"ဟေ့ကောင်လေး ဟေ့ကောင်လေး...
ထစမ်း ဟေ့ကောင်လေး...
ရိုးစေရာ ထစမ်းလို့..."
"အ!...အ!..."
နားရွက်ကိုလိမ်ဆွဲလာသူကြောင့် ရိုးစေနိုးလာခဲ့သည်..။ မြင်လိုက်ရတဲ့သူကြောင့် ချက်ချင်းငုတ်တုတ်ထထိုင်မိသည်..။
"အ!..မေမေကြီး..."
"အသံမထွက်ဘဲ အခုချက်ချင်းအခန်းထဲကထွက်လာခဲ့..."
"ဗျာ..."
"နင့်ကိုအခုချက်ချင်းထွက်လာလို့ပြောနေတာ...
ငါ့သားကိုမနိုးစေနဲ့နော်...
နိုးလို့ကတော့ နင်မလွယ်ဘူးမှတ်..."
"ဟုတ်..."
ရိုးစေလည်း အကိုလေးကိုတစ်ချက်လှည့်ကြည့်ပြီး ဘေးမှာကျနေတဲ့ အင်္ကျီနဲ့ပုဆိုးကိုကောက်ဝတ်လိုက်သည်..။ အိပ်ပျော်နေတဲ့အကိုလေးကတော့ ဘာမှသိမယ်မထင်..။
ရိုးစေလည်း ဖြေးဖြေးချင်းထလိုက်ပြီး မေမေကြီးရဲ့အနောက်ကနေလိုက်လာခဲ့လိုက်သည်..။
"ကဲ ပြော...ဒါဘယ်လိုဖြစ်တာလဲ?..."
"ညက အကိုလေးမူးလာလို့ပါ..."
"အဲ့တာနဲ့ပဲ မင်းကငါ့သားကိုအပိုင်ကြံလိုက်တယ်ပေါ့လေ..."
"မဟုတ်ပါဘူး..မဟုတ်ပါဘူး မေမေကြီး...
အကိုလေးကသာ..."
"တော်...
ငါ့သားက မင်းလိုကောင်မျိုးကိုဒီလိုလုပ်မှာမဟုတ်ဘူး...
မင်းဘက်ကအပိုင်ကြံလိုက်တာမဟုတ်လား..."
"မဟုတ်ပါဘူး မေမေကြီး..."
"တော်ပြီ မကြားချင်ဘူး...
ဒီကိစ္စကို ငါ့သားမသိစေနဲ့...
သိလို့ကတော့ မင်းတို့သားဖ၂ယောက်လုံး အထုတ်ပြင်ပြီး ငါ့အိမ်ကထွက်သွားလိုက်တော့..."
"မပြောပါဘူး..ကျွန်တော်အကိုလေးကိုပြန်မပြောပါဘူး မေမေကြီး...
ကျွန်တော်တို့ကိုဒီအိမ်ကနေတော့မနှင်ထုတ်ပါနဲ့..."
"မင်းကတိနဲ့မင်းတည်ပါစေနော်...
သွားတော့...
အိမ်ထဲမှာ ဘယ်သူမှမနိုးသေးခင် မင်းပြန်လိုက်တော့...
ဒီကိစ္စကိုဘယ်သူ့မှလျှောက်မပြောနဲ့နော်...
ပြောလို့ကတော့ မလွယ်ဘူးမှတ်..."
"ဟုတ်ကဲ့ပါ မေမေကြီး..."
"မင်းသွားလို့ရပြီ..."
"ဟုတ်ကဲ့..."
ရိုးစေလည်း လက်သီးကိုတင်းတင်းဆုပ်ပြီး သူတို့သားဖနေတဲ့အိမ်လေးဆီကိုလျှောက်လာလိုက်သည်..။ အိမ်ထဲရောက်တော့ ဖေဖေနဲ့ဆုံလေသည်..။
"သား အခုမှပြန်လာတာလား..."
"ဟုတ်..."
"အင်း...ဖေဖေ သွားတော့မယ်...
တရေးပြန်အိပ်လိုက်ဦးနော်..."
"ဟုတ်..."
ထိုမျှသာ ဖေဖေကပြောပြီး ထွက်သွားလေသည်..။ ရိုးစေလည်းသက်ပြင်းသာချပြီး အခန်းထဲကိုဝင်လာလိုက်သည်..။
.
.
.
.
.
.
"ဝေါ့...ဝေါ့..."
"သား ရိုးစေအဆင်ပြေရဲ့လား..."
"ဟုတ် ဖေဖေ...
သားအဆင်ပြေပါတယ် ဝေါ့..."
သားဖြစ်သူအန်နေတာကြောင့် ဦးလင်းမြိုင်မှာကျောကိုနှိပ်ပေးလိုက်သည်..။
"ဖေဖေနဲ့ဆေးခန်းသွားကြမလား..."
"မဟုတ်တာ သားဘာမှမဖြစ်ပါဘူးဖေဖေ..."
"ရိုးစေ ဖေဖေကဆေးခန်းသွားမယ်ဆို သွားမယ်ပေါ့..."
နောက်ဆုံးမှာတော့ ရိုးစေ ဖေဖေနဲ့အတူဆေးခန်းသွားကြလိုက်သည်..။ ဆေးခန်းရောက်တော့ ဒေါက်တာလင်းထက်နဲ့သိခဲ့ရလေသည်..။ မထင်မှတ်ထားလောက်အောင် ကျွန်တော့်မှာကိုယ်ဝန်ရှိနေခဲ့သည်တဲ့..။ ကျွန်တော်မယုံနိုင်ခဲ့ဘူး ကျွန်တော်ဟာတကယ်ပဲ ကိုယ်ဝန်ဆောင်နိုင်တဲ့အမျိုးသားတစ်ဦးတဲ့လေ..။
"ဘယ်လိုလုပ်မှာလဲ? သား..."
"ဖေဖေ သားကိုမဆူဘူးလား..."
"ဖေဖေသားကိုမဆူဘူး...
ဘယ်သူနဲ့ရတာလဲဆိုတာ ဖေဖေသိချင်တယ်..."
"ကျွန်တော်ပြောလို့မရဘူး ဖေဖေ...
ကျွန်တော်ပြောလိုက်ရင် ကျွန်တော်တို့..."
"နေလဂုဏ်ရောင်လား..."
"ဗျာ..."
"သူ ဟုတ်တယ်မလား..."
"အဟင့် ဟင့် ဖေဖေ..."
ဦးလင်းမြိုင်ကိုဖက်ကာ ရိုးစေကငိုလေသည်..။
"မငိုပါနဲ့သားရယ်...
ဖြစ်ပြီးမှတော့ အကောင်းဆုံးကျော်ဖြတ်ရုံပဲပေါ့..."
"ဟင့် ဟုတ်..."
ဦးလင်းမြိုင်လည်း ရိုးစေရဲ့ကျောလေးကိုပုတ်ပေးနေလိုက်သည်..။
"ကျွန်တော် အကိုလေးကိုပြောကြည့်ပါ့မယ်...
အကိုလေးဆိုရင်တော့ လက်ခံပေးမှာပါ.."
"အင်းအင်း..."
ရိုးစေလည်း နေလအိမ်ပြန်ရောက်လာမယ့်အချိန်ကို စောင့်နေလိုက်သည်..။ အိမ်ကြီးရှေ့မှာ နေလရဲ့ကားရပ်လိုက်ပြီဆိုတာနဲ့ ရိုးစေလည်း နေလဆီကိုပြေးသွားလိုက်သည်..။
"အကိုလေး အကိုလေး..."
"သြော် ရိုးစေရာ..."
"အကိုလေး ကျွန်တော်ပြောစရာရှိလို့ပါ..."
"ငါမအားဘူး ရိုးစေရာ...
ပြောချင်ရင်နောက်မှပြော..."
ရိုးစေကိုကျော်ကာ နေလထွက်သွားလေသည်..။
"ကျွန်တော်နည်းနည်းပဲပြောမှာပါ...
ခဏလေးပါ အကိုလေး..."
ရိုးစေလည်း နေလရဲ့လက်ကိုဆွဲကာ ပြောလိုက်သည်..။
"ငါမအားဘူးလို့ပြောနေတယ်လေကွာ..."
"အ!..."
နေလက ရိုးစေကိုင်ထားတဲ့လက်ကို အတင်းဆွဲယူလိုက်တာကြောင့် နေလရဲ့နာရီနဲ့ရိုးစေရဲ့လက်ကိုရိုက်သလိုဖြစ်သွားလေသည်..။
"ငါ့နောက်ကလိုက်မလာနဲ့ ငါမအားသေးဘူး..."
"ဟုတ်..."
ရိုးစေမှာ နာသွားတဲ့လက်ကိုကိုင်ကာ ကျန်နေခဲ့ရသည်..။ အကိုလေး စိတ်မကြည်လို့ဖြစ်မှာပါလို့တွေးပြီး အိမ်ကိုပြန်လာခဲ့လိုက်သည်..။
နောက်နေ့မနက်ရောက်တော့ ဒေါ်ဟန်နီကခေါ်တာကြောင့် ရိုးစေတို့သားဖ၂ယောက် အိမ်ကြီးထဲကိုလာခဲ့ရသည်..။
"မနေ့က ဘာအချိုးချိုးတာလဲ ရိုးစေရာ..."
"ကျွန်တော်ဘာလုပ်လို့လဲ? မေမေကြီး..."
"မင်း ငါ့သားရဲ့လက်ကိုဆွဲပြီးမဟုတ်တာတွေပြောဖို့ကြံနေတဲ့ကိစ္စကိုပြောတာ..."
"အဲ့တာက...."
"မမလေး ကျွန်တော်ဝင်ပြောပါရစေ...
အခု ရိုးစေမှာကိုယ်ဝန်ရှိနေပါတယ်...
အဲ့တာကြောင့် ကိုယ်ဝန်ရှိတဲ့အကြောင်း မောင်နေလကိုပြောပြမလို့ပါ..."
"ဘာ!!...
မင်းတို့ရုပ်ရှင်လာရိုက်နေတာလား...
မဖြစ်နိုင်တာကို ဇာတ်လမ်းလုပ်ပြီး ငါ့သားကိုအပိုင်ကြံဖို့ကြိုးစားနေကြတာပေါ့လေ..."
"ကျွန်တော်တို့တကယ်ပြောတာပါ မေမေကြီး..."
"တော်....
ဆက်မပြောနဲ့တော့...
အဟက် ငါ့သားနဲ့တစ်ညအိပ်ရုံနဲ့ဗိုက်ကြီးသွားတယ်ပေါ့လေ...
ဒီစကားကိုငါကယုံရမှာလား...
ယောက်ျားတစ်ယောက်ကဗိုက်ကြီးတယ်တဲ့ အဟက်...
မင်းတို့သားဖ၂ယောက်လုံး ငါ့အိမ်ကထွက်သွားကြတော့..."
"အဲ့လိုမလုပ်ပါနဲ့ မေမေကြီး...
ကျွန်တော် အကိုလေးကိုမပြောပါဘူး...
ကျွန်တော်တို့သားဖကိုတော့ အိမ်ကနေမနှင်ထုတ်ပါနဲ့..."
"မင်းကိုပြောထားပြီးသားလေ...
ငါ့သားကိုမပြောပါနဲ့ဆိုတာကို...
မင်းက အခုပြောဖို့ကြံတယ်လေ...
ဒါနဲ့တင်မဟုတ်ဘူး မဖြစ်နိုင်တာကိုပါဇာတ်လမ်းလုပ်ပြီး ငါ့သားကိုအပိုင်ကြံဖို့စဉ်းစားနေတာလေ...
ဒီမှာ မင်းတို့အတွက်နစ်နာကြေးလို့သဘောထားလိုက်..."
ပြောလည်းပြော ဒေါ်ဟန်နီက ရိုးစေတို့ရဲ့အရှေ့ကို ချက်လက်မှတ်တစ်စောင် ပစ်ပေးလေသည်..။
"မလုပ်ပါနဲ့မေမေကြီးရယ်...
ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော်တို့ကိုနှင်မထုတ်ပါနဲ့နော်..."
ရိုးစေမှာ ဒူးထောက်ပြီးတောင်းပန်နေပါသော်လည်း ဒေါ်ဟန်နီကတော့ သူမပြောခဲ့တဲ့စကားကို ပြန်ပြင်ဖို့စိတ်ကူးမရှိပေ..။
"ထ သွားရအောင်..."
"ဖေဖေ..."
"သွားမယ်...
ဖေဖေတို့ကိုမကြည်ဖြူတဲ့အိမ်မှာ ဆက်မနေသင့်တော့ဘူး...
သွားကြမယ်..."
"ဒါပေမယ့်..."
"ရိုးစေရာ!...
ဖေဖေက သွားမယ်ဆိုသွားမယ်ပေါ့..."
ဦးလင်းမြိုင်ရဲ့အော်သံကြောင့် ရိုးစေမှာလန့်သွားရသည်..။ အဖေကိုကြောက်တာကြောင့် ရိုးစေမှာ ကြောက်ကြောက်လန့်လန့်နဲ့ထရပ်လိုက်ရသည်..။ ဒေါ်ဟန်နီပစ်ပေးထားတဲ့ချက်လက်မှတ်ကို မယူဘဲ ဒေါ်ဟန်နီကိုတစ်ချက်စိုက်ကြည့်ပြီး အိမ်ကနေထွက်လာလိုက်သည်..........
"ဒေါက်!...ဒေါက်!..."
အခန်းရှေ့ကတံခါးခေါက်သံကြားမှသာ ရိုးစေရဲ့အတွေးတွေလွှင့်စင်သွားပြီး မျက်ရည်တွေကိုသုတ်လိုက်သည်..။
"ကိုလေး စစ်ကထမင်းစားမလို့တဲ့..."
"သြော် အင်းအင်း ကိုလေးလာပြီ..."
ကျွန်တော်ပြောဖို့ကြိုးစားပါသေးတယ် နေလဂုဏ်ရောင်ကိုယ်တိုင်ကိုက နားမထောင်ခဲ့တာပါ..
အဲ့အချိန်တုန်းကတောင် ကျွန်တော့်စကားကိုသူနားမထောင်ပေးခဲ့ဘူးလေ...
အခုချိန်မှာသွားပြောရင်ရော သူလက်ခံပါ့မလား...
သူတောင်မသိဘဲနဲ့ သူ့ကလေးပါဆိုပြီးသွားပြောလိုက်ရင် စစ်ကိုတောင်မုန်းသွားမလား...
စိုးရိမ်စိတ်တွေကြောင့် ကျွန်တော်ဖွင့်ပြောဖို့အားမရှိဘူး...
အကယ်၍နေလဂုဏ်ရောင်သာ ပိုက်ဆံရှိခဲ့လို ဖေဖေ့ရဲ့အကြွေးတွေကိုဆပ်နိုင်သွားပြီဆိုရင်တောင် ကျွန်တော်ကွာရှင်းပေးလိုက်ဖို့အဆင်သင့်ဖြစ်နေပြီ..။
အနည်းဆုံးတော့ သူ့ဘက်ကစစ်ကိုချစ်ပေးခဲ့တယ်လေ..။ နေလဂုဏ်ရောင်ရဲ့ဘေးက ထွက်သွားရတော့မယ်ဆိုတဲ့နေ့ရောက်မှသာ သူယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ..စစ်ကသူ့သားဆိုတာကို ပြောပြလိုက်မယ်လို့ ဆုံးဖြတ်ထားသည်..။
ရိုးစေလည်း ဆက်မတွေးနေတော့ဘဲ မျက်ရည်တွေကိုသုတ်လိုက်ကာ အခန်းထဲကနေ ထွက်လာလိုက်သည်..။
ပြန်တွေးမိတိုင်း အန်တီ့ကိုအရမ်းမုန်းတာပဲ...
___________________________
"ရိုးစေရာရှိလား..."
"ဘာကိစ္စရှိလို့လဲ? မမလေးဝသုန်..."
"ငါ ရိုးစေရာဆီလာတာ...
သူ့ကိုခေါ်ပေး..."
အိမ်ထဲကိုတန်းဝင်လာကာ ကိုလေးကိုမေးနေတဲ့ဝသုန်ကြောင့် လရောင်ရှေ့ကနေမေးနေရသည်..။
"ရိုးစေရာကို ခေါ်ပေးလို့ပြောနေတယ်လေ..."
"ဘာကိစ္စရှိလို့လဲ? မဝသုန်...
လရောင် ဟင်းအိုးလေးသွားကြည့်ထားပေးပါ.."
"ဟုတ် ကိုလေး..."
"မဝသုန် ဘာကိစ္စရှိလို့လဲ?..."
"နင့်သားက ကိုကိုနဲ့ရတာဆိုဟုတ်လား..."
"ဘယ်ကနေဘယ်လိုသိတာလဲ?မဝသုန်..."
"ငါဘယ်ကနေသိတယ်ဆိုတာ အရေးကြီးလို့လား...
ဟုတ်လား မဟုတ်လားဆိုတာသာ ဖြေ..."
"ဟုတ်တယ် မဝသုန်ကြားတာအမှန်ပဲ..."
"အဟက် နင်ကတော်တော်အရှက်မရှိတာပဲ...
ကိုယ့်ကိုမချစ်တဲ့လူတစ်ယောက်ရဲ့ကလေးကိုများ ဘယ်လိုစိတ်နဲ့မွေးထားသေးလဲမသိဘူး..."
"အဲ့တာကျွန်တော့်ကိစ္စပါ...
ပြီးတော့ နေလဂုဏ်ရောင်က ကျွန်တော့်ကိုမချစ်ဘူးလို့ ဘာကြောင့်ထင်ရတာလဲ?..."
"ရှင်းနေတာပဲလေ...
နင့်ကိုသာချစ်တယ်ဆို ငါနဲ့တွဲနေပါတော့မလား..
ကိုယ့်ကိုယ်ကိုအထင်ကြီးနေသေးတယ်...
နင့်ကိုဘယ်တုန်းက ချစ်တယ်လို့ ကိုကိုကပြောဖူးလို့လဲ?...
အခက်အခဲကြောင့်ယူလိုက်ရတာကို ဘဝင်မြင့်မနေနဲ့...
နင့်ကလေးကိုလည်း ကိုကိုကအသိအမှတ်ပြုမှာမဟုတ်ဘူး..."
ဝသုန့်ရဲ့စကားတွေကြောင့် ရိုးစေမျက်နှာပျက်သွားလေသည်..။ ပျက်သွားတဲ့မျက်နှာကိုမနည်းပြန်ထိန်းလိုက်ပြီး ဝသုန်ကိုစကားပြန်ပြောဖို့ပြင်လိုက်သည်..။
"အဟက်...
မဝသုန်လည်း ကိုယ့်ကိုယ်ကိုအထင်ကြီးနေတာပဲ...
နေလဂုဏ်ရောင်က ကျွန်တော့်ကိုချစ်တယ်လို့မပြောဖူးဘူးဟုတ်တယ်...
အဲ့တာကလည်း ပြောစရာမှမလိုတော့တာလေ..
ဘာလို့ဆို နေလဂုဏ်ရောင်နဲ့ကျွန်တော်ကအတူအိပ်ပြီးပြီလေ..."
"ဘာ!....
နင်ဘာစကားပြောတာလဲ?..."
"မြန်မာစကားပဲပြောလိုက်တာလေ...
မယုံရင် နေလဂုဏ်ရောင်ကိုသွားမေးလိုက်...
အင်း....ကျွန်တော်တို့က တရားဝင်လက်ထပ်ထားတဲ့သူတွေပဲလေ..ဒီလိုမျိုးကိစ္စတွေကဆန်းမှမဆန်းတာနော်...
မနေ့ကညကတောင် အဟင်း...."
"အား!!...နင် နင် လူယုတ်မာ...
အား!!...ခွမ်း!.."
ရိုးစေရဲ့စကားတွေကြောင့် ဝသုန်မှာဒေါသတွေထွက်ပြီး စားပွဲပေါ်က ပန်းအိုးပေါက်ခွဲလိုက်သည်..။
"ခင်ဗျားဘယ်လိုလုပ်လိုက်တာလဲ?...
ရမ်းကားချင်တိုင်းရမ်းကားရအောင်..ဒါ ခင်ဗျားအိမ်မဟုတ်ဘူးနော်..."
"နင် လူယုတ်မာ...
အယုတ်တမာကောင်..."
ဒေါသတကြီးနဲ့ ရိုးစေကိုပါးကိုရိုက်ဖို့ပြင်လိုက်သည်..။ ရိုးစေကအချိန်မှီလက်ကိုဆွဲကိုင်ထားလိုက်တာကြောင့် ထိမသွားဘဲ ဝသုန့်ရဲ့အတင်းဆွဲကိုင်ထားလိုက်သည်..။
"ရိုးစေရာ ငါ့လက်ကိုလွှတ်စမ်း..."
"ခင်ဗျားတို့လုပ်သမျှငြိမ်ခံနေရအောင် ခင်ဗျားတို့အလုပ်သမားမဟုတ်ဘူး..."
"နင် နင်..."
"ရိုးစေရာ မင်းအခုဘာလုပ်နေတာလဲ?.."
အသံကြားတာမို့လှည့်ကြည့်လိုက်တော့ နေလဂုဏ်ရောင်ဖြစ်နေသည်..။
"ဝသုန့်လက်ကို လွှတ်ပေးလိုက်လေ...
ဟာ...လွှတ်ပေးလိုက်ပါဆိုမှ..."
နေလဂုဏ်ရောင်က အနားကိုလျှောက်လာကာ ဝသုန့်လက်ကိုကိုင်ထားတဲ့ ရိုးစေရဲ့လက်ကိုအတင်းဆွဲဖြုတ်လိုက်သည်..။ ရိုးစေမှာ ဘာပြောရမှန်းမသိရလောက်အောင် ကြောင်နေမိသည်..။
"ကိုကို့!...သူ ဝသုန့်လက်ကိုအတင်းဆုပ်ကိုင်ထားတာ ကြည့်ပါဦးနီရဲသွားပြီ..."
"ရိုးစေရာ မင်းမိန်းကလေးတစ်ယောက်ကို ဒီလောက်အကြမ်းပတမ်းလုပ်စရာလား..."
"ငါ့ကိုပြောတာလုပ်တာတွေကိုကျတော့ မင်းမမြင်ဘဲနဲ့..."
"ဘာပဲဖြစ်ဖြစ်လေ...
မင်းဝသုန့်ကိုဒီလောက်ထိမလုပ်သင့်ဘူး..."
"ဘာ!..."
သူ့မိန်းကလေးထိလို့ဆိုပြီး ပြောနေတဲ့နေလကိုကြည့်ပြီး ရိုးစေမှာ ပြန်မပြောနိုင်လောက်အောင် ဆွံ့အနေမိသည်..။
"အ!...ပါပါး..."
"ဟင်...စစ်..."
စစ်ရဲ့အသံကိုကြားတာမို့ လှည့်ကြည့်လိုက်တော့ ကွဲသွားတဲ့ပန်းအိုးရဲ့ ဖန်ကွဲစတွေဘေးမှာငုတ်တုတ်လေးထိုင်နေသည်..။ ရိုးစေလည်း စစ်အနားကိုလျှောက်သွားလိုက်သည်..။
"စစ် သားဘာဖြစ်တာလဲ?..."
"ပါပါး နာ နာ..."
"ဟင်..."
စစ်က ခြေထောက်လေးကိုပြကာ နာ ဆိုပြီးပြောနေသည်မို့ ရိုးစေလည်းစစ်ရဲ့ခြေထောက်လေးကိုကြည့်လိုက်တော့ ခြေထောက်သေးသေးလေးမှာစိုက်နေတဲ့ဖန်ကွဲစလေးကိုတွေ့ရသည်..။
"နာနေလားဟင်...
ပါပါး ယူပေးမယ်နော်..."
"ဟုတ်..."
ရိုးစေလည်း သားရဲ့ခြေထောက်ကဖန်ကွဲစကိုဆွဲယူလိုက်သည်..။
"အား!...ပါပါး ဟင့် နာရယ်..."
"မနာတော့ဘူးနော်...
ပါပါးဆေးထည့်ပေးမယ်..."
သားကနာလို့ဆိုပြီးငိုနေတာကြောင့် ရိုးစေမှာလည်း ထပ်တူမျက်ရည်ကျနေရသည်..။
"တိတ်တိတ် ပါပါးဆေးထည့်ပေးမယ်နော်..."
"သား..."
"ကိုကို..."
နေလက စစ်တို့ဆီသွားမယ်ပြင်လိုက်သော်လည်း ဝသုန်ကလက်နဲ့ဆွဲထားတာကြောင့် ခြေလှမ်းတွေရပ်တန့်သွားခဲ့ရသည်..။
"လာ ဝသုန်...
ရှင်းစရာရှိတယ်..."
နေလက ဝသုန့်ရဲ့လက်ကိုဆွဲပြီး အပြင်ကိုခေါ်ထုတ်သွားလေသည်..။
ငါဟာ မင်းအတွက် ရွေးချယ်စရာတစ်ခုသာဖြစ်ခဲ့မယ်ဆိုရင်...ငါမဟုတ်တဲ့အခြားတစ်ယောက်ကို ရွေးချယ်လိုက်ပါ....
ဘာလို့ဆို..မင်းပေးတဲ့နာကျင်မှုတွေက ငါ့အတွက်နေသားကျနေပြီလေ...
နေသားကျနေပြီဆိုသော်ငြား ရိုးစေရင်ထဲမကောင်းပေ..။ အခုချိန်မှာသိလိုက်ရတာ နေလဂုဏ်ရောင်ဆိုတာ ကျွန်တော်မပိုင်ဆိုင်နိုင်တဲ့လူတစ်ယောက်ဆိုတာပဲ..။
ကိုယ့်ကိုယ်ကိုအထင်ကြီးနေခဲ့တာပဲ ရိုးစေရာ..
ရိုးစေလည်း စစ်ကိုပွေ့ချီလိုက်ပြီး စစ်ရဲ့ဒဏ်ရာကိုဆေးထည့်ပေးလိုက်သည်..။
နေလကတော့ ဝသုန့်ရဲ့လက်ကိုဆွဲပြီး အိမ်ကြီးရှေ့ရောက်သည်အထိ ဆွဲခေါ်လာလိုက်သည်..။
"ကိုကို လွှတ်တော့...
ဝသုန့်လက်နာနေပြိ..."
"ဝသုန် ဒီကိုဘာလာလုပ်တာလဲ?...
သူတို့ဘာသာနေတာကို ဘာလို့လာလာနှောင့်ယှက်နေရတာလဲ?..."
"ဘာ! နှောင့်ယှက်တယ်...
ဝသုန်က နှောင့်ယှက်နေတယ်တဲ့လား...
ဟုတ်ပါတယ် ဝသုန်က ကိုကိုတို့မိသားစုကိုလာနှောင့်ယှက်မိတာပါ.."
"ကိုကိုပြောတာ အဲ့လိုမဟုတ်ဘူးဝသုန်...
ရိုးစေရာတို့က သူတို့ဘာသာနေတာလေ...
ဝသုန်ကသာ အိမ်ထိလိုက်ပြီး ပြသနာလာရှာတာလေ...
အခု ကြည့်ပြီး ကလေးရဲ့ခြေထောက်ကိုထိသွားပြီ..."
"ကိုကို အခုအဲ့ကလေးခြေထောက်ထိသွားလို ဝသုန့်ကိုပြောနေတာပေါ့လေ...
ရတယ် ကိုကိုကမလာခိုင်းမှတော့ ဝသုန်ဒီအိမ်ကို ဘယ်တော့မှမလာတော့ဘူး.."
ပြောပြီးတာနဲ့ ဝသုန်က ကားပေါ်တက်ကာ မောင်းထွက်သွားလေသည်..။ နေလလည်း ခေါင်းကိုသာကုတ်လိုက်ပြီး ရိုးစေတို့အိမ်ဆီပြန်လာလိုက်သည်..။ ရိုးစေတို့အခန်းဆီလျှောက်လာလိုက်ပြီး စစ်ဆီသွားဖို့ပြင်လိုက်သည်..။
"စစ်.."
"ငါ့သားဆီမလာပါနဲ့...
ငါ့သားကိုငါစောင့်ရှောက်လို့ရတယ်..."
ရိုးစေရဲ့စကားကြောင့် အခန်းထဲခြေလှမ်းဖို့ပြင်နေတဲ့ နေလရဲ့ခြေလှမ်းတွေရပ်တန့်သွားလေသည်..။ နေလလည်း ဘာမှမပြောချင်တော့တာကြောင့် သက်ပြင်းသာချလိုက်ပြီးအခန်းထဲကထွက်လာပေးလိုက်သည်..။
__________________________________________________________
အများကြီးပဲနော်😎
11.1.2021
💙Chel💙