"ကိုကို ဒီနေ့ရုပ်ရှင်သွားကြည့်ရအောင်လေ..."
"ဒီနေ့ ကိုကိုအပြီးသတ်လုပ်ရမယ့်အလုပ်တွေရှိသေးတယ်..."
"ကိုကိုအခုတလောပြောင်းလဲလာတယ်...
ဝသုန့်ကိုအရင်ကလောက် ဂရုမစိုက်တော့ဘူး..."
"မဟုတ်ပါဘူး ဝသုန်ရယ်...
ကိုကိုအလုပ်မပြီးသေးလို့ပါ..."
"မသိဘူး ကိုကိုဒီရက်တောတွင်း ဝသုန့်ကိုပြစ်ထားတယ်...
ကိုကို ဝသုန့်ကိုမချစ်တော့ဘူး.."
"မဟုတ်ပါဘူး ဝသုန်ရယ်..."
"မရဘူး မရဘူး...
ကိုကို ညကျမှလုပ်လိုက်ပေါ့...
ဝသုန်နဲ့ကိုကို အတူတူမသွားဖြစ်တာကြာပြီလေ..."
"ဟင်း.......
အင်းအင်း အဲ့တာဆိုလည်း သွားကြမယ်လေ..."
"ဟုတ်...
အဲ့တာကြောင့် ကိုကို့ကိုချစ်နေတာ ရွှတ်..."
"အင်းပါ..."
ပါးကိုနမ်းလာတဲ့သူမလေးကြောင့် နေလလည်း အားနာမိသွားသည်..။ ရိုးစေအပေါ်ဖြစ်နေတဲ့ခံစားချက်တွေကရော ထားသင့်ရဲ့လား...။
ဝသုန့်အတွက်ရော တရားရဲ့လား..။
နေလလည်း သက်ပြင်းသာအခါခါချလိုက်ပြီး ဝသုန်နဲ့လိုက်လာခဲ့လိုက်သည်..။
....................................
ရုပ်ရှင်ရုံက ကုန်တိုက်ရဲ့အပေါ်ဆုံးထပ်မှာဖြစ်တာကြောင့် နေလတို့လည်း အပေါ်ကိုတက်လာလိုက်သည်..။ လျှောက်လာရင်း ကော်ဖီဆိုင်တစ်ဆိုင်မှာ တစုံတယောက်ကိုတွေ့လိုက်ရသည်..။
ကော်ဖီဆိုင်ထဲမှာထိုင်ရင်း ပြုံးပြုံးရွှင်ရွှင်နဲ့စကားပြောနေတဲ့ရိုးစေနဲ့ဒေါက်တာလင်းထက်ကို တွေ့လိုက်ရခြင်းဖြစ်သည်..။ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် နေလဟာလည်း စိတ်တိုသွားလေသည်..။ ဆိုင်ထဲဝင်ပြီး ဝုန်းဒိုင်းကြဲလိုက်ချင်ပေမယ့် ဘေးမှာလည်းဝသုန်ပါနေတာရယ် ဆိုင်ထဲမှာလည်းလူတွေအများကြီးရှိနေတာကြောင့် ဘာမှပြောမနေတော့ဘဲ ဝသုန်နဲ့အတူလျှောက်လာလိုက်သည်..။
"ကိုကို ရုပ်ရှင်လက်မှတ်ဝယ်မယ်လေ..."
"အင် အင်း..."
ရိုးစေရာဆီစိတ်ရောက်နေတာနဲ့ ရုပ်ရှင်ရုံရှေ့ဘယ်လိုရောက်လာမလဲတောင်မသိဖြစ်သွားရသည်..။ နေလလည်း ရုပ်ရှင်လက်မှတ်သွားဝယ်လိုက်ပြီး ဝသုန့်ဆီပြန်လာလိုက်သည်..။
"ဟာ ကိုကိုကလည်း...
စားဖို့ပါတခါတည်းဝယ်လာခဲ့တာမဟုတ်ဘူး..."
"အဲ့တာက ဝသုန်ကြိုက်တာသွားဝယ်လေ...
ကိုကို toiletခဏသွားလိုက်ဦးမယ်..."
"အင်းအင်း...
အဲ့တာဆိုလည်း ဝသုန်ဒီနားမှာပဲစောင့်နေလိုက်မယ်..."
"အင်းအင်း..."
နေလလည်း ဝသုန့်ကိုထားခဲ့ပြီး ခုနကရိုးစေရာတို့ကိုတွေ့ခဲ့တဲ့ကော်ဖီဆိုင်ဆီ လျှောက်လာလိုက်သည်..။ ကော်ဖီဆိုင်ရောက်တော့ ရိုးစေရာတို့ကိုမတွေ့တော့ပေ..။ နေလလည်း ဘေးနားမှာရှိနေတဲ့ဆိုင်တွေမှာ လိုက်ရှာလိုက်သည်..။
"အင့်!..."
"အာ sorry sorry...
ဟင် ရိုးစေရာ..."
ဆိုင်တွေဘက်ကိုလိုက်ကြည့်နေရင်း နေလတစ်ယောက်လူတစ်ယောက်နဲ့တိုက်မိလေသည်..။ တောင်းပန်မလို့ဆိုပြီး လှည့်ကြည့်လိုက်ရာက ရိုးစေရာဖြစ်နေသည်..။
"နေလဂုဏ်ရောင်..."
"အင်း ငါမင်းကိုလိုက်ရှာနေတာ...
ဒီကိုဘာလာလုပ်တာလဲ?..."
"စစ်အတွက်လိုအပ်တာလေး လာဝယ်တာပါ.."
"စစ်အတွက်လိုအပ်တာဆို စစ်နဲ့လာပါလား...
ဘာလို့ သူနဲ့...ဟင်း......."
"ကိုယ်က ရိုးကိုခေါ်လာတာပါ...
စစ်က မလိုက်ချင်ဘူးဆိုလို့ထားခဲ့တာပါ..."
"အဟက် ဖြစ်ရတယ် စစ်ကပဲမလိုက်ချင်ဘူးဖြစ်ရသေးတယ်..."
"စစ်ကLeoတို့နဲ့ဆော့နေမယ်ဆိုလို့ ထားခဲ့လိုက်တာ...
မင်းပြောစရာကုန်ပြီဆို ငါတို့သွားတော့မယ်.."
ပြောပြီးတာနဲ့ ရိုးစေတို့က ဘေးကနေရှောင်သွားဖို့ပြင်လိုက်သည်..။
"နေဦး..."
ပြောပြောဆိုဆိုနဲ့နေလက ရိုးစေရဲ့လက်ကိုဆွဲကိုင်လိုက်ပြီး သူ့နားကိုဆွဲခေါ်လိုက်သည်..။
"ဘာလုပ်တာလဲ?...
လူတွေနဲ့နော်..."
"ရှက်တတ်ရင် ဘာလို့ဒီလူနဲ့လာသေးလဲ?...
မင်းနော်မင်း ငါမပြောလိုက်ချင်ဘူး...
မင်းကလူပျိုမဟုတ်တော့ဘူးနော်...
ယောက်ျားလည်းရှိတယ် ကလေးလည်းရှိတယ် အဲ့တာကိုသတိရ..."
"ငါ့အကြောင်းငါသိတယ်...
မင်းပြောစရာမလိုဘူး..."
"မသိလို့ပြောနေရတာပေါ့..
ယောက်ျားနဲ့ကလေးရှိရက်နဲ့တောင် ကြောင်တောင်နှိက်ချင်နေတဲ့လူတွေကရှိသေးတယ်..."
"မင်း အပြောအဆိုဆင်ခြင်စမ်းပါ နေလဂုဏ်ရောင်...
အဲ့စကားက မင်းကိုပြောရမှာ...
မင်းတောင် ဒီကိုမင်းချစ်သူနဲ့လာတာမဟုတ်ဘူးလား...
ကိုယ့်ကိုယ်ကိုဘာလုပ်နေလဲ ကိုယ်ပြန်စဉ်းစား..."
ပြောပြီးတာနဲ့ ရိုးစေက ဒေါက်တာလင်းထက်ကိုခေါ်ပြီး ထွက်သွားလေသည်..။
"ရိုးစေရာ ရိုးစေရာ ကျစ်...
ဟာကွာ..."
နေလလည်း ဆံပင်တွေကိုသာလက်နဲ့ထိုးဖွလိုက်ပြီး ကျန်နေခဲ့လေသည်..။
Ringing...Ringing....
"Hello!..."
".........."
"သြော် ဝသုန် ကိုကိုအခုလာပြီ..."
".........."
"အင်းအင်း..."
ဝသုန့်ဆီကဖုန်းလာမှပဲ နေလလည်း သတိရပြီး ဝသုန့်ဆီကိုပြန်ပြေးလာလိုက်သည်..။ ရုပ်ရှင်ကြည့်လည်းစိတ်ပါတော့မှာ မဟုတ်ဘူးလေ..။
ရိုးစေရာ မင်းတော်တော်ဆိုးတာပဲ..။
~~~~~~~~~~~~~~~~~
နေလတစ်ယောက် အိမ်ပြန်ရောက်လို့ ကားရပ်ပြီဆိုတာနဲ့ ရိုးစေတို့အိမ်ဘက်ကိုအမြန်လျှောက်လာလိုက်သည်..။ ရိုးစေတို့အိမ်ရောက်တော့ ဧည့်ခန်းထဲမှာTVထိုင်ကြည့်နေတဲ့သားဖ၂ယောက်ကိုတွေ့ရလေသည်..။
"ဦးဦး ပြန်လာပြီလား..."
"အင်း စစ်ကကာတွန်းကြည့်နေတာလား..."
"ဟုတ်..."
"အဲ့တာဆို စစ်တစ်ယောက်တည်းကြည့်နေဦးနော်...
ဦးဦးပါပါးကို ခဏခေါ်သွားဦးမယ်နော်..."
"ဟင်..."
"လာ..."
"နေလဂုဏ်ရောင် ဘာလုပ်တာလဲ?..."
"ကလေးရှိတယ် ငြိမ်ငြိမ်လေးလိုက်လာခဲ့..."
ရိုးစေလည်း စစ်ရှိနေတာကြောင့် ဘာမှပြန်မပြောနေတော့ဘဲ နေလဆွဲခေါ်ရာလိုက်လာခဲ့လိုက်သည်..။
သူ့အခန်းထဲအတင်းဆွဲခေါ်ကာ တံခါးကိုပါပိတ်လိုက်လေသည်..။
"ဘာလဲ? ဘာပြောမလို့လဲ?..."
"မင်း ဒီနေ့ဘယ်လို လုပ်သွားတာလဲ?..."
"ဘာကိုလဲ?..."
"မင်း ငါ့ကိုပြောသွားတာလေ...
မင်းနဲ့အဲ့လူက ဘာတွေလဲ?...
မင်းတို့၂ယောက်ကကြိုက်နေတာလား..."
"မင်းဘာတွေပြောနေတာလဲ?...
ငါတို့ကြိုက်တယ်မကြိုက်ဘူးဆိုတာ ငါ့ရဲ့personalကိစ္စပါ...
မင်းနဲ့ဘာမှမဆိုင်ဘူး..."
ပြောပြီးတာနဲ့လှည့်ထွက်ဖို့ပြင်လိုက်သော်လည်း နေလကလက်ကိုဆွဲပြီး ကုတင်ပေါ်ကိုထိုင်ချစေလိုက်သည်..။
"ဘာလုပ်တာလဲ?..."
"ရိုးစေရာ မင်းအဲ့လူနဲ့မပတ်သတ်ပါနဲ့...
ငါ ငါမကြိုက်ဘူး..."
လူကိုစိုက်ကြည့်ပြီးပြောလာတဲ့လူကြောင့် ရိုးစေမှာကြောင်ပြီး ပြန်ကြည့်နေမိသည်..။ နေလကပင် အရင်အကြည့်လွှဲလိုက်ပြီး လက်ကိုဘောင်းဘီအိတ်ကပ်ထဲထည့်ကာ သက်ပြင်းအခါခါချနေသည်..။
"ငါ့ကို အဲ့လိုအကြည့်နဲ့မကြည့်နဲ့...
ဟူး......"
ရိုးစေလည်း နေလဖြစ်နေတဲ့ပုံစံကို သေချာစိုက်ကြည့်နေမိသည်..။
သူဘာဖြစ်နေတာလဲ?...
မဟုတ်မှလွဲရော နေလဂုဏ်ရောင် သဝန်တိုနေတာလား?...
"ဟာ့!...ငါ့ကိုအဲ့လိုမကြည့်နဲ့လို့..."
အကြည့်ချင်းအဆုံမခံဘဲ ကျောပေးပြီးရပ်နေသူကြောင့် ရိုးစေလည်းတစ်ချက်ပြုံးပြီး ထရပ်လိုက်သည်..။
"နေလဂုဏ်ရောင် မင်းငါ့ကိုသဝန်တိုနေတာလား..."
"ဘာ!...ဘာတွေလာပြောနေတာလဲ?...
ရူးနေလား ရိုးစေရာ...
ဟက် ငါကပဲသဝန်တိုရဦးမယ် ဟက်ဟက်..."
လူကိုလှောင်သလိုပြောပြီး ရယ်နေသူကြောင့် ရိုးစေလည်း နေလကိုကုတင်ပေါ်ကို တွန်းချလိုက်သည်..။ အတွန်းခံလိုက်ရတာကြောင့် နေလက ကုတင်ပေါ်မှာ ထိုင်လျက်သားဖြစ်သွားလေသည်..။ ထိုင်လျက်ဖြစ်နေတဲ့ နေလရဲ့ပေါင်ပေါ်ကိုရိုးစေကထိုင်လိုက်သည်..။
အသားချင်းထိကပ်နေတာကြောင့် နေလမှာဒူးမတုန်မိအောင် မနည်းထိန်နေရသည်..။
"မင်း ဘာ ဘာလုပ်နေတာလဲ?..."
"အဟင်း..."
ရိုးစေလည်းထိုင်လျက်သားကနေ နေလရဲ့လည်ပင်းကိုသိုင်းဖက်လိုက်ပြီး နေလကိုစိုက်ကြည့်လိုက်သည်..။ နေလကတော့ အကြည့်မဆုံပေ..။ အခြားတနေရာကိုသာ ကြည့်နေသည်..။
"ငါ့ကိုကြည့်ပါဦး နေလဂုဏ်ရောင်..."
"မင်းဘာလုပ်နေတာလဲ? ရိုးစေရာ...
ပြောစရာကုန်ပြီ အခန်းထဲကထွက်သွားတော့..."
ပြောသာပြောနေတာ နေလရဲ့လက်က ရိုးစေရဲ့ခါးကိုလွှတ်မပေးဘဲ တင်းတင်းဖက်ထားလေသည်..။
နေလရဲ့အင်္ကျီကြယ်စေ့ကိုတစ်လုံးချင်းစီဖြုတ်ပေးလိုက်ပြီး ရိုးစေရဲ့လက်တစ်ဖက်က အင်္ကျီအတွင်းထဲကိုလက်ဝင်သွားလေသည်..။
"ငါ့ကိုသဝန်တိုနေလားလို့...
ငါမေးနေတယ်လေ ပြန်ဖြေပါဦး..."
ပြောလည်းပြော ရိုးစေရဲ့လက်တွေက နေလရဲ့ရင်ဘက်ကိုပွတ်သပ်နေလေသည်..။ နေလမှာလည်း မရိုးမယွဖြစ်လာကာ တံတွေးကိုပင်မြိုချနေရသည်..။
"မ မဟုတ်ဘူးလို့ ဘယ်နှခါပြော ပြောရမလဲ?.."
"အဟက် ဟုတ်လား...
ဒါမျိုးလေးဆိုရင်ရော..."
ရိုးစေရဲ့လက်တွေက နေလရဲ့ရင်ဘက်ကို ဖြေးဖြေးလေးညှစ်ပြီး ကလိနေသည်..။ နေလရင်ဘက်ကလည်း တဒုတ်ဒုတ်နဲ့မြည်နေတာကြောင့် ရိုးစေပြုံးနေမိသည်..။
"ရိုးစေရာ အခု အခုဆင်းတော့နော်...
ငါစိတ်ကိုလာဆွနေလည်းအပိုပဲ...အာ့!...
ငါ ဘာ ဘာမှမဖြစ်ဘူး..အာ့! အင်း!..."
ရိုးစေပြုသမျှကို နေလတစ်ယောက်ဟာလည်း သာယာနေခဲ့သည်..။
"ရိုးစေရာ ငါ့စိတ်ကိုလာမဆွနဲ့နော် အင်း!..."
အောက်တစ်နေရာက လာထိနေတဲ့အရာကြောင့် ရိုးစေလည်း လုပ်နေတဲ့လုပ်ရပ်ကိုရပ်တန့်လိုက်သည်..။
"ကျန်တာ ကိုယ့်ဘာသာကိုယ်ရှင်းလိုက်တော့.."
ပြောပြီးတာနဲ့ နေလရဲ့ပေါင်ပေါ်ကနေထကာ အခန်းထဲကထွက်လာလိုက်သည်..။
"ငါ ဘာတွေလုပ်ခဲ့မိတာလဲ?...
တော်သေးတာပေါ့ စောစောစီးစီးထွက်လာမိလုိ့...
မဟုတ်ရင်...."
ရိုးစေလည်း ကိုယ်လေးတုန်ပြီး အခန်းထဲအမြန်ဝင်လာလိုက်သည်..။
ကျန်နေခဲ့တဲ့ နေလမှာတော့...
"ရိုးစေရာ လုပ်သွားပြန်ပြီ..."
ကုန်းကုန်းကွကွနဲ့ပဲကုန်းထလိုက်ပြီး ရေချိုးခန်းရှိရာကို အမြန်ပြေးသွားလိုက်ရသည်..။
_____________________________
"ဒေါက်!...ဒေါက်!..."
"Leo ဒီလိုပဲလုပ်နေတော့မှာလား...
ကိုကိုမနေ့ကညရော ဒီနေ့တကုန်ရော မတွေ့ရသေးဘူး...
ဘာတွေလုပ်နေတာလဲ?..."
အခန်းထဲက ပြန်ဖြေသံမကြားရတာကြောင့် အဂ္ဂနည်းနည်းတော့ စိတ်တိုမိသည်..။
"ဒုန်း!..."
"Leo ဒီလိုပဲလုပ်နေတော့မှာလား...
ကိုကိုစိတ်တိုလာပြီနော်..."
အထဲကကောင်လေးကလည်း ကြားသမျှကိုပြန်မဖြေဘဲ စောင်ကိုခေါင်းမြှီးခြုံကာ လှဲနေလေသည်..။
"အခုတော့ သရဲမကြောက်တတ်တော့ဘူးလေ..
အစကတော့ သရဲကြောက်တယ်ဆိုပြီး လာလာအိပ်ပြီးတော့..."
"အစကတည်းက မကြောက်တာ ကိုအဂ္ဂမင်းလွင်ရဲ့...
ခင်ဗျားနဲ့အတူတူအိပ်ချင်လို့ ဥာဏ်ဆင်ထားတာကို ပိန်းဥဖြစ်နေတဲ့ခင်ဗျားက မသိဘူးမဟုတ်လား...ဟွန်း..."
တိုးတိုးသာ ပြန်ပြောနေလိုက်ပြီး စောင်ထဲမှာကွေးနေလိုက်သည်..။ အရှေ့က အဂ္ဂကတော့ တစ်ခွန်းမှပြန်မဖြေတဲ့ကောင်လေးကို ဆွဲဆောင့်ပြီးသာလုပ်ပြစ်လိုက်ချင်တယ်..။
"ရတယ်...
ရိုးစေရာတို့အိမ်မှာခြောက်ခဲ့တဲ့သရဲက ဒီအိမ်ဘက်ကူးလာမှ ဟုတ်ပေ့ဖြစ်နေမယ်...
ကြည့်အိပ်နော် ဟိုနေ့ကဒေါ်ကြီးတောင်နေ့ခင်းဘက်အခြောက်ခံရတယ်လို့ပြောတယ်...
အခြောက်ခံရမှ ကိုကိုအခန်းထဲမလာခဲ့နဲ့..."
ပြောပြီးတာနဲ့အဂ္ဂလည်း အခန်းရှေ့ကထွက်လာလိုက်သည်..။ အခန်းထဲမှာရှိနေတဲ့Leoမှာတော့ အခန်းရှေ့ကအသံမကြားရတော့တာမို့ ထရပ်လိုက်သည်..။ ဘေးဘီကလည်း တိတ်ဆိတ်နေတာမို့ နည်းနည်းတော့ကြောက်မိပါသည်..။ ကိုကိုပြောသလို အဲ့သရဲကလာခြောက်ရင်ရော....
Leoလည်း စောင်နဲ့ခေါင်းအုံးကိုယူလိုက်ပြီး အဂ္ဂအခန်းဆီ အမြန်လျှောက်လာလိုက်သည်..။ အခန်းတံခါးက လော့မချထားတာမို့ အမြန်ပင်ဝင်လိုက်ပြီး အဂ္ဂရဲ့ဘေးမှာဝင်လှဲလိုက်သည်..။
"ဘာလာလုပ်တာလဲ?...
အတူမအိပ်ချင်ဘူးမဟုတ်ဘူးလား..."
"လာမပြောနဲ့ အိပ်တော့မှာ..."
"ဘာပြောတယ်...
Leoနော် ကိုကိုအလျှော့ပေးထားတယ်ဆိုပြီ ဆိုးချင်တိုင်းဆိုးနေတယ်..."
Leoကတော့ ဘာမှပြန်မပြောဘဲ ဘေးတစောင်းလှဲကာ အိပ်နေသည်..။ အဂ္ဂလည်း မေးသမျှပြန်မဖြေတဲ့ကောင်လေးအနားကိုတိုးသွားလိုက်ပြီး ခွထားလိုက်သည်..။
"ကိုအဂ္ဂမင်းလွင် ဖယ်နော်..."
"ငြိမ်ငြိမ်နေ ကိုကိုအိပ်ချင်နေပြီ..."
"ဟွန့်..."
အဂ္ဂလည်း တိတ်သွားတဲ့ကောင်လေးရဲ့ကိုယ်လေးကို ခွဖက်ထားလိုက်ပြီ အိပ်စက်လိုက်သည်..။ ကလေးဆိုးလေးဆိုတော့လည်း ချော့တစ် ခါခြောက်တစ်လှည့်နဲ့ပဲ ရှေ့ဆက်နေရသည်လေ..။
_________________________________________________________
အချိန်ဆွဲနေခြင်းမျိုးမဟုတ်ရပါ...
နောက်တစ်ပိုင်းနှစ်ပိုင်းဆို ပေါ်လာပါလိမ့်မယ်နော်...
8.1.2021
💙Chel💙