"ငါဘာလုပ်လို့လဲ?..."
"မေမေ ရိုးစေရာတို့အိမ်ကိုပေးခိုင်းတဲ့နို့ဘူးမှာ ဝမ်းနှုတ်ဆေးတွေထည့်လိုက်တာလား...
ကလေးကအခုဝမ်းပျက်ပြီး ဆေးရုံတင်လိုက်ရတယ်...""ဘာ!.."
"မေမေဘာလို့ဒီလိုလုပ်ရတာလဲ?...
စစ်က မေမေ့မြေးအရင်းပါ...
မေမေဘာလို့ဒီလိုလုပ်ရတာလဲ?...
လွန်ခဲ့တဲ့၎နှစ်ကျော်ကလည်း မေမေသူတို့ကိုနှင်ထုတ်လိုက်တယ်...
အခုလည်း အနုနည်းနဲ့နှင်ထုတ်လိုက်တယ်...
မေမေလုပ်ရက်တယ်...
မေမေ့လုပ်ရပ်ကြောင့် သားမှာဒီ၎နှစ်ကျော်လုံး ကိုယ့်သားရှိနေမှန်းတောင်မသိဘဲ နေလာခဲ့ရတယ်...
အခုသိရပြီဆိုတော့လည်း မေမေကြောင့် သူတို့ထွက်သွားရပြန်ပြီ...""မဟုတ်ဘူး ငါအဲ့လိုမလုပ်ဘူး..."
"ဘာမှပြောမနေပါနဲ့တော့ မေမေ...
မေမေအတ္တတွေသိပ်ကြီးလွန်းတယ်..."ပြောပြီးတာနဲ့နေလလည်း အပေါ်ကိုတက်လာလိုက်သည်..။ ကျန်နေခဲ့တဲ့ ဒေါ်ဟန်နီမှာတော့ ဆိုဖာပေါ်ကိုသာ ပုံလျက်သားကျသွားလေသည်..။
မင်းနိုင်ပါတယ် ရိုးစေရာ...
ငါ့သားကို မင်းတို့ဘက်ပါအောင်သိမ်းသွင်းနိုင်ပါတယ်..."မမလေးရယ် စိတ်ထိန်းပါ...
မောင်နေလက မသိလို့ပြောတာပါ...""ကျွန်မ မလုပ်ပါဘူး မစိန်ရယ်..."
"ကျွန်မသိပါတယ် မမလေးရယ်...
အကိုလေးကို ကျွန်မပြောပြလိုက်ပါ့မယ်..."ဒေါ်စိန်မှာလည်း စိတ်မကောင်းဖြစ်နေတဲ့ ဒေါ်ဟန်နီနားမှာထိုင်ပြီး နှစ်သိမ့်ပေးနေလိုက်သည်..။
~~~~~~~~~~~~~~~~~~
"ဒေါက်!..ဒေါက်!..."
"ဘယ်သူလဲ?..."
"ကြီးစိန်ပါ မောင်နေလ..."
"ဟုတ် ဝင်ခဲ့လေ..."
နေလတစ်ယောက် ရေချိုးပြီးတာနဲ့ အဝတ်အစားလဲပြီးတာနဲ့ ကုတင်ပေါ်မှာထိုင်ကာ ရိုးစေရဲ့စာအုပ်ကိုယူကြည့်နေခြင်းဖြစ်သည်..။ ကြည့်နေရင်း တံခါးခေါက်သံကြားတာမို့ စာအုပ်ကိုပိတ်လိုက်ပြီး အထဲကိုဝင်လာစေလိုက်သည်..။
"ကြီးစိန် ဘာဖြစ်လို့လဲ?..."
"ဟို မောင်နေလ မမလေးအပေါ်အထင်လွဲနေတာလေး ရှင်းပြချင်လို့ပါ..."
Part-27(Uni)
Start from the beginning