Six (စစ်) (completed)

By Myuekhoe

1.8M 114K 4.2K

စစ်မှန်သော ချစ်ခြင်းတရားကိုသာ လိုချင်မိပါ၏။ More

Part-1(Uni)
Part-2
Part-2(Uni)
Part-3
Part-3(Uni)
Part-4
Part-4(Uni)
Part-5
Part-5(Uni)
Part-6
Part-6(Uni)
Part-7
Part-7(Uni)
Part-8
Part-8(Uni)
Part-9
Part-9(Uni)
Part-10
Part-10(Uni)
Part-11
Part-11(Uni)
Part-12
Part-12(Uni)
Part-13
Part-13(Uni)
Part-14
Part-14(Uni)
Part-15
Part-15(Uni)
Part-16
Part-16(Uni)
Part-17
Part-17(Uni)
Part-18
Part-18(Uni)
Part-19
Part-19(Uni)
Part-20
Part-20(Uni)
Part-21
Part-21(Uni)
Part-22
Part-22(Uni)
Part-23
Part-23(Uni)
Part-24
Part-24(Uni)
Part-25
Part-25(Uni)
Part-26
Part-26(Uni)
Part-27
Part-27(Uni)
Part-28
Part-28(Uni)
Part-29
Part-29(Uni)
Part-30
Part-30(Uni)
Part-31
Part-31(Uni)
Part-32
Part-32(Uni)
Part-33
Part-33(Uni)
Part-34
Part-34(Uni)
Part-35(Final)
Part-35(Uni)(Final)
Six(စစ်)🍀
Six(စစ်)🍀
New Fic 😁
New Fic 😁

Part-1

107K 2K 16
By Myuekhoe

"ဗျာ....မေမေ အခုဘာပြောလိုက်တာလဲ?...
ကျွန်တော်အခုနားကြားမှားနေတာလား..."

"မေမေ တကယ်ပြောနေတာ နေလ...
မင်း သူ့ကိုယူမှဖြစ်မယ်..."

အံ့သြလွန်းလို့ နေလမှာ ပြောစရာစကားပျောက်သွားသည်..။
ကျွန်တော့်ကိုယောက်ျားတစ်ယောက်နဲ့လက်ထပ်ရမည်တဲ့..။ လက်ထပ်ရမည့်သူကလည်း ကလေးတစ်ယောက်အဖေတဲ့..။

မေမေဆေးစားမှားပြီးများပြောသလားလို့တောင် နေလတွေးမိသည်..။

"ကျွန်တော်မယူနိုင်ဘူးမေမေ...
ကျွန်တော့်မှာ ဝသုန်တစ်ယောက်လုံးရှိနေတယ်လေ...
မေမေကိုယ်တိုင်လည်း ဝသုန်နဲ့သဘောတူတယ်လို့ပြောထားတယ်လေ..."

"ဟုတ်တယ် မေမေပြောထားတယ်...
ဒါပေမယ့် အခြေအနေက ဒီလိုပဲဖြစ်လာတယ်သား...
မင်း သူ့ကိုယူမှကိုဖြစ်မှာ..."

"ကျစ်...ကျွန်တော်က သူ့ကိုဘာကြောင့်ယူရမှာလဲ?မေမေ...
ဘာအကြောင်းကြောင့် မေမေက သူနဲ့အတင်းလက်ထပ်စေချင်ရတာလဲ?..."

"ဟင်း...........
မေမေ သူ့အဖေကို ဆပ်ရမယ့်အကြွေးတွေရှိနေတယ်သား..."

"ဗျာ....
အကြွေး?...
ဘယ်လောက်လဲ?..သားပြန်ဆပ်မယ်..."

"၅၀၀၀...သိန်း၅၀၀၀ သား..."

ကြားလိုက်ရတဲ့ ငွေပမာဏကြောင့် နေလဆိုဖာပေါ်မှာထိုင်ချမိသွားသည်..။

"အဲ့လောက်များတဲ့ပိုက်ဆံ မေမေဘယ်လိုသုံးလိုက်တာလဲဗျာ..."

"မင်းဖေဖေနေမကောင်းတုန်းက ယူထားတဲ့အကြွေးတွေရယ်...
မေမေ လောင်းကစားလုပ်မိသွားလို့ပါ..."

"မေမေ ဘာလို့ဒီလောက်တောင် သုံးပြစ်လိုက်ရတာလဲဗျာ...."

"မင်း အမေကိုအပြစ်တင်နေတာလား...
ငါလည်း တဖက်တလမ်းက ဝင်ငွေရအောင်ရှာနေတာပါ...
မင်းဖေဖေဆုံးသွားကတည်းက အိမ်ရဲ့စီးပွားရေးက ဘယ်လိုဖြစ်နေလဲဆိုတာ မင်းအသိဆုံးပဲဖြစ်မှာပါ...
မေမေ့မှာ အခြေအနေမပျက်အောင် မနည်းနေနေရတာ...
တကယ်လို့ မင်းမှာသိန်း၅၀၀၀ရှိရင်ရပြီ...
သူ့ကိုလက်ထပ်စရာမလိုတော့ဘူး..."

"ကျွန်တော့်မှာ အဲ့လောက်ပိုက်ဆံ ဘယ်ကရှိမှာလဲဗျာ...
companyကိုတောင် မနည်းလည်ပတ်နိုင်အောင်ကြိုးစားနေရတာကို ဘယ်လိုလုပ်သိန်း၅၀၀၀ကရှိမှာလဲ?..."

"အဲ့တာဆိုလည်း မင်းသူ့ကိုလက်ထပ်လိုက်ပေါ့...
လက်ထပ်ရမယ့်သူက အခြားလူလည်းမဟုတ်ပါဘူး...
ဦးလင်းမြိုင်ရဲ့သား  ရိုးစေရာလေ..."

ရိုးစေရာ...ဒီနာမည် ကျွန်တော်သေချာသိနေတတယ်...

"ဦးလင်းမြိုင်ဆိုတာ ကျွန်တော့်အိမ်ကနေထွက်သွားတဲ့ ခြံစောင့်ဦးလင်းမြိုင်ကိုပြောတာလား...
ရိုးစေရာဆိုတာ သူ့သား..."

"ဟုတ်တယ်...သူတို့သားဖပဲ...
ဘယ်က ဘယ်လိုချမ်းသာတယ်တော့မသိဘူး...
မေမေပိုက်ဆံချေးမိတဲ့သူက သူဖြစ်နေတာပဲ...
သူမှန်းသိရင် မေမေမချေးခဲ့ပါဘူး..."

"ကျစ်...ကျွန်တော်စိတ်ဆင်းရဲတယ်ဗျာ...
သူ့ကို အချိန်လေးစောင့်ခိုင်းလို့မရဘူးလား..."

"မရဘူး...တစ်ပတ်အတွင်းမပေးရင် အိမ်နဲ့ခြံကိုသိမ်းမယ်တဲ့...."

နေလတစ်ယောက် စိတ်တွေရှုပ်ထွေးလွန်းလို့ ခေါင်းကိုသာကုတ်နေမိသည်..။

"ဝသုန့်ကို မေမေပြောထားပေးပါ့မယ်...
သားပိုက်ဆံပြည့်သွားတဲ့နေ့ကျ သူနဲ့ကွာရှင်းလိုက်ပေါ့..."

"သားတို့ အိမ်နဲ့ခြံကို သူတို့ကိုပေးလိုက်မယ်လေ..."

"အဲ့လိုမရဘူး...
မေမေအပေါင်းအသင်းတွေကို မေမေဘယ်လိုမျက်နှာပြရမှာလဲ?...
အထည်ကြီးပျက်ဆိုပြီးတော့ သူတို့ကလှောင်ကြမှာ...
မင်း မေမေအလှောင်ခံရတာမြင်ချင်လို့လား...
မင်းမေမေ့ကိုမချစ်ပါဘူး...
ရပါတယ် သားဘက်က သူ့ကိုလက်မထပ်ချင်နေမှတော့..မေမေတို့အိမ်နဲ့ခြံကို သူ့တို့ကိုပေးလိုက်ရုံပဲပေါ့...
မေမေ အလှောင်ခံရလည်း ဘာမှမဖြစ်ပါဘူးလေ..."

"လက်ထပ်မယ်...
ကျွန်တော် ရိုးစေရာကိုလက်ထပ်ပါ့မယ်..."

"သားတကယ်ပြောတာနော်...
အဲ့တာဆို မေမေသူတို့ကိုဖုန်းလှမ်းဆက်လိုက်တော့မယ်...
မနက်ဖြန် မေမေတိ့အတူသွားကြတာပေါ့..."

"ဟုတ်..."

နေလလည်း မေမေ့ကိုနှုတ်ဆက်ပြီး အခန်းထဲကိုသာ ပြန်လာလိုက်သည်..။ ကုတင်ပေါ်လှဲချလိုက်ပြီး အတွေးတွေကို နယ်ချဲ့မိသည်..။

"ရိုးစေရာ...."

၎နှစ်လောက်ပျောက်ကွယ်သွားပြီးမှ ဘာလို့ပြန်ပေါ်လာရတာလဲ?...
မင်းငါ့ကို ဘယ်တော့မှကောင်းကျိုးမပေးဘူး...
ငါ့ဘဝထဲကပျောက်ကွယ်သွားပြီးရင်လည်း ပြန်ပေါ်မလာသင့်တော့ဘူးလေ...

အဟက်...အခုပြန်ရောက်လာတော့လည်း ကလေးတစ်ယောက်အဖေ ငါလက်ထပ်ရမယ့်လူတဲ့လား....

ငါမထင်ထားဘူး..မင်းလိုကောင်က လိုချင်တာကိုမရရအောင်ယူတတ်လိမ့်မယ်လို့...အဟက်....

မင်းကလိုချင်တာကို မရရအောင်ယူတတ်ပေမယ့်..ငါဘက်ကတော့ မင်းလိုချင်တာကိုဘယ်တော့မှ ပေးမှာမဟုတ်ဘူး...

နေလလည်း လှဲနေရာကနေထထိုင်လိုက်ပြီး..အံဆွဲထဲက စာအုပ်တစ်အုပ်ကိုဖွင့်ကြည့်လိုက်သည်..။ စာအုပ်ကိုဖွင့်လိုက်တာနဲ့ လက်ရေးဝိုင်းဝိုင်းလေးနဲ့ရေးထားတဲ့စာကြောင်းလေးတွေကို မြင်လိုက်ရသည်..။

ပထမတစ်ရွက်မှာတော့...

📖 အကိုလေးက ကျွန်တော့်အပေါ်မှာ အရမ်းဆိုးပေမယ့်..ကျွန်တော် အကိုလေးကိုချစ်တယ် 📖

ဒုတိယတစ်ရွက်မှာတော့...

📖 ဒီနေ့ အကိုလေးကျွန်တော့်ခေါင်းကိုခေါက်တယ်..သူ့ကို ခံပြောလို့တဲ့...
အခေါက်ခံရတာနာပေမယ့်..ကျွန်တော့်ဘက်က အကိုလေးကို အပြစ်မမြင်ပါဘူး...
ဟီးဟီး ကျွန်တော်ကချစ်ရသူလေ 📖

တတိယတစ်ရွက်မှာတော့...

📖 အကိုလေး ဒီနေ့အရမ်းခန့်တာပဲ...
အကိုလေး သူငယ်ချင်းတွေနဲ့စကားပြောနေတာတွေ့ရတာ ကျွန်တော်သိပ်သဘောကျတာပဲ..
ကျွန်တော်လည်း သူငယ်ချင်းတွေ ရှိချင်လိုက်တာ...
မွေးနေ့ကိတ်လှီးနေတဲ့အကိုလေးကို ခိုးကြည့်နေရတာလည်း ကျွန်တော်နှစ်စဉ်လုပ်နေကျအလုပ်တစ်ခုလိုပါပဲ 📖

စာအုပ်ရဲ့အလယ်ပိုင်းမှာတော့..လက်ရေးအကြီးကြီးတွေရေးထားတဲ့ စာတန်းကိုတွေ့ရသည်..။

📖 ကျွန်တော် အကိုလေးကို အရမ်းချစ်တယ် 📖

"အဟက်...ရူးကြောင်ကြောင်နိုင်လိုက်တာ..."

နေလလည်း စာအုပ်ကိုပြန်သိမ်းလိုက်ပြိး..ရေချိုးဖို့ကိုပြင်လိုက်သည်..။

ဖြစ်နိုင်ရင်..မနက်ဖြန်ဆိုတာကို မရောက်စေချင်ဘူး..။ ဘာလို့ဆို..တချိန်က ကိုယ့်အိမ်မှာအလုပ်သမားဖြစ်ခဲ့တဲ့လူတွေကို ခခယယသွားတွေ့ရမှာဖြစ်လို့ပါပဲ.....

"မင်းတို့အလှည့်ရောက်လာပြီဆိုတော့လည်း လုပ်ထားဦးပေါ့...အဟက်....."

Continue Reading

You'll Also Like

1.8M 183K 69
BL ဝတ္ထုရေးတဲ့ စာရေးဆရာတစ်ယောက်က သူဘယ်လောက်ဘဲ ကြိုးစားရေးနေပါစေ စာဖတ်သူတွေက အကြိုက်မတွေ့ဘူး။ယုတ္တိမရှိဘူးဆိုပြီး ဆိုးဝါးတဲ့ မှတ်ချက်တွေပေးတယ်။ တစ်နေ့...
295K 45.3K 52
This is not my own story. It is fan translation. Credits to original author. Picture credits to original artist. Associated name- 穿成暴君的男妃 English n...
22.4K 3.8K 45
ဘာသာပြန်သူ - စွဲညို့အသင်း