အခန်း(၂၃)(🦋🦋🦋🦋)

Start from the beginning
                                    

" ယမင်း...သွားကြရအောင်..."

" သြော်...ဟုတ်ကဲ့...ဒေါ်လေး သမီးတို့သွားပြီနော်..."

" အေအေ...သမီး..."

နေဝင်ခါနီးဖြစ်တဲ့အပြင်ဘုရားပွဲကနေပျံ့လွင့်လာတဲ့ဆိုင်းသံ၊ဗုံသံတို့ကြောင့်သူတို့လိုဘုရားပွဲကိုသွားနေကြတဲ့လူတွေကလမ်းမပေါ်မှာမနည်းမနောပင်...။တစ်ချို့ဆိုဖျာလိပ်တွေ၊ခေါင်းအုံးတွေတောင်သယ်သွားကြသေးသည်။အားလုံးကဒီညဇာတ်ပွဲကိုမိုးလင်းပေါက်တဲ့အထိကြည့်မယ့်ဟန်...။

" ကိုရဝေ..."

" ပြောလေ...ယမင်း..."

" အဲဒီဖျာလိပ်တွေကဘယ်ကိုသယ်သွားကြတာလဲဟင်..."

" သြော်...ဒီညပွဲရှိတယ်လေ...အဲဒါ ဖျာခင်းပြီးဇာတ်ပွဲကိုကြည့်ကြမလို့လေ..."

" သြော်..."

စကားလေးတစ်ပြောပြောနဲ့လျှောက်လာရင်းသူတို့သုံးယောက်ပွဲစျေးတန်းကိုရောက်လာခဲ့ကြသည်။တစ်နှစ်မှတစ်ခါသာကျင်ပတဲ့ဘုရားပွဲမို့လူတွေကကြိတ်ကြိတ်တိုးအောင်စည်းကားနေ၏။ဒီရွာကစျေးသည်တွေအပြင်ရွာအနီးအနားကစျေးသည်တွေပါလာရောင်းကြတာကြောင့်ဘယ်နေရာကြည့်ကြည့်သွားရေယိုစရားချည်းပင်...။

" ကိုရဝေ...ယမင်းလက်ကိုကိုင်ထားပေးနော်...လူတွေအများကြီးပဲ...ယမင်းကြောက်တယ်..."

ယမင်းကသူ့အနားကိုကပ်ပြီးတိုးတိုးလေးပြောလာခဲ့၏။မျက်နှာကိုကြည့်လိုက်တော့လည်းတစ်ကယ့်ကိုကြောက်နေပုံပေါ်သည်။လူအုပ်ထဲတိုးဖို့ကိုယမင်းကတွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေလေသည်။

" ဟုတ်ပြီ..."

ဒီလိုနဲ့ယမင်းရဲ့လက်ကောက်ဝတ်လေးကိုသူဆုပ်ကိုင်ပြီးလူအုပ်ကြားထဲကိုသုံးယောက်သားတိုးဝင်ခဲ့ကြတော့သည်။အထူးအဆန်းတွေ့ရင်ဝင်ကြည့်လိုက်၊စိတ်ဝင်စားစရာတွေ့ရင်ဝင်ကြည့်လိုက်နဲ့သုံးယောက်သားလူအုပ်​တွေကြားထဲမှာစျေးတန်းကိုအေးဆေးလျှောက်နေမိကြ၏။ပုစွန်ဆီရောင်ကောင်းကင်ကြီးကလည်းတဖြည်းဖြည်းနဲ့အနက်ရောင်ဖုံးလွှမ်းလာခဲ့တဲ့အတွက်ပွဲခင်းထဲမှာလေးပေ၊နှစ်ပေမီးချောင်လေးများကဆိုင်တိုင်း၊ဆိုင်တိုင်းထွန်းလင်းလာခဲ့လေသည်။

အချစ် (သို့မဟုတ်) ကျွန်တော့်ယောက်ျားအမူးသမား (Completed )Where stories live. Discover now