၃နှစ်ကြာပြီးနောက်......
"စစ်တို့သားဖရေ မပြီးသေးဘူးလား...
ကျောင်းနောက်ကျမယ်နော်..."
"ပြီးပါပြီရိုးရဲ့...
ဒီမှာ သစ်က သူ့ကိုကိုသနပ်ခါးလူးထားတာကိုကြည့်ပြီး သူပါလိုက်လူးနေလို့စောင့်နေရတာ.."
ရိုးအော်လိုက်မှပဲ နေလကသစ်ကိုချီပြီး စစ်ကိုလက်ကဆွဲလာလေသည်..။ သစ်ဆိုတာကတော့ ရိုးစေနဲ့နေလတို့ရဲ့ဒုတိယမြောက်သားလေးပဲဖြစ်သည်..။ အခုဆို ၂နှစ်ကျော်ပြီးလေ..။
"ပါပါး..."
"ဟေ...ပါပါးသားလေး သနပ်ခါးလူးထားတာလား...
ချစ်ဖို့ကောင်းလိုက်တာကွာ..."
စစ်က ရိုးစေလူးပေးခဲ့တာမို့ သနပ်ခါးညီညီလေးဖြစ်ပေမယ့် သစ်ကတော့ သူ့ဘာသာလက်နဲ့ယူလိမ်းလာတယ်ထင်တယ် ကွက်တိကွက်ကြားဖြစ်နေသည်..။
"ပါပါး ချီ..."
နေလလက်ထဲကနေ ချီခိုင်းနေတာကြောင့် ရိုးစေလည်း သစ်ကိုချီလိုက်သည်..။ သနပ်ခါးလူးထားတဲ့ပါးဖောင်းဖာင်းနမ်းလိုက်သည်..။
"မွှေးနေတာပဲကွာ ရွှတ် ရွှတ်..."
"ကိုကိုရဲမွှေး.."
"ဟုတ်ပါ့ ကိုကိုလည်းမွှေးတယ်...
လာပါဦး ကိုကို့ကိုလည်းမွှေးဦးမယ်..."
သူ့အဖေဘေးမှာ ထိုင်နေပြီဖြစ်တဲ့ စစ်ရဲ့ပါးလေးကိုလည်းလှမ်းနမ်းလိုက်သည်..။
"ဒီက ဖေဖေ့ကိုရောမနမ်းချင်ဘူးလား..."
"မနမ်းချင်ပါဘူး..."
"ရတယ်လေ ခဏနေမှတွေ့မယ်..."
"မင်းကတော့လေ..."
ရိုးစေလည်း သစ်ကိုသူ့အဖေပေါင်ပေါ်တင်ပေးလိုက်ပြီး မနက်စာပြင်ပေးလိုက်သည်..။
မနက်စာစားပြီးတဲ့အခါမှာတော့ နေလက ရိုးကိုမှာစရာရှိတာမှာနေသည်..။
"ရိုး အိမ်အလုပ်တွေလည်းလျှောက်လုပ်မနေနဲ့ဦး...
နည်းနည်းပါးပါးကိစ္စတွေဆို လရောင်ကိုပဲလုပ်ခိုင်း...
အလေးအပင်တွေလည်း သိပ်မမနဲ့.."
"အင်းပါ နေ့တိုင်းမှာနေတာ မပြီးနိုင်တော့ဘူး..
အိမ်မှာ ဖေဖေလည်းရှိတယ် လရောင်လည်းရှိတယ် Leoလည်းရှိသေးတယ် စိတ်ပူမနေနဲ့.."
"ဖြစ်နိုင်ရင် မောင်ကcompanyတောင်သွားချင်တာမဟုတ်ဘူး...
မောင်ခန့်ကိုပဲလွှတ်လိုက်ချင်တာ...
ဒီကအမောင်ဗိုက်က စိတ်မချရဘူးလေ..."
ဟုတ်ပါသည် ရိုးမှာတတိယမြောက်ကိုယ်ဝန်ရှိနေခြင်းဖြစ်ပါသည်..။ မွေးဖွားဖို့ကလည်း ဘယ်လောက်မှမကျန်တော့တာမို့ နေလကစိတ်မချဖြစ်နေခြင်းဖြစ်သည်..။
"မောင်ကတော့လေ နေ့တိုင်းဒါပဲပြောနေတယ်..
သွားတော့ စစ်ကျောင်းနောက်ကျနေလိမ့်တယ်..."
"အင်းပါ သွားပါ့မယ်...
မသွားခင်လေး နမ်းသွားဦးမယ် ရွှတ်..."
နေလက ရိုးရဲ့ပါးလေးကိုလှမ်းနမ်းလိုက်သည်..။
"ဖေ ဖေ နမ်း..."
နေလကရိုးကိုနမ်းလိုက်တော့ သစ်ကသူ့ပါးလေးကိုထိုးပေးလေသည်..။ ဆိုလိုတာက သူ့ကိုလည်း နမ်းပါပေါ့..။
"အဟက် လူလည်လေး ရွှတ် ရွှတ်...
ဖေဖေ့သားငယ်လေး ပြန်လာရင်ဖေဖေမုန့်ဝယ်ခဲ့မယ်နော်..."
"ဟုတ်..."
"လိမ္မာလိုက်တာ..."
"သစ် ကိုကိုသွားပြီနော်...
ကိုကိုပြန်လာမှ ဘောလုံးကန်မယ်နော်..."
"ကန် ကန်..."
"ဟုတ်ပါပြီ ကိုကိုပြန်လာရင် အတူကန်ကြနော်..
သစ် ကိုကို့ကို အာဘွားပေးလိုက်ပါဦး.."
ပြောလိုက်တော့ သစ်က သူ့ကိုကိုကို အာဘွားဆိုပြီးနမ်းလိုက်လေသည်..။ ပြီးမှပဲ နေလတို့သားဖနဲ့ မောင်ခန့်တို့ အိမ်ကနေသွားကြလေသည်..။
"သစ် ပါပါး ပန်းကန်တွေသိမ်းဦးမယ်နော်...
သစ်က ဒီမှာငြိမ်ငြိမ်လေးထိုင်နေ...
ပါပါး ကာတွန်းဖွင့်ပေးမယ်..."
သစ်ကိုဧည့်ခန်းထဲကဆိုဖာမှာထားခဲ့ပြီး ရိုးစေလည်းပန်းကန်တွေကိုသိမ်းလိုက်သည်..။
သစ်ကိုမွေးပြီးကတည်းက ရိုးစေတို့ နေလရဲ့အိမ်ကိုပြောင်းလာခဲ့သည်..။ ဒေါ်ဟန်နီက မကြာခဏတရားစခန်းဝင်တတ်သည်..။ တရားစခန်းမဝင်တဲ့ရက်တွေဆို မြေးတွေနဲ့အတူနေပေးသည်..။ ရိုးစေအပေါ်ကိုလည်း သားတစ်ယောက်လိုဆက်ဆံပေးလေသည်..။
ရိုးစေတို့ဒီကိုပြောင်းလာတောလ ဦးလင်းမြိုင်က တစ်ယောက်တည်းကျန်ခဲ့တာကြောင့် ရိုးစေမှာ ဦးလင်းမြိုင်ကိုဒီအိမ်ကိုလိုက်နေဖို့ မနည်းခေါ်ခဲ့ရသည်..။ မောင်ခန့်နဲ့လရောင်ကတော့ ရိုးစေတို့အရင်နေတဲ့ အိမ်လေးမှာအတူနေကြသည်..။ မောင်ခန့်က နေလရဲ့companyမှာ အလုပ်လုပ်ပြီး လရောင်ကတော့ရိုးစေနဲ့အတူ အိမ်အလုပ်တွေဝိုင်းကူလုပ်ပေးသည်..။
"ကိုကိုသစ်လေးရေ...
ဒီမှာ ညီလေး လာပါပြီ..."
အိမ်ရှေ့ကနေအသံလေးကိုကြားတာကြောင့် ရိုးစေရောလရောင်ပါ ပြုံးမိသည်..။ ထို့အတူ ဧည့်ခန်းထဲကကောင်လေးဟာလည်း ထိုင်နေရာကနေသူ့ပါပါးရှိရာကို ပြေးလာလေသည်..။
"ဟာ ကိုကိုသစ်ကလည်း ညီလေးလာတာကိုဘာလို့ထွက်ပြေးတာလဲ?..."
သစ်မှာ ပြောနေတဲ့စကားတွေကိုနားမထောင်နိုင်..။ သူ့ပါပါးဆီသွားပြီး ချီဖို့ပြောလေသည်..။
"ပါပါး ချီ..."
"အဟက် ချီပါ့မယ်ဗျာ..."
ရိုးစေလည်း သစ်ကိုချီလိုက်ပြီး အပြင်ကိုထွက်လာလိုက်သည်..။ အနောက်ကနေ လရောင်ကလည်းလိုက်လာသည်..။
"ကိုကိုသစ်ကလည်း ညီလေးလာတာကို ဘာလို့ထွက်ပြေးတာလဲ?..."
Leoမေးတာကိုမဖြေဘဲ သစ်က ရိုးစေရဲ့လည်ပင်းကိုတင်းတင်းဖက်လာသည်..။
"ကိုကိုသစ်က ညီလေးLemonကိုမခေါ်ဘူးလား..."
Lemon ဆိုတာက အဂ္ဂနဲ့Leoတို့ရဲ့တစ်ဦးတည်းသောသားလေးပဲဖြစ်ပါတယ်..။ လွန်ခဲ့တဲ့၂နှစ်ကျော်က လက်ထပ်ဖြစ်ခဲ့ကြပြီး U.Sမှာပဲ အငှားကိုယ်ဝန်ဆောင်နဲ့ Lemonကိုမွေးခဲ့သည်..။
"ပါး ပါး ချီ.."
"ချီနဲ့..."
"အဟက်..."
သစ် ရိုးစေကိုအတင်းဖက်ထားရတဲ့အကြောင်းက ဒါပင်ဖြစ်သည်..။ Lemonက အိမ်ကိုလာတိုင်း ရိုးစေအနားပဲကပ်သည်..။ ဘာလို့ဆို ရိုးစေက Lemonကိုအမြဲတိုင်း မုန့်တွေကျွေးတတ်သည်လေ..။ အဲ့တာကြောင့် သစ်က Lemonလာရင်ရိုးစေအနားမှာပဲကပ်နေတတ်သည်..။
"သစ်ကလည်း ညီလေးက ကိုကိုနဲ့ဆော့ချင်လို့လာတာကို...
ညီလေးနဲ့အတူတူဆော့နော်..."
"ဟုတ်.."
"Lemon ရေ ဧည့်ခန်းထဲမှာသွားထိုင်ကြမယ်နော်...
ကိုကိုက အတူဆော့မယ်တဲ့..."
ရိုးစေလည်း သစ်ကိုချီလိုက်ပြီး ဧည့်ခန်းထဲမှာထိုင်စေလိုက်သည်..။ Lemonကိုလည်း သစ်ရဲ့ဘေးနားမှာချပေးလိုက်သည်..။
"Leoရေ ကလေးတွေကြည့်ထားပါဦး...
ကိုလေး မုန့်သွားယူပေးမယ်..."
"ကျွန်တော့်ဖို့ရောနော်.."
"ဟုတ်ပါပြီ ကိုလေးယူခဲ့မယ်..."
"ဟီး ဟုတ်..."
ရိုးစေထွက်သွားတာနဲ့ Leoလည်းဟသစ်ကိုဆွဲချီလိုက်ပြီး သနပ်ခါးလူးထားတဲ့သစ်ရဲ့ပါးကိုနမ်းလိုက်သည်..။
"မွှေးနေတာပဲကွာ ရွှတ် ရွှတ်..."
သစ်က သူ့ကိုချီပြီး နမ်းရင်တော့ ငြိမ်ခံနေတတ်သည်..။ သူ့ပါပါး သူများကလေးကိုချီရင်တော့ မကြိုက်ပေ..။
"ဒီမှာ မုန့်တွေပါလာပါပြီ..."
"ပါး ပါး..."
ရိုးစေက မုန့်တွေယူလာတော့ Lemonက လက်ခုပ်တီးပြီး ပျော်နေလေသည်..။
"ပါပါး ကျွေးနဲ့..."
"သစ် အဲ့လိုမပြောရဘူးလေ...
ညီလေးနဲ့အတူတူစားရမယ်နော်..."
"ပါပါး..."
"သစ်မဆိုးရဘူးလေ...
ညီလေးနဲ့အတူတူ စားရမယ်လေ..."
"ဟုတ်..."
မျက်နှာကြီးစူပုတ်ပြီး ခေါင်းညိတ်ကာ ရိုးစေလက်ထဲက မုန့်ကိုဆွဲယူပြီး သူ့အင်္ကျီထဲကိုထည့်လိုက်လေသည်..။
"သစ်ကတော့လေ...
ရော့ ဒီမှာ Lemonအတွက်...
ကုန်ရင် ပါပါးထပ်ယူပေးမယ်နော်..."
Lemon ကပြုံးပြီး ရိုးစေလက်ထဲက မုန့်ကိုယူပြီးစားနေသည်..။
"ပါး ဟီး.."
"စားနော် Lemonထပ်စားချင်သေးရင် ထပ်ပေးမယ်..."
"ဟီး..."
"ဘုတ်!..." ဆိုတဲ့ ပြုတ်ကျသံကြောင့် ရိုးစေလည်း Lemonကိုစကားပြောနေရာကနေ လှည့်ကြည့်လိုက်သည်..။
သစ်က မျက်နှာကြီးစူပုတ်ပြီး မုန့်ကိုလွှတ်ပစ်လိုက်ခြင်းဖြစ်သည်..။
"သစ် ဘယ်လိုလုပ်တာလဲ?..
မုန့်ကိုလွှတ်မပစ်ရဘူးလေ..."
ပြောတာကိုပြန်မပြောဘဲ သစ်က မျက်နှာကိုစူပုတ်ထားဆဲဖြစ်သည်..။
သစ်ကအဲ့လိုပဲ သူ့ထက်ပိုပြီးဂရုစိုက်ရင် မကြိုက်ဘူး..။ Leoကတော့ အကြောင်းသိထားသူမို့ သူ့မုန့်ကိုသူစားနေသည်..။
"ဟင်း....
ပါပါးသားငယ်လေးက စိတ်ဆိုးနေတာလား...
ပါပါးက သားငယ်လေးကိုပဲချစ်တာပါ...
Lemonကိုကသစ်လေးလောက်မချစ်ဘူးသိလား..
အဲ့တာကြောင့် သစ်က ညီလေးနဲ့ချစ်ချစ်ခင်ခင်နေနော်...
ပါပါးက သစ်ကိုအချစ်ဆုံးလေနော် ကိုကို့ကိုတောင် သစ်လောက်မချစ်ဘူးသိလား..
ကိုကို့ကိုသွားမပြောနဲ့နော်..."
ရိုးစေချော့ပြီးတိုးတိုးပြောလိုက်မှပဲ သစ်က မုန့်ကိုပြန်ကောက်ပြီးစားနေသည်..။ ဒီလိုဖြစ်ရပ်မျိုးက ရိုးစေအတွက်နေ့တိုင်းကြုံနေရတာမို့ ရိုးနေသည်လေ..။ စစ်ကကြီးလာတော့ ရိုးစေမှာသက်သာသွားမလားမှတ်ရတယ် သစ်လေးကနေ့တိုင်းစိတ်ကောက်နေတော့ ချော့နေရသည်လေ..။
ဒီကောင်လေးတွေနဲ့အတူ နောက်ထပ်တစ်ယောက်ကလည်း ထပ်ရောက်လာဦးမည်လေ..။
____________________________
"ချီးယားစ်!..."
"ကလေးအဖေတွေနဲ့သောက်ရတာ ငါ့ကိုယ်ငါဂုဏ်ယူတယ်ကွာ..."
"မစွံရင် မစွံဘူးပေါ့..
အပိုစကားတွေပြောနေတယ်.."
နေလတို့သူငယ်ချင်း၃ယောက်မှာ နေလနဲ့အဂ္ဂသာအိမ်ထောင်ကျပြီး ဖြိုးဝေကတော့ လူပျိုလုပ်လို့ကောင်းနေသည်..။
"အဟက် ငါက အပူမရှာချင်လို့ပါကွာ...
အဂ္ဂဆို ကလေးတစ်ယောက်အဖေ...
နေလ မင်းဆို ကလေး၂ယောက်အဖေ..."
"၃ယောက်ဖြစ်တော့မှာပါကွ..."
"ဟုတ်ပါတယ်ကွာ ၃ယောက်ပါ..
အရေးထဲ ကြောငြာဝင်သေးတယ်...
ပြောမယ့်စကားတောင်ဘယ်ရောက်သွားလဲမသိဘူး..."
"ဘယ်ရောက်သွားလဲမသိရင် မပြောနဲ့တော့..
၉နာရီတောင်ထိုးတော့မယ် အိမ်မှာLeoနဲ့သား၂ယောက်ပဲရှိတာ ပြန်မှဖြစ်မှာ..."
"တွေ့လား တွေ့လား စလာပြီ..."
"မင်းမှာက မျှော်နေမယ့်သူမရှိဘူး..
ငါတို့ကမျှော်နေတဲ့သူရှိတယ်..."
"စော်ကားလိုက်တာ...
ကြောက်တယ်ဆိုကြောက်တယ်ပေါ့..."
"ကဲပါကွာ ရစ်မနေတော့နဲ့...
ရိုးက မီးဖွားရက်ဘယ်လောက်မှမကျန်တော့ဘူး တစ်ခုခုဆိုအိမ်မှာငါရှိနေမှဖြစ်မှာကွာ...
ပြန်ရအောင်.."
ဖြိုးဝေလည်း နေလနဲ့အဂ္ဂရဲ့စကားတွေကြောင့် ခေါင်းသာကုတ်နေမိသည်..။ နေလနဲ့အဂ္ဂက အိမ်ပြန်မယ်တကဲကဲပြင်နေတာကြောင့် ဖြိုးဝေလည်း လက်လျော့လိုက်ရသည်..။ ၂ယောက်လုံး မယားကြောက်တွေချည်းပဲ..။
အဂ္ဂနဲ့နေလလည်း ဖြိုးဝေကိုလိုက်ပို့ပေးပြီး အိမ်ကိုပြန်လာလိုက်သည်..။
"ရိုး ရိုး..."
အခန်းထဲကို နာမည်အော်ခေါ်ပြီးဝင်လာတဲ့နေလကြောင့် ရိုးမှာအသံတိတ်ခိုင်းရသည်..။
"တိုးတိုး! သားတို့အိပ်နေပြီ...
သောက်လာတာလား..."
"နည်းနည်းပါ..."
"ညစာစားဦးမလား..."
"မစားတော့ဘူး အိပ်တော့မယ်..."
"အင်း အဝတ်အစားလဲလိုက်လေ..."
"ကြယ်စေ့ဖြုတ်ပေး..."
"အင်း..."
ရိုးစေလည်း နေလရဲ့အင်္ကျီကြယ်စေ့ကိုဖြုတ်ပေးလိုက်သည်..။
"ချစ်ဖို့ကောင်းတယ် ပြွတ်..."
"မနမ်းနဲ့ ကြယ်စေ့ဖြုတ်ပေးနေတယ်..."
ရိုးစေပြောနေသော်လည်း နေလကတော့ ရိုးစေခါးကိုဖက်ပြီး အတင်းလိုက်နမ်းလေသည်..။
"တော်ပြီ အိပ်တော့မယ်...
အိပ်ချင်နေပြီ..."
"အင်းပါ မနမ်းတော့ဘူး...
သွားအိပ်နှင့် မောင်အနောက်ကလိုက်ခဲ့မယ်.."
"အင်း.."
ရိုးစေလည်း နေလကိုထားခဲ့ပြီး ကုတင်ပေါ်မှာလှဲလိုက်သည်..။ ခဏကြာတော့ နေလကကုတင်ပေါ်တက်လာသည်..။ ကျောပေးထားတဲ့ရိုးစေကို မျက်နှာချင်းဆိုင်ကိုလှည့်လိုက်ပြီး ရင်ခွင်ထဲကိုထည့်ထားလိုက်သည်..။
တဖက် Leoမှာတော့ သားကိုချီပြီး အဂ္ဂအဝတ်အစားလဲနေတာကိုထိုင်စောင့်နေသည်..။
"မပြီးနိုင်တော့ဘူးလား ကိုကို...
သားကမအိပ်သေးဘူး ချော့သိပ်ပေးပါဦး..."
"လာပါပြီကွာ..."
အဂ္ဂလည်း Leoလက်ထဲက သားကိုချီလိုက်ပြီး ချော့သိပ်လိုက်သည်..။
"ပါး ချို ချို..."
"ဘာချိုချိုလဲ?...
မင်းဒယ်ဒီဆီကိုတိုက်ခိုင်း..."
Lemonကိုအရင်က နို့ဘူးပဲတိုက်ပေမယ့် ရိုးစေတို့အိမ်သွားတိုင်း သစ်က ရိုးစေဆီကနေ ချိုချိုတောင်းစို့နေတာမြင်တော့ သူပါရိုးစေဆီကတောင်းစို့လေသည်..။ အဲ့ကနေစပြီး Leoဆီမှာ အခုလိုတောင်းတတ်လာသည်..။
"မင်းဒယ်ဒီကအကြီးကြီးပဲ တိုက်ခိုင်း သား..."
"ဒယ် ချို ချို..."
"ဟင်..."
Leoကပြောလိုက်တော့ Lemonကသူ့ဒယ်ဒီကိုမျက်လုံးလေးလှန်ကြည့်ပြီး ပြောလာလေသည်..။
"Leoလည်းကလေးကိုမဟုတ်တာတွေလျှောက်ပြောနေတာလဲ?..."
"မသိဘူးဗျာ ကိုကို့သားကို ကိုကိုပဲတိုက်လိုက်.."
"ကျစ် Leoလည်း..."
အဂ္ဂပြောလို့ပင်မဆုံးလိုက် အဂ္ဂရဲ့အင်္ကျီအောက်Lemonက ရောက်သွားပြီဖြစ်သည်..။ မတတ်နိုင်တဲ့အဆုံး အဂ္ဂမှာ ကုတင်ပေါ်လှဲချလိုက်ရပြီး ရင်ဘက်ပေါ်မှာLemonကိုတင်ထားလိုက်ရသည်..။
"ဟီးဟီး..."
"ရယ်နေနော် လူဆိုးလေး..."
"ကိုကိုကလည်း..."
Leoလည်း အဂ္ဂဘေးမှာဝင်လှဲလိုက်ပြီး ဖက်ထားလိုက်သည်..။ ရင်ဘက်ပေါ်မှာလည်း အကောင်ပေါက် ဘာမှမထွက်တာကိုအတင်းစုပ်နေသည်..။
ဘေးကLeoကတော့ အဂ္ဂဖြစ်နေပုံကိုကြည့်ပြီးရယ်နေ ည်..။
ခံပေါ့ ကိုကိုကအကိတ်ကြီးဖြစ်နေတာကို..ဟီးဟီး....
{ အဂ္ဂက အကိတ်ကြီးရယ်🤭}
_________________________________________________________
ရိုးစေတို့အိမ်ရဲ့တနေရာဝယ်...
Six - Chelကကိုကို့အပိုင် 😕
Thit - မရဘူး Chelကညီညီ့အပိုင် 😕
Six - မရဘူး Chelကကိုကို့အပိုင်နော်..
သစ်နဲ့မဆိုင်ဘူး ☹️
Thit - မဟုတ်ဘူး Chelက ညီညီ့အပိုင်ပဲ..
ကိုကိုနဲ့မဆိုင်ဘူး 😣
စစ်နဲ့သစ် ၂ယောက်သားတစ်ယောက်လက်တစ်ဖက်ဆီဆွဲနေတာကြောင့် Chelမှာ ဗျာများနေရသည်..။
Chel - တော်တော့ လက်တွေပြုတ်ထွက်ကုန်
တော့မှာပဲ..
လွှတ်ပေးကြတော့ 😤
Six - Chelက Sixရဲ့အပိုင်ဆိုတာ Thitသိ
အောင်ပြောပြလိုက် Chel🙄
Thit - မဟုတ်ဘူး Chelက Thitရဲ့အပိုင်ပဲ
ပြောပြလိုက် Chel☹️
Chel - တော်ပြီ Chelက Sixရဲ့အပိုင်လည်း
မဟုတ်ဘူး Thitရဲ့အပိုင်လည်းမဟုတ်
ဘူး 😕 လက်ကိုမဆွဲထားနဲ့တော့
Yoeဆီပဲသွားတော့မယ် ဟွန်း😒
Chelလည်း Sixနဲ့Thit ညီအကို၂ယောက်ကို လက်ဖြုတ်ပြီး ပြုံးပြီးရပ်နေတဲ့အမောင်ဗိုက်Yoeဆီလျှောက်လာလိုက်သည်..။
Nay La - Heyyy...အဲ့တာဘယ်လဲ?
ငါ့Yoeနားမလာနဲ့သွား ☹️
Chel - အောင်မာ...ခင်ဗျားကChelကိုနှင်
ထုတ်ရဲတယ်ပေါ့လေ..
ဖြတ်ရိုက်လိုက်ရ 😒
Chelစီစဉ်ပေးလိုက်လို့အဆင်ပြေသွား
တာကိုများ ဟွန်း 😏
Chelပြောလိုက်တော့ Nay La ဘာမှပြန်မပြောရဲပဲ Yoeကိုဖက်ထားလေသည်..။
အဖြစ်သည်းနေသေးတယ် ဟွန်း 😒
Nay La က Chelကိုတော့ ကြောက်တယ်သိလား 🤭
( Just for fun 😜)
21.1.2021
💙Chel💙