကျိုးဖိတ်ခေါ်မှုကြောင့်ယမင်းတစ်ယောက်မျက်နှာအီလည်လည်ဖြစ်သွားတော့သည်။

အရေးထဲဓမ္မမိတ်ဆွေနဲ့လာတွေ့နေရတယ်လို့...။

ကိုရဝေနဲ့နှစ်ယောက်သားလွတ်လွတ်လပ်လပ်လည်ပတ်ရတော့မယ်ဆိုပြီးသူ(မ)ကပျော်နေမိတာလေ...။

အခုတော့...။

ငြင်းလိုက်ပြန်ရင်လည်းကိုရဝေကသူ(မ)ကိုတစ်မျိုးမြင်သွားနိုင်သည်။

" အင်း...အဟင်း...လိုက်...လိုက်ခဲ့မယ်...လိုက်ခဲ့မယ်..."

" ကဲ...အဲဒါဆို...လာ...သွားစို့...သြော်...ညီလေးရဝေကဝတုတ်နဲ့ခဏနေခဲ့လိုက်နော်..."

ပြောပြီးတာနဲ့ရသော်တို့မိန်းကလေးနှစ်ယောက်ကိုခေါ်ပြီးငကျော်ကပွဲခင်းထဲကထွက်သွားလေတော့သည်။

" လာ...ညီလေးရဝေ...အစ်ကိုတို့ဆိုင်တစ်ဆိုင်မှာထိုင်ပြီးစောင့်နေရအောင်..."

" ဟုတ်ကဲ့ အစ်ကို..."

ဘယ်အချိန်မှပြန်လာမှန်းမသိပေမယ့်ဒီမှာပဲစောင့်နေခိုင်းတာကြောင့်ရဝေနဲ့ဝတုတ်တို့နှစ်ယောက်လူအုပ်ထဲကနေထွက်ပြီးအနီအနားကလူရှင်းတဲ့အအေးဆိုင်တစ်ခုမှာဝင်ထိုင်ကာရသော်တို့ကိုစောင့်နေလိုက်၏။မိုးချုပ်ခါနီးဖြစ်တဲ့အတွက်ပွဲခင်းတစ်ခုလုံးကတိုးမပေါက်အောင်စည်ကားလွန်းနေသည်။

အချစ် (သို့မဟုတ်) ကျွန်တော့်ယောက်ျားအမူးသမား (Completed )Hikayelerin yaşadığı yer. Şimdi keşfedin