ဘေးနားရောက်လာတဲ့စစ်ကို ကုတင်ပေါ်ထိုင်စေလိုက်သည်..။

"နေကောင်းသွားပြီလား စစ်..."

"ဟုတ် ဦးဦး...
ဦးဦးက နေမကောင်းလို့လား..."

"အင်း ဦးဦးလည်းနေမကောင်းလို့..."

နေလပြောလိုက်တော့ လက်သေးသေးလေးက နဖူးပေါ်ရောက်လာသည်..။

"ကိုယ်လည်းပူဝူး..."

"အဟက် လည်လိုက်တာ...
ဦးက ကိုယ်ပူတာမဟုတ်ဘူး စစ်ရဲ့...
ခြေထောက်မှာ နာနာဖြစ်နေတာ..."

"အင် ဟုတ်လား..."

"အင်း...ပျောက်တော့မှာပါ..."

"ဟုတ်..."

"အင်း စစ်လေးနဲ့၂ရက်တောင်မတွေ့ရသေးတာ နမ်းဦးမှ ရွှတ် ရွှတ်..."

ပြောပြီးတာနဲ့ နေလလည်း စစ်ရဲ့ပါးလေး၂ဖက်ကိုငုံ့နမ်းလိုက်သည်..။

"ခစ် ခစ်..."

"ထမင်းမစားရသေးဘူးမလား...
စားတော့လေ..."

"ငါထမင်းမစားရသေးတာ မင်းဘယ်လိုသိလဲ?.."

"အရှေ့မှာ အဂ္ဂတို့နဲ့ဆုံခဲ့တယ် အဲ့တာကြောင့်.."

"သြော်...
အဲ့တာဆို ငါ့ကိုလာခွန်းကျွေးလေ..."

"မင်းဘာသာမင်းစားပါလား...
လက်ကအကောင်းကြီးကို..."

"ကောင်းပေမယ့် ခြေထောက်ကနာနေတာလေ..
ဘယ်လိုလုပ်စားလို့ရမှာလဲ?...
ုပြီးတော့ စစ်လည်းထမင်းစားမှာမလား.."

"ဟုတ် စားမှာ..."

"တွေ့လား သားလည်းစားမှာတဲ့...
လာ လာ ငါတို့သားဖ၂ယောက်လုံးကိုလာခွန့်ကျွေး.."

သားဖ၂ယောက်လုံးဆိုတဲ့စကားကြောင့် ရိုးစေ နေလကိုလှည့်ကြည့်မိသည်..။ နေလဂုဏ်ရောင် တော်တော်မျက်နှာပြောင်တာပဲ..။

"ဘာလုပ်နေတာလဲ?...
လာမကျွေးသေးဘူးလား..."

ရိုးစေလည်း ဘာမှပြန်ပြောမနေတော့ဘဲ ထမင်းချိုင့်ကိုယူပြီး ဘေးကခုံပေါ်တင်ထားပြီး စစ်နဲ့နေလကို တစ်လှည့်စီခွန်းပေးလိုက်သည်..။

"သား ကောင်းတယ်မလား..."

"ဒွတ် ဒွတ်..."

"အဟက် လူလည်လေး..."

Six (စစ္) (completed)Where stories live. Discover now