" အောက်အီးအီးအွတ်..."
" ဆွမ်းတော်ဗျို့...ဆွမ်းတော်ဗျို့..."
မနက်ခင်းဝေလီဝေလင်းချိန်ဖြစ်တဲ့အတွက်ကြက်တွန်သံ၊ကပ္ပိယရဲ့ဆွမ်းတော်ဗျို့အော်သံများကလမ်းတစ်လျှောက်လုံးဆူလို့၊ညံလို့နေသည်။တခါတလေပဲပြုတ်သည်အော်သံကလည်းကြက်တွန်သံတွေနဲ့အပြိုင်မရှေ့မနှောင်းထွက်လာလေ၏။
ညကအစောကြီးအိပ်ရာဝင်ခဲ့တဲ့အတွက်လူကတစ်ကိုယ်လုံးအကြောတွေတောင့်တင်းနေပေမယ့်စိတ်ကတော့တက်ကြွလန်းဆန်းလို့နေသည်။သို့နှင့်တောင့်နေတဲ့ခါးကိုဟိုဘက်၊ဒီဘက်နှစ်ချက်လောက်သူလှည့်လိုက်၏။ပြီးနောက်ခြေရင်းအဝတ်တန်းမှာလှန်းထားတဲ့ရေလဲလုံချည်ကိုယူပြီးရေတွင်းကုန်းကိုမိုးညိုထွက်လာခဲ့လိုက်သည်။
မနက်စောစောရေမချိုချင်ပေမယ့်လည်းလူချောလေးရဲ့အနားကိုသွားရမှာဆိုတော့မွှေးနေမှဖြစ်မည်။ဒါကြောင့်မျက်နှာသစ်၊သွားတိုက်ပြီးရေကိုပါတစ်ခါတည်းမိုးညိုလောင်းချိုးလိုက်တော့သည်။
" အား...ချမ်းတယ်ဟ..."
မနက်အစောကြီးရေချိုးခြင်းကအအေးကြောက်တဲ့မိုးညိုအဖို့မဟာစွန့်စားခန်းကြီးတစ်ရပ်လိုပင်...။
သို့ပေမယ့်လည်း...။
လူချောလေးဆီကိုသွားမှာဆိုတော့ဒါတွေကိုအားတင်းပြီးသူကျော်ဖြတ်ရမည်။ဒီအသေးအမွှားကိစ္စလေးတွေကိုကျော်ဖြတ်နိုင်မှသာကျန်တဲ့အရာတွေကိုအေးဆေးသူကျော်ဖြတ်နိုင်မှာဖြစ်သည်။သို့နှင့်မိုးညိုတစ်ယောက်ရေစိုနေတဲ့ကိုယ်လုံးကိုကမန်းကတန်းဆပ်ပြာတိုက်လိုက်၏။ပြီးနောက်ရေတစ်ခွက်၊နှစ်ခွက်လောက်လောင်းချိုးကာရေချိုးခြင်းကိုသူအဆုံးသတ်လိုက်တော့သည်။
" အားပါးပါး...အေးလိုက်တာဟ..."
" လူချောလေးရေ...လူချောလေးရဲ့အနားကိုလာဖို့ ကိုမိုးညို စောစောစီးစီးရေထချိုးနေရပြီကွ..."
🪴🪴
" လူချောလေး..."
" အောင့်မလေးဗျ..."
အမှောင်ထုမကွဲသေးတဲ့မနက်ဝေလီဝေလင်းအချိန်ဖြစ်တဲ့အတွက်ဘေးပတ်ဝန်းကျင်ကိုသဲသဲကွဲကွဲမမြင်ရသေးပေ...။ထို့ကြောင့်ခေါင်မိုးထက်မှာချိတ်ဆွဲထားတဲ့လေးပေမီးချောင်းကနေဖြန့်ကျက်ပေးတဲ့အလင်းရောင်ကိုသာအားပြုပြီးရဝေတစ်ယောက်ချက်ပြုတ်ပြင်ဆင်နေရ၏။
YOU ARE READING
အချစ် (သို့မဟုတ်) ကျွန်တော့်ယောက်ျားအမူးသမား (Completed )
Romanceအချစ်ကြောင့်ဒီလူသားကိုအဓမ္မသိမ်းပိုက်ခဲ့မိတယ်။ (မိုးညိုမောင်) မချစ်တတ်တဲ့ကိုယ်ကဒီလူသားရဲ့ဂရုစိုက်ကြင်နာမှုတွေကြောင့်အချစ်ဆိုတဲ့အဓိပ္ပါယ်ကိုဖွင့်ဆိုတတ်ခဲ့တယ်။ ...
အခန်း(၁၃)
Start from the beginning