အခန်း(၅)

Start from the beginning
                                    

ဆရာတော်က​စကားပြောတာမောသွားပုံရသည်။ဘေးနားကရေနွေးခွက်ကို​ထပ်ပြီးမော့သောက်လိုက်၏။သူအပါအဝင်အားလုံးကတော့ဘာတစ်ခွန်းမှဝင်မပြောသေးပဲဆရာတော်မိန့်မယ့်စကားကိုဆုံးအောင်သာနားထောင်နေလိုက်ကြသည်။

" အဲဒီတော့...ဘုန်းကြီးကဦးဆောင်ပြီးကျောင်းဖွင့်ရာသီအမီ ဒီစာသင်ကျောင်းလေးကိုပြန်ပြင်ချင်တယ်...ဒီနှစ်က အရင်နှစ်ကထက်စာရင်တစ်ရွာလုံးစီးပွားရေးချောင်လည်လာကြတယ်မဟုတ်လား..."

" တင်ပါ့ဘုရား..."

ဆရာတော်မိန့်တဲ့စကားကိုအားလုံးကခေါင်းတငြိမ့်ငြိမ့်နဲ့ထောက်ခံနေမိကြသည်။ရှစ်တန်းအထိသာရှိတဲ့ရွာကျောင်းလေးကဆရာတော်မိန့်သလိုနှစ်အတော်ကြာနေပြီဖြစ်တာကြောင့်ဆွေးကာပြိုကျလုနီးပါးဖြစ်နေပြီဖြစ်သည်။ရွာကကလေးတွေစာသင်ဖို့အဆင်ပြေစေရန်ကိုယ်ထူကိုယ်ထစနစ်နဲ့ဆောက်လုပ်ထားတဲ့အတွက်စာသင်ကျောင်းလေးကပြည့်စုံမှုမရှိတာတော့အမှန်ပင်...။

​ကျောင်းလေးကဖက်မိုးပြီးထရံကာထားတဲ့အတွက်ရွာမှာရှိတဲ့အိမ်တိုင်းကိုတစ်နှစ်တစ်ခါအလှူငွေလိုက်ကောက်ကာမိုးမယိုအောင်ပြုပြင်ကြရသည်။မြို့နဲ့အလှမ်းဝေးတဲ့ရွာလေးဖြစ်တာကြောင့်ကိုယ်ထူကိုယ်ထဖြစ်နေတာတော့မဆန်းပေ...။

ပညာတတ်ရှားပါးတဲ့ရွာလေးဖြစ်ပေမယ့်ရှားရှားပါးပါးပညာတတ်ဘွဲ့ရထားကြတဲ့ရွာခံလူငယ်နှစ်ယောက်၊သုံးယောက်ကရွာကိုပြန်ပြီးအကျိုးပြုတာကြောင့်ကလေးတွေစာသင်ရာမှာတော့အခက်အခဲမရှိပေ...။စာသင်ကြားဖို့နေရာသာအခက်အခဲရှိတာဖြစ်၏။

အခုနောက်ပိုင်းတစ်ရွာလုံးကစီးပွားရေးတွေပြေလည်လာကြတော့ဆရာတော်ကကျောင်းအဟောင်းကိုဖြိုပြီး၊သွပ်မိုးအုတ်ကျောင်းလေးကိုဆောက်ဖို့ဆန္ဒရှိနေပုံရသည်။ရွာသားတွေအနေနဲ့ကလည်းဆရာတော်ရဲ့ဆန္ဒကိုမပြစ်ပယ်လောက်ပေ...။ဘာပဲဖြစ်ဖြစ်ဒါကကိုယ့်ရွာလေးတိုးတက်ဖို့အတွက်ပဲမဟုတ်လား...။

" အဲတော့...ဒကာကြီးသာဒွေးကဒီညနေပိုင်းလောက် တစ်ရွာလုံးကို​ကြေငြာမောင်းခတ်လိုက်...ပြီးရင် ဒကာကြီးကပဲဘုန်းကြီးပြောတဲ့ကိစ္စကိုရွာသားတွေနဲ့ပြန်တိုင်ပင်လိုက်ကြပေါ့...ဟုတ်ပြီလား..."

အချစ် (သို့မဟုတ်) ကျွန်တော့်ယောက်ျားအမူးသမား (Completed )Where stories live. Discover now