"မဟုတ်ပါဘူး မေမေ...
ကျွန်တော်လည်း ပြန်ရောက်တာနောက်ကျတာနဲ့ တခါတည်းတန်းသွားလိုက်တာ...""မင်းအဲ့ကောင်လေးအပေါ် တခြားစိတ်ရှိနေတာတော့မဟုတ်ပါဘူးနော်..."
"မ မဟုတ်ပါဘူးမေမေ..."
"အင်း ရှိလို့လည်းမရဘူးနော်...
မေမေ လုံးဝသဘောမတူဘူး...
သူ့အဖေကိုဆပ်မယ့်ပိုက်ဆံ အခုထိသားရှာလို့မရသေးဘူးလား...""ဘယ်လိုလုပ်ရမှာလဲ မေမေ...
ရှာသမျှပိုက်ဆံတွေကို မေမေပဲသုံးနေတာမဟုတ်ဘူးလား...""ဒါကတော့....
အဟမ်း...မင်းက မေမေသုံးတာကိုညိုညင်တာလား...
ဟုတ်တာပေါ့လေ အခုချိန်မှာမင်းကပိုက်ဆံရှာနေတဲ့သူဆိုတော့...""အဲ့လိုပြောတာမဟုတ်ပါဘူး မေမေရယ်...
သားက သားမှာမရှိကြောင်းပြောပြတာပါ...""မင်းကလေ ဘယ်သူနဲ့တူလို့ ဒီလောက်တုံးအနေမှန်းမသိဘူး...
ဝသုန်ဖေဖေ့ဘက်က ပိုက်ဆံထုတ်ပေးပါ့မယ်ဆိုတာကို မင်းကငြင်းပြစ်လိုက်တယ်ဆို...
ဘာလဲ? မင်းကရိုးစေရာကိုမပြတ်နိုင်လို့လား...""မေမေ့ကိုဝသုန်ပြောတာလား..."
"ဟုတ်တယ်...ဝသုန့်ဖေဖေက အဲ့ပိုက်ဆံကိုပေးမယ်တဲ့...
ပြီးတာနဲ့ ရိုးစေရာနဲ့ကွာရှင်းပြီး ဝသုန်နဲ့လက်ထပ်လိုက်ပေါ့...""မေမေ ကျွန်တော့်ကို ထပ်ပြီးပိုင်းလုံးဖြစ်အောက်လုပ်နေတာလား...
မေမေ ကျွန်တော့်ဘက်ကိုမတွေးပေးဘူး...
မေမေဖြစ်ချင်တာပဲ မေမေပြောတယ်...
အဲ့တာကြောင့် ကျွန်တော်အိမ်ပြန်မလာချင်တာ..."ပြောပြီးတာနဲ့ နေလလည်းအိပ်ပေါ်ကိုတက်မနေတော့ဘဲ ရိုးစေတို့အိမ်ကိုသာထွက်လာလိုက်သည်..။
"ဘာ!!...နေလဂုဏ်ရောင်...
မင်း မေမေ့ကိုဘယ်လိုပြောသွားတာလဲ?...
မင်း ဒီကိုပြန်လာခဲ့..."ဒေါ်ဟန်နီဘယ်လိုပင်အော်ခေါ်နေပါသော်လည်း နေလကတော့ရိုးစေတို့အိမ်ကိုလာ လျှောက်လာနေသည်..။
အိမ်ထဲရောက်တာနဲ့ တစ်ယောက်မှမတွေ့တာကြောင့် နေလလည်းအခန်းထဲကိုဝင်လာလိုက်သည်..။ ကုတင်ပေါ်မှာထိုင်လိုက်ပြီး ဆံပင်တွေကိုသာ လက်နဲ့ထိုးဖွပြစ်လိုက်သည်..။
Part-15(Uni)
Start from the beginning