အခန်း(၁)

Start from the beginning
                                    

ကားပေါ်ကဆင်းလာတဲ့သားကြီးကိုတွေ့တယ်ဆိုရင်ပဲသမီးဖြစ်သူရသော်ကကားအနားကိုပြေးသွားလေ၏။ထိုအခါဒေါ်ချိုမြလည်းသမီးဖြစ်သူရဲ့အနောက်ကိုလှုပ်တုပ်၊လှုပ်တုပ်နဲ့ပြေးလိုက်ရတော့သည်။

" ဆွဲမယ်...ဆရာရေ့..."

သားကြီးကားပေါ်ကဆင်းပြီးတာနဲ့ရပ်ထားတဲ့ကားကမောင်းထွက်သွားလေသည်။ကားပေါ်ကနေဆင်းလာတဲ့သားကြီးကပြေးလာနေကြတဲ့သူ(မ)တို့သားအမိနှစ်ယောက်ကိုတွေ့တဲ့အခါလက်ထဲကအထုပ်တွေကိုပစ်ချပြီးဝမ်းသာအားရလှမ်းခေါ်တော့သည်။

" အမေ...."

" အမလေး...မေ့သားကြီး..မေ့သားကြီးရဝေ..."

အနားကိုရောက်တာနဲ့သားဖြစ်သူရဲ့ကိုယ်လုံးကိုအားပါးတရဒေါ်ချိုမြထွေးဖက်လိုက်၏။ဒေါ်ချိုမြနည်းတူရဝေကလည်းမိခင်ဖြစ်သူရဲ့ကိုယ်လုံးကိုတင်းတင်းကြပ်ကြပ်ထွေးဖက်လိုက်သည်။

" ချောလာလိုက်တာသားရယ်...မ​တွေ့ရတဲ့နှစ်တွေမှာအသားတွေလည်းဖြူလာလိုက်တာဟယ်...ကြည့်စမ်းပါဦး..."

" အဟား...ဟား..."

မိခင်ဖြစ်သူဒေါ်ချိုမြရဲ့စကားကိုရဝေကသဘောကျသွားပုံရသည်။ဟက်ဟက်ပက်ပက်ကိုရယ်မောလေတော့၏။

" ဟုတ်ပ...ငါတို့ကိုကြီးကအရမ်း၊အရမ်းကိုချောလာတယ်..."

ဒေါ်ချိုမြရဲ့စကားကိုရသော်ကလည်းဝမ်းသာအားရထောက်ခံလေရဲ့...။

" ဟော့ဒီကအမေလှလှ​လေးကမွေးထားမှတော့သားချောတာအဆန်းလားဗျာ...အဟား...ဟား..."

" အမလေး...ဟုတ်ပါပြီ...ဟုတ်ပါပြီ...."

မ​တွေ့တာကြာတော့သားအမိသုံးယောက်မှာစကားကိုမကုန်နိုင်၊မခမ်းနိုင်အောင်ပြောနေမိကြသည်။ဒေါ်ချိုမြကိုကြည့်ရတာသားဖြစ်သူပြန်ရောက်လာတဲ့အတွက်အပျော်လွန်ပြီးအိမ်ပြန်ဖို့ကိုတောင်မေ့နေပုံရသည်။

" ဟေ့...ချိုမြရေ...အိမ်ရောက်မှအလွမ်းသယ်ကြတော့ဟ...မြန်မြန်လာကြ...မိုးချုပ်တော့မယ်..."

ထိုစဥ်သူတို့နဲ့မနီးမဝေးမှာရပ်စောင့်နေတဲ့လှည်းပိုင်ရှင်ကိုထင်ပေါ်ကဒေါ်ချိုမြတို့သားအမိသုံးယောက်ကိုလှမ်းခေါ်လေသည်။ထိုအခါမှသာအိမ်ပြန်ဖို့မေ့နေကြတဲ့ဒေါ်ချိုမြတို့သားအမိသုံးယောက်မှာလှုပ်လှုပ်ရှားရှားထဖြစ်ကြတော့သည်။

အချစ် (သို့မဟုတ်) ကျွန်တော့်ယောက်ျားအမူးသမား (Completed )Where stories live. Discover now