အခန်း(၁)

Start from the beginning
                                    

" ဟုတ်ပါရဲ့...ကဲ...လာကြ...လာကြ...အိမ်ရောက်မှစကားအေးဆေးပြောကြမယ်...အငယ်မ...နင့်အစ်ကိုအထုပ်တွေသယ်ခဲ့..."

" ရတယ်...အမေ...သားပဲသယ်ခဲ့လိုက်တော့မယ်...သွား...သွား..အငယ်မ..."

မြို့ကပြန်လာတယ်ဆိုပေမယ့်အထုပ်​ကသိပ်မများပေ...။ကျောပိုးအိတ်တစ်လုံးနဲ့အမေတို့အတွက်ဝယ်လာတဲ့လက်ဆောင်ပစ္စည်းများသာပါသည်။

" ကဲ...ကဲ...ထွက်မယ်ဟေ့..."

" ဟေ့...ဖြောင်း...ရွှီး..."

သူတို့သုံးယောက်လုံးလှည်ပေါ်တက်ပြီးတာနဲ့ကိုထင်ပေါ်ကလှည်းကိုမောင်းထွက်လိုက်၏။အခုမှသေချာကြည့်မိသည်။ခုနကဝင်လုဆဲဆဲနေလုံးကြီးကအခုတော့အနောက်အရပ်ကိုဝင်ဖို့တာစူးနေပါရော့လား...။

_______________________________________

" ဟျောင့်...ဖိုးစီ..."

" ဖိုးစီ..."

ဒီခွေးသူတောင်းစားကတော့ခေါ်မကြားအော်မကြားနဲ့...။

" ဟျောင့်...ဖိုးစည်..."

" ဗျို့...ဗျို့....လာပြီ...လာပြီ..."

" အသံကိုနောက်မှာထား...လူအရင်လာခဲ့စမ်း..."

လူကခေါ်နေတာအသက်ထွက်တော့မယ်..။

ဒါတောင်အသံပဲကြားရသေးသည်။လူကအခုထိပေါ်မလာသေးပေ...။

" ဟျောင့် ဖိုးစီ...မင်းသေချင်ပြီလား...လာခဲ့စမ်း..ခပ်မြန်မြန်..."

" ဟောဟဲ...ဟောဟဲ...မောလိုက်တာ ကိုကြီးညိုရာ..."

" မင်းအမေ့လင်...မင်းပ​ထွေးငါခေါ်တာကြာနေပြီ...မင်းဘာသေလုပ်နေတာလဲဟျောင့်...ဟမ်း..."

ပါးစပ်ထဲအရည်မဝင်သေးတော့လူကစိတ်သိပ်မရှည်ချင်ပေ...။ဒါကိုဒီကောင်တွေသိရဲ့သားနဲ့...။သိသိကြီးနဲ့ကိုလုပ်နေတာ...။

ဒီကောင်တွေက...။

" မဟုတ်ပါဘူးဗျာ...ကျွန်တော်ခုနကထန်းပင်ပေါ်ရောက်နေလို့ပါ...ကိုကြီးညိုအသံကြားတာနဲ့ချက်ခြင်းဆင်းလာခဲ့တယ်လေ..."

" တော်...ငါ့ကိုဘာမှလာမပြောနဲ့...သွား..ခုချက်ခြင်းထန်းရည်နဲ့ကြွက်ကင်သွားယူ...သွား..."

အချစ် (သို့မဟုတ်) ကျွန်တော့်ယောက်ျားအမူးသမား (Completed )Where stories live. Discover now