"နောက်နေ့တွေကျလည်းလာနော် မမခင်...
ကျွန်မလည်း အပြင်မထွက်တော့ဘဲ အိမ်ကိုမှာပဲကစားဖြစ်တယ်လေ...""ဟုတ်ပါပြီ နောက်နေ့တွေလည်းမမခင်လာမှာပါ..."
"ဦးဦးခန့် ဘောလုံးတွေ့ဝူး..."
ဒေါ်ဟန်နီတို့လျှောက်လာရင်း ကလေးအသံကြားတာမို့ လှမ်းကြည့်မိသည်..။ တွေ့လိုက်ရတာက ဟိုဘက်အိမ်လေးရဲ့သစ်ပင်ကြီးအောက်မှာ ပြေးလွှားနေတဲ့ကလေးတစ်ယောက်ပင်ဖြစ်သည်..။
ဒေါ်ဟန်နီတို့အိမ်နဲ့ထိုအိမ်လေးက နည်းနည်းလောက်ပဲလှမ်းရတာကြောင့် ထိုကလေးကိုလှမ်းမြင်နေရသည်..။
"ဦးခန့်တွေ့ဝူး..."
"အဲ့နားလောက်လေးမှာလေ...
သေချာကြည့်ပါဦး...""ဟုတ်..."
တဖြည်းဖြည်းနဲ့ ထိုကလေးက ပန်းအိုးတွေနားကိုရောက်လာသည်..။
"အဲ့တာ ဟန်နီ့မြေးလေးလား...
သားနေလ ငယ်ငယ်တုန်းကလိုပဲနော်...""ဟင်...အင်း..."
"ကလေးလေးက ချစ်စရာလေး...
အေးပေါ့လေ သားနေလကလည်းအချောလေးဆိုတော့ သားလေးကလည်းအချောလေးဖြစ်တာပေါ့...""အင်း အင်း..."
ဒေါ်ဟန်နီမှာ စိတ်မပါစွာနဲ့ပြန်ဖြေနေရသည်..။
"ကဲ ဟန်နီရေ...
မမခင် ပြန်တော့မယ်နော်...
နောက်နေ့ကျမှ လာခဲ့မယ်...""ဟုတ်ကဲ့ မမခင်..."
ဒေါ်ခင်ခင်ရဲ့ကားထွက်သွားပြီးမှ ဒေါ်ဟန်နီလည်း သားနဲ့တူတယ်လို့ပြောသွားတဲ့ကလေးကိုလှည့်ကြည့်လိုက်သည်..။ ထိုကလေးက ပန်းပင်တွေနားမှာ သူ့ဘောလုံးကို လိုက်ရှာနေသည်..။ မတွေ့တာကြောင့် ခေါင်းလေးကိုလည်း ကုတ်နေသေးသည်..။
ဒေါ်ဟန်နီလည်း ထိုကလေးရှာနေတဲ့ဘောလုံးကိုလိုက်ကြည့်ပေးလိုက်သည်..။ တွေ့လိုက်ရတာက ဒေါ်ဟန်နီရဲ့ရှေ့နားကပန်းအိုးလေးဘေးနားမှာ ဖြစ်သည်..။
"ဟေ့ကောင်လေး..."
ဒေါ်ဟန်နီလည်း လှမ်းခေါ်လိုက်ရော ထိုကလေးကမျက်လုံးလေးဝိုင်းပြီး လှည့်ကြည့်လာသည်..။
Part-16(Uni)
Start from the beginning