Six (စစ်) (completed)
By Myuekhoe
1.8M 114K 4.2K
စစ်မှန်သော ချစ်ခြင်းတရားကိုသာ လိုချင်မိပါ၏။ More
Part-1
Part-1(Uni)
Part-2
Part-2(Uni)
Part-3
Part-3(Uni)
Part-4
Part-4(Uni)
Part-5
Part-5(Uni)
Part-6
Part-6(Uni)
Part-7
Part-7(Uni)
Part-8
Part-8(Uni)
Part-9
Part-9(Uni)
Part-10
Part-10(Uni)
Part-11
Part-11(Uni)
Part-12
Part-12(Uni)
Part-13
Part-13(Uni)
Part-14
Part-15
Part-15(Uni)
Part-16
Part-16(Uni)
Part-17
Part-17(Uni)
Part-18
Part-18(Uni)
Part-19
Part-19(Uni)
Part-20
Part-20(Uni)
Part-21
Part-21(Uni)
Part-22
Part-22(Uni)
Part-23
Part-23(Uni)
Part-24
Part-24(Uni)
Part-25
Part-25(Uni)
Part-26
Part-26(Uni)
Part-27
Part-27(Uni)
Part-28
Part-28(Uni)
Part-29
Part-29(Uni)
Part-30
Part-30(Uni)
Part-31
Part-31(Uni)
Part-32
Part-32(Uni)
Part-33
Part-33(Uni)
Part-34
Part-34(Uni)
Part-35(Final)
Part-35(Uni)(Final)
Six(စစ်)🍀
Six(စစ်)🍀
New Fic 😁
New Fic 😁
Part-14(Uni)
28.3K 2.2K 98
By Myuekhoe
"စစ်ရေ မထသေးဘူးလား...
နေ့လယ်စာ မစားဘူးလား..."
မနက်စာစားပြီးတာနဲ့ TVကြည့်နေရင်းအိပ်ပျော်နေတဲ့စစ်ကို ရိုးစေနှိုးနေရသည်..။ ဒီနေ့မနက် Leoကလည်းမလာ မောင်ခန့်ကလည်း လရောင်နဲ့အတူစောင်တွေဝိုင်းလျှော်ပေးနေတော့ စစ်နဲ့ဘယ်သူမှအတူမကြည့်ပေးတာကြောင့် တစ်ယောက်တည်း အိပ်ပျော်နေခြင်းဖြစ်သည်..။
"ရေလည်းချိုးရဦးမှာလေ...
ထတော့...."
"ထချင်သေးဝူး..."
"နေ့လယ်စာမစားတော့ဘူးလား...
အဲ့တာဆို ပါပါးကိုကိုLeoကိုခေါ်ပြီး အကုန်ကျွေးလိုက်မှာနော်..."
"ဟွန့်...ဗိုက်ဆာရယ်..."
"ဗိုက်ဆာတာကို ဘာလို့မထတာလဲ?..."
"မထချင်လို့..."
"အဟက်...
ကဲ ထတော့...
ပါပါးရေချိုးပေးမယ်..."
"ချိုချို ချိုချိုတိုက်..."
"ဟာ သားကလည်း မကြီးမငယ်နဲ့...
ထတော့...ပါပါးနဲ့အတူသွားချိုးမယ်..."
"ချိုချိုသောက်ချင်လို့ပါဆို..."
"ထွက်မှမထွက်တာ သားကလည်း...
လာပါ ပါပါးချီသွားမယ်..."
ရိုးစေလည်း ဂျီကျနေတဲ့သားကိုအမြန်ပွေ့ချီလိုက်ပြီး ရေချိုးခန်းထဲခေါ်လာလိုက်သည်..။
..................................
"စစ် စစ်ရေ...
ကိုလေး ကိုလေး...
ဘယ်သူမှမရှိဘူးလား..."
"ရှိတယ် Leoရေ...
ဒီမှာလေ စစ်က အခုမှထမင်းကျွေးနေရလို့...
Leoရော စားပြီးပြီလား...
မစားသေးရင် ဒီမှာစားသွားလေ..."
"စားပြီးပြီ ကိုလေး...
ကိုကို ဒီနေ့စောစောပြန်လာလို့ အတူစားလိုက်တယ်လေ..."
"သြော်...အဲ့တာကြောင့် မနက်ကမလာတာလား..."
"ဟုတ်...
ညက  တရေးနိုးခေါက်ဆွဲပြုတ်ထစားပြီးတော့ ရေနွေးပူလောင်သွားတယ်လေ...
အဲ့တာနဲ့ ဒီမနက်နောက်ကျမှနိုးတာ..."
"သြော် တော်တော်လေးထိသွားလား..."
"နည်းနည်းပါးပါးပါ အခုပျောက်သွားပြီ..."
"အင်းပါ...
လာ ထိုင်လေ...
ကိုလေးတို့ TVအတူကြည့်ရအောင်..."
"ဟုတ်..."
ရိုးစေတို့လည်း TVကိုဖွင့်လိုက်ပြီးအတူထိုင်ကြည့်နေလိုက်သည်..။
"အဟက်...သိပ်ဇိမ်ရှိနေတယ်ပေါ့လေ..."
TVကြည့်နေရင်း အသံကြားလိုက်သည်မို့  ရိုးစေတို့သားဖရော Leoပါ လှည့်ကြည့်လိုက်သည်..။ တွေ့လိုက်ရသည်က နေလရဲ့ချစ်သူပင်ဖြစ်နေသည်..။
"တို့အိမ်ထဲဝင်လို့ရတယ်မလား...
မရလည်း ဝင်လာလိုက်ပြီ..."
"ဒီကအမက ဘာကိစ္စရှိလို့လဲမသိဘူး..."
"သြော် အဂ္ဂရဲ့ညီလေးပါရှိနေတာပဲ...
အဲ့တာဆို တို့ကိုတို့မိတ်ဆက်ပေးစရာမလိုတော့ဘူးပေါ့နော်..."
ရိုးစေတို့လည်း ဝသုန်ရဲ့စကားကိုဘာမှပြန်မပြောနေတော့ဘဲ ရပ်ပြီးသာကြည့်နေလိုက်သည်..။
"အင်း အိမ်လေးကတော့ မဆိုးပါဘူး...
နေတတ်သားပဲ...
အင်းပေါ့လေ အန်တီ့ဘက်ကလည်း ကြည်ကြည်ဖြူဖြူနဲ့လက်ခံထားတာမဟုတ်ဘူးဆိုတော့လည်း..."
"ဒီမှာ မဝသုန်...
ဘာကိစ္စကြောင့် ဒီကိုရောက်လာတယ်မသိပေမယ့်...
ဒီလိုစကားတွေဆက်ပြောနေမယ်ဆိုရင်တော့ လာရာလမ်းတိုင်းပြန်တာအကောင်းဆုံးပါပဲ..."
"မင်းကဘာဟုတ်လို့ဝင်နာနေတာလဲ?Leoမင်းလွင်...
ကိုယ်နဲ့မဆိုင်ရင် ဝင်မပါသင့်ဘူးနော်..."
"ခင်ဗျား..."
"Leo..."
ရိုးစေလည်း Leoရဲ့လက်ကိုဆွဲပြီး လှမ်းထိန်းလိုက်ရသည်..။
"အဟက် သိတတ်နေလိုက်ကြတာ....
ဒီမှာ ရိုးစေရာ နင်သိအောင်ငါလာပြောထားတာ
ကိုကိုကငါ့အပိုင်ပဲ...
နင်အရင်က ကိုကို့အပေါ်ဘယ်လိုစိတ်တွေရှိနေခဲ့တယ်ဆိုတာ ငါသိထားတယ်...
နင်ဘက်ကဘယ်လိုစိတ်တွေပဲရှိနေပါစေ ကိုကိုကနင့်အပေါ်ကိုဘယ်တော့မှပြန်ချစ်လာမှာမဟုတ်ဘူးဆိုတာ နင်သဘောပေါက်ထား..."
".........."
"မကောင်းတဲ့နည်းလမ်းသုံးပြီး ကိုကိုကို့အရယူထားတာကို အပျော်ကြီးပျော်မနေနဲ့...
နင့်အပျော်တွေက နောက်ထပ် ၁လ ဒါမှမဟုတ် ၂လ ဒီ့ထပ်ပိုပြီးမခံနိုင်လောက်ပါဘူး..."
"မဝသုန်!..."
"Leo စစ်နဲ့သွားထိုင်နေနော်...
ကိုလေးပဲရှင်းလိုက်မယ်..."
ရိုးစေလည်း စစ်ကိုLeoနဲ့ထားခဲ့လိုက်ပြီး ရပ်နေတဲ့ဝသုန့်ရဲ့အနားကိုလျှောက်သွားလိုက်သည်..။
"အင်း မဝသုန်ပြောသလိုပဲ ကျွန်တော်ကမကောင်းတဲ့နည်းလမ်းကိုသုံးပြီး လက်ထပ်ခဲ့တယ်ဆိာတာ ဟုတ်တယ်...
အဲ့အတွက်ကြောင့် ကျွန်တော်ပျော်နေတယ်ဆိုတာလည်း ဟုတ်တယ်...
ဒါပေမယ့် မဝသုန်ပြောသလို ကျွန်တော်အပျော်က ၁လ ဒါမှမဟုတ် ၂လပဲခံမယ်ဆိုတာကိုတော့ တစ်ခုပြောပြမယ်နော်...
ဒီကာလတွေအတွင်းမှာ နေလဂုဏ်ရောင်က ကျွန်တော့်ကိုမချစ်လာနိုင်ဘူးလို့ ပြောလို့မရဘူးလေ..."
"နင် နင်ဘာစကားပြောတာလဲ?..."
ပြုံးပြီးပြောနေတဲ့ရိုးစေရဲ့စကားကိုကြားတာနဲ့ ဝသုန်လည်းဒေါသထွက်လာလေသည်..။ ဆံပင်လေးကိုလှန်တင်လိုက်ပြီး ထပ်မံစကားဆိုလိုက်သည်..။
"အင်း....
မဝသုန်ဘက်က ကိုယ့်ချစ်သူကိုကိုယ်ပိုင်တယ်ထင်ရင်တော့ ဒီလိုလာမပြောသင့်ဘူးထင်တယ်...
အခုလာပြောနေတယ်ဆိုတော့ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိမနေလို့လား..."
"နင် နင်...."
"ပြောလို့မရဘူးနော် အခုတောင်နေလဂုဏ်ရောင်က ကျွန်တော့်ကိုစိတ်ဝင်စားနေရင်စိတ်ဝင်စားနှေမှာ..."
"နင် ယုတ်မာလှချည်လား..."
"No No...ဒီစကားပြောဖို့စောနေသေးတယ်လို့ထင်တယ်..."
"နင်ကြည့်ထားလိုက်ပါ...
ကိုကိုက နင့်ကိုမကြာခင်ကွာရှင်းမှာမို့လို့ အဆင်သင့်ပြင်ထားလိုက်..."
ဝသုန်ကပြောပြီး အိမ်ထဲကပြန်ထွက်ဖို့ပြင်လိုက်ပေမယ့် လက်ကိုဆွဲထားခြင်းခံလိုက်ရသည်..။
"ကျွန်တော့်ဘက်ကလည်း နေလဂုဏ်ရောင်ကို ကျွန်တော့်ဘက်ပါလာအောင်အစွမ်းကုန်မြှူဆွယ်သွားမှာမို့..မဝသုန်ဘက်ကကိုယ့်ချစ်သူကိုအဆုံးရှုံးမခံနိုင်ရင် အတတ်နိုင်ဆုံးဖမ်းဆွဲထားလိုက်ပါ..."
"တောက်!..."
ရိုးစေရဲ့စကားတွေကြောင့် ဝသုန်လည်းမျက်နှာကြီးနီရဲပြီး အိမ်ထဲကထွက်သွားလေသည်..။
ဝသုန်ထွက်သွားမှသာ ရိုးစေလည်းသက်ပြင်းချနိုင်တော့သည်..။ လူတွေက ငြိမ်ခံနေမယ်ဆို ပိုပြီးရောင့်တက်ချင်ကြတာပဲ..။
"ကိုလေး အရမ်းတော်တယ်...
အဲ့လိုလူတွေကို အဲ့လိုပဲပြောသင့်တာ...
ရေးးး!..."
"ရေးးး!..."
Leoကပြောပြီး လက်ခုပ်တီးလာတော့ ဘေးကသားကလည်း ဘာမှမသိဘဲလက်ခုပ်တီးလာလေသည်..။
"အဟက်....သားက ဘာလို့လက်ခုပ်တီးတာတုန်း..."
"ကိုကိုLeoတီးလို့..."
"အဟက်...အလည်လေး ရွှတ်..."
ရိုးစေလည်း သားကိုနမ်းလိုက်ပြီး ခုံမှာပြန်ဝင်ထိုင်လိုက်သည်..။
"ကိုလေးပြောလိုက်တာ အရမ်းမိုက်တယ်သိလား...
နောက်တစ်ခါ အဲ့လိုမပြောရဲအောင် ကိုနေလကို ကိုလေးဘက်ပါလာအောင် မြှူဆွယ်ထားလိုက်..."
"Leo..."
"ကိုလေးကလည်း ရှက်မနေပါနဲ့...
ကိုလေးတို့က လက်ထပ်ထားပြီးသားလူတွေ...
သူက အပြင်ကလူ...
ကိုလေးဘက်ကအသာကြီးပါဗျာ...
အဲ့မိန်းမဘက်မပါသွားအောင် မြှူဆွယ်ထားလိုက်တော့..."
"အဟက်...
အဲ့လိုက ဘယ်တော့မှဖြစ်မလာနိုင်ပါဘူး Leoရယ်..."
"ကိုလေးဘက်က အရင်စိတ်ဓာတ်ကျမနေပါနဲ့..
ကိုနေလဆိုတာကလည်း ဘာသားနဲ့ထုထားတာမို့လို့လဲ?...
ကျွန်တော်ပြောရဲတယ် တနေ့ ကိုနေလကိုလေးရဲ့အချစ်တွေကိုမြင်မှာပါ..."
"အင်းပါ အင်းပါ..."
"ပါပါး မြှူဆွယ်ရယ်ဆိုတာဘာလဲဟင်..."
"ဟင်...အာ အဲ့တာကလေ သြော် စစ် ဟိုမှာစစ်ကြိုက်တဲ့ကာတွန်းလာနေပြီကြည့်ရအောင်..."
"အင် ဟုတ်..."
စစ်ကိုအာရုံလွှဲလိုက်ပြီး မနည်းဖြေရှင်းလိုက်ရသည်..။ ပြောပြလိုက်ရင် စစ်ကလွယ်တာမဟုတ်ဘူး..။ အကုန်လျှောက်ပြောမှာ...ဟူး........
_______________________
"ညစာစားကြတော့မလို့လား..."
နေလတစ်ယောက် မေမေ့အိမ်မှာညစာသွားစားမယ်ပြင်လိုက်ပေမယ့် ထမင်းစားခန်းထဲကအသံကြားတာကြောင့် ဝင်လာလိုက်သည်..။ ထမင်းစားခန်းထဲရောက်တော့ ထမင်းစားပွဲဝိုင်းမှာအားလုံးကထိုင်နေကြသည်..။
"ဟုတ်...ဦးဦး စားပါဦးရား..."
"စစ်လေးပဲ ခေါ်မယ့်သူရှိတယ်...
ဦးဦးကို ဘယ်သူမှမခေါ်ကြဘူး..."
"မင်းစားချင်ရင် လာလေ...
ငါထည့်ပေးမယ်..."
"အဲ့လိုလုပ်ရင်ကောင်းမလား..."
"လာ လာ...ဦးဦးလာ..."
စစ်ကလှမ်းခေါ်နေတာမို့ နေလမငြင်းတော့ဘဲ စစ်ရဲ့ဘေးမှာဝင်ထိုင်လိုက်သည်..။ နေလဝင်ထိုင်တော့ လရောင်ကထိုင်နေရာကနေထပေးလေသည်..။
"လရောင် ဘာဖြစ်လို့လဲ?...
ထိုင်လေ...."
"ရပါတယ် အကိုလေး...
အကိုလေးတို့စားပြီးမှ ကျွန်တော်စားလိုက်ပါ့မယ်..."
"မဟုတ်တာ...
ထိုင်ပါ ငါဘာမှမဖြစ်ပါဘူး..."
"ရပါတယ် အကိုလေး..."
"မရပါဘူး...
ထိုင်ပါ လရောင်ရာ...
ကိုလေးတို့ကို စိတ်မကောင်းဖြစ်အောင်မလုပ်ပါနဲ့..."
"ဟုတ်..."
ရိုးစေရဲ့စကားကိုကြားမှသာ လရောင်လည်းခုံမှာပြန်ထိုင်လိုက်သည်..။
"မင်းလိုရာကိုထည့်စား..."
"အင်း..."
နေလလည်း စစ်ကိုဟင်းထည့်လိုက် ကိုယ့်ဘာသာထည့်စားလိုက်နဲ့ပဲ ညနေစာစားဖြစ်သွားသည်..။
ထမင်းစားပြီးတော့ ရိုးစေနဲ့လရောင်က ပန်းကန်တွေဆေးနေပြီး နေလကတော့ အခန်းထဲပြန်ဝင်သွားလေသည်..။ စစ်နဲ့မောင်ခန့်ကတော့ TVသွားကြည့်နေကြသည်..။
"လရောင် စစ်တို့သွားထိုင်နေတော့...
ကိုလေးနောက်ကလိုက်ခဲ့မယ်နော်..."
"ဟုတ်..."
ရိုးစေလည်း ကော်ဖီတစ်ခွက်ကိုဖျော်လိုက်ပြီးတာနဲ့ နေလရဲ့အခန်းရှေ့ကိုလျှောက်လာလိုက်သည်..။
"ဒေါက်!...ဒေါက်!..."
"ဘယ်သူလဲ?..."
"ငါပါ ရိုးစေရာ..."
"ဝင်ခဲ့လေ..."
ရိုးစေလည်း တံခါးကိုတွန်းလိုက်ပြီး အခန်းထဲကိုဝင်လာလိုက်သည်..။
"ဘာဖြစ်လို့လဲ?..."
"ကော်ဖီလာပို့ပေးတာ..."
"အထူးအဆန်းလုပ်လို့..."
"မသောက်ဘူးလား...
မသောက်ရင် ပြန်ယူသွားမယ်..."
ရိုးစေလည်း ပြန်ထွက်ဖို့ပြင်လိုက်သည်..။
"နေဦး...ထားခဲ့လိုက်..."
"စောစောကတည်းကသောက်မယ်ဆိုပြီးနေတာပဲကို..."
"ပွစိပွစိပြောမနေနဲ့ ငါအကုန်ကြားတယ်..."
"သွားတော့မယ်..."
"နေဦး...
မင်း Leoနဲ့အရမ်းရောရောနှောနှောမနေပါနဲ့..."
"ဘာလို့လဲ?..."
"ကျစ် ငါကမနေနဲ့ဆိုမနေနဲ့ပေါ့..."
"မင်းကမနေနဲ့ဆိုတိုင်း ငါကဘာလို့မနေရမှာလဲ?..."
"ရိုးစေရာ မင်းငါကိုလာရစ်နေတာလား...
ဟင်း.....မင်းကရှင်းရှင်းပြောမှသိမယ်ဆိုတော့လည်း ငါရှင်းရှင်းပဲပြောမယ်...
မင်းတို့အခုလိုအရောတဝင်နေနေတာကို အဂ္ဂကမကြိုက်ဘူးတဲ့ ငါ့ကိုလာပြောတယ်..."
"သူနဲ့ဘာဆိုင်လို့ သူကမကြိုက်တာလဲ?...
ပြီးတော့ ငါတို့ကရိုးရိုးသားနေတာလေ သူ့ဘက်ကသာတစ်မျိုးထင်နေတာ..."
"မင်းတို့ရိုးသားတယ်ဆိုတာ သူမှမသိတာ...
သူဘက်ကတော့ မင်းတို့အတူတူရှိနေတာကို မကြိုက်ဖြစ်နေတယ်..."
"ငါတော့ နားမလည်တော့ဘူး...
အဂ္ဂမင်းလွင်က သူ့ညီကိုချစ်လွန်းလို့စိတ်မချဖြစ်နေလို့ ဒီလိုဖြစ်နေတာလား...
ဒါမှမဟုတ် သူဖြစ်နေတာက ပုံမှန်မဟုတ်သလိုပဲ..."
"မင်းအခုမှသိလား..."
"ဘာကိုလဲ?..."
"အဂ္ဂမင်းလွင်ရဲ့စိတ် ပုံမှန်မဟုတ်တာကိုလေ...
သူကမင်းနဲ့မှမဟုတ်ဘူး...
Leoကို ဘယ်ယောက်ျားလေးနဲ့အရောဝင်တာမကြိုက်ဘူး..."
"သူတို့က ညီအကိုတွေမဟုတ်ဘူးလား...
မင်းပြောနေတဲ့ပုံစံက..."
"သူတို့က ညီအကိုတွေ...
ဒါပေမယ့် သွေးတစ်စက်မှမရောတဲ့ညီအကိုတွေ...ဘင်း အင်း.... "
"ဟမ်..."
"အခုမှမအံ့သြနေနဲ့...
မင်းတော်တော်ညံ့တာပဲ...
ရုပ်ရှည်ရော အရပ်အမောင်းရော အသားအရောင်ရော တစ်စက်မှမတူတာကို မြင်မြင်ချင်းမသိဘူးလား..."
"ငါလည်း ထင်တော့ထင်ပေမယ့် မဟုတ်လောက်ဘူးထင်လို့..."
"မင်းကအမြဲတုံးအနေတာပဲလေ..."
"ဒါလေးမသိတာ တုံးတာမှမဟုတ်တာ...
မသိလို့မသိဘူးလို့ပြောတာပေါ့...ဟွန်း....."
ရိုးစေလည်း သူ့ကိုတုံးအတယ်ပြောတာကြောင့် စိတ်ဆိုးပြီး တံခါးကိုဆောင့်ပိတ်ပြီး ထွက်လာလိုက်သည်..။
"တုံးတဲ့သူတွေက တုံးတယ်ပြောတော့မကြိုက်ချင်ဘူး...အဟက်...."
******************************************************
ကဲ...သိချင်နေတဲ့အဖြေကို သိလိုက်ရပြီနော်
Happy new year pr🎉🎉
2021နှစ်သစ်မှစ ပျော်ရွှင်စရာကောင်းတဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေနော်🤗
1.1.2021
💙Chel💙
Continue Reading
You'll Also Like
192K 4.7K 37
warning 21+ punishment, BDSM, sm play, roleplay , etc... တွေပါနိုင်ပါတယ် တပိုင်းချင်းဆီ warning ကိုတပိုင်းချင်းဆီပြန်ရေးပါ့မယ် Ukeက transgender ပါ❗
175K 16.2K 43
ကောင်းကင်ဘုံရဲ့ထိပ်သီးမဟေသီတစ်ပါးဖြစ်ဖို့ကလွယ်ကူမယ်ထင်နေသလား ? အဓိကဇာတ်ဆောင် - အဓိပတိရာဇ + ရူစန္ဒာအဏီရာ MAHARVERSE SEASON 2|| Imaginary Heaven and im...
316K 31.3K 62
CHAPTERS 148 (completed) ကွကိုဖတ်ချင်လို့ ဘာသာပြန်တာပါ..ဘယ်သူ့ဆီမှ ခွင့်ပြုချက် မတောင်းထားပါဘူး..တခြားလူပြန်ထားတာတွေ့ရင် ပြောပါ..ချက်ချင်းပြန်ဖျက်ပေး...
196K 21.5K 77