အခန်း(၉)

Start from the beginning
                                    

" ကျစ်...ဒီမှာ...ကိုမိုးညို..."

ဘယ်လိုမှသည်းမခံနိုင်တော့တဲ့အဆုံးမိုးညိုမောင်ဆိုတဲ့လူကိုသူကုန်းအော်ပစ်လိုက်၏။ဒီလူကြီးကသူ့ရဲ့စိတ်ရှည်သည်းခံမှုကိုအမျိုးမျိုးစမ်းသပ်နေတာပဲ...။သူ့ပုံစံကတစ်ဖက်သားကိုကူညီရာမရောက်ပဲ၊ဒုက္ခပေးသလိုမျိုးဖြစ်နေတယ်ဆိုတာဒီလူကြီးနည်းနည်းလေးမှမတွေးမိဘူးလား...။

အခုလည်းကြည့်...။

အော်ခံရတော့မျက်နှာကရုပ်ကြမ်းကြီးနဲ့မလိုက်အောင်အိုပြနေ​ပြန်ပြီ...။မသိရင်အော်လိုက်မိတဲ့သူကပဲမှားသလိုလို...။

" ဘာ...ဘာလဲ...လူချောလေး..."

တော်တော်လည်းတတ်နိုင်တဲ့လူ...။

မျက်နှာကိုအမျိုးမျိုးလုပ်တတ်ပ...။

အခုလိုမျက်နှာငယ်လေးနဲ့ကြည့်နေပြန်တော့လည်းဒီလူ့အပေါ်ထွက်နေတဲ့သူ့ရဲ့ဒေါသတွေကမီးကိုရေနဲ့ငြိမ်းလိုက်သလိုငြိမ်ကျသွားတော့သည်။ဆက်ပြီးတော့လည်းမပြောရက်တော့သလို၊ကြိတ်မှိတ်ပြီးဆက်ပြောနေပြန်ရင်လည်းသူ့အလွန်ကကိုယ့်အလွန်ဖြစ်နေဦးမည်။

" ဘာ...ဘာဖြစ်လို့လဲ...လူချောလေး..."

" ခင်...ခင်ဗျားဗျာ...ကျစ်...ဘေးနားကလိုက်မယ်ဆိုလည်းပါးစပ်လေးကိုပိတ်ပြီးလိုက်...ဟုတ်ပြီလား..."

ထန်းလက်ကိစ္စကိုတော့သူမသိသလိုသာနေဖို့ဆုံးဖြတ်လိုက်တော့သည်။ဆက်ပြောလည်းဒီမျက်နှာရူးကနားလည်မှာမှမဟုတ်တာ...။ဒါကြောင့်မသိသလိုနေလိုက်တာကသူ့အတွက်အကောင်းဆုံးပဲဖြစ်မည်။

" ဟုတ်ပြီ...ဟုတ်ပြီ..."

သူပြောတာကိုလက်ခံတဲ့အနေနဲ့ထိုလူကသူ့ရဲ့ပါးစပ်ကိုဇစ်ပိတ်တဲ့ပုံစံမျိုးလုပ်ပြ၏။သူလည်းဘာမှဆက်မပြောတော့ပဲအမျိုးစုံကြိုးခုန်တတ်တဲ့ထိုလူကြီးကိုတစ်ချက်သာစိုက်ကြည့်ပြီးလှည့်ထွက်လာခဲ့လိုက်​တော့သည်။

အခုဆိုရင်တော့ဖြင့်ပူပြင်းတဲ့နေရောင်အောက်မှာကောင်လေးနှစ်ယောက်ကတစ်ယောက်နဲ့တစ်ယောက်ဘာစကားမှမပြောဖြစ်ကြပဲသွက်လက်တဲ့ခြေလှမ်းတွေနဲ့တစ်နေရာကိုသာဦးတည်လျှောက်လှမ်းနေကြ၏။သို့သော်ကောင်လေးတစ်ယောက်ကတော့သူ့နံဘေးကကောင်လေးနေပူဒဏ်မခံရအောင်ထန်းလက်တစ်ခုနဲ့အုပ်မိုးပေးနေလေရဲ့...။

အချစ် (သို့မဟုတ်) ကျွန်တော့်ယောက်ျားအမူးသမား (Completed )Where stories live. Discover now