"ပါပါး ဗိုက်ဆာနေပြီ မြန်မြန်ရေး..."
"ပြီးပါပြီဗျာ...
တော်တော်ဆာနေတယ်ပေါ့လေ..."
"ဟုတ် တော်တော်ရေး..."
"အဟက် ဟုတ်ပါပြီ..."
ရိုးစေလည်း ထမင်းပန်းကန်ကိုစစ်ရဲ့အရှေ့ကိုချပေးလိုက်ပြီး ဘေးမှဝင်ထိုင်လိုက်သည်..။ နေ့လယ်စာလည်း စားပြီးပြီကို ထပ်စားချင်နေတာ..အတော်လေးဝင်တဲ့ဗိုက်လေး..။
"ပါပါး မြန်မြန်..."
"ဟုတ်ပါပြီဗျာ...
ခွန့်ပေးပါမယ်...အာ..."
ရိုးစေကပြောလိုက်တာနဲ့ စစ်ကချက်ချင်းပါးစပ်ဟပေးလာသည်..။ ရိုးစေကခွန့်ပေးလိုက်တာနဲ့ပြုံးပြီး စားနေလေသည်..။
"စားလို့ကောင်းလား.."
"ဒွတ် ဒွတ်..."
"ဟုတ်ပါပြီဗျာ ပါပါးသားလေးကချစ်ဖို့ကောင်းလိုက်တာ ရွှတ် ရွှတ်..."
"ဟီး ခွန့် ခွန့်..."
စစ်က ခွန့်လို့ပြောတာနဲ့ ရိုးစေလည်း ကြက်သားလေးကိုဖဲ့ပေးလိုက်ပြီး ထမင်းနဲ့ ခွန်းကျွေးလိုက်သည်..။
"အိမ်ထဲမှာ ဘယ်သူမှမရှိကြဘူးလား..." ဆိုတဲ့အသံနဲ့အတူ နေလတစ်ယောက်အိမ်ထဲကိုဝင်လာလိုက်သည်..။
အိမ်ထဲဝင်လာကတည်းက ဘာသံမှမကြားကြောင့် နေလလည်းမီးဖိုဆောင်ထဲကိုဝင်လာလိုက်သည်..။
"သြော် ဦးဦး...ဦးဦးပြန်လာပြီရား..."
"အင်း...စစ်က ထမင်းစားနေတာလား..."
"ဟုတ် ဦးဦးစားပါဦးရား..."
"အဟက် ဘာနဲ့စားတာလဲကွ..."
"ကြက်သား...
ဦးဦးရောစားမရား...
ပါပါးကိုခွန့်ကျွေးခိုင်းရိုက်ရေ..."
"စစ်..."
စစ်ရဲ့စကားကြောင့် ရိုးစေမှာစစ်ကိုဆက်မပြောဖို့ တားလိုက်ရသည်..။
"အဲ့လိုလုပ်ရင်ကောင်းမလား...
ဦးဦးလည်းဗိုက်ဆာနေတာ..."
"အာ့ဆို လာရေ...
ဒီမှာ ထိုင်.." ဆိုပြီး စစ်က နေလကိုသူ့ဘေးနားကိုခေါ်နေလေသည်..။ နေလကလည်း စစ်ရဲ့ဘေးနားမှာလာထိုင်လေသည်.. ။
ရိုးစေမှာတော့ အတိုင်အပေါက်ညီနေတဲ့၂ယောက်ကိုကြည့်ပြီး လက်ပဲပြေးဆေးရတော့မလို ဒီတိုင်းပဲခွန်းကျွေးပေးရတော့မလိုဖြစ်နေသည်..။
"ပါပါး ဦးဦးကိုခွန့်ကျွေးဦးရေ...
ဗိုက်ဆာနေရို့တဲ့..."
"အင် အင်း...
မင်း ရေအရင်သွားချိုးလိုက်ပါလား...
ငါထမင်းထည့်ပေးထားမယ်လေ..."
"ထမင်းအရင်စားမှာ..."
"ထမင်းစားပြီးရင် ရေမချိုးရဘူးလေ..."
"ခဏလောက်နားလိုက်မယ်ကွာ...
ကျွေးမယ်ဆိုလည်း မြန်မြန်ကျွေး..."
"ပါပါး ကျွေးလိုက်ရေ...
ဦးဦးက ဗိုက်ဆာနေပြီ..."
ရိုးစေလည်း မတတ်နိုင်တဲ့အဆုံး နေလကိုထမင်းခွန့်ပေးလိုက်ရသည်..။ ခွန့်ပေးလိုက်တော့လည်း လက်ကိုကိုက်ထားတာကြောင့် မနည်းပြန်ဆွဲထုတ်လိုက်ရသည်..။ သားရှေ့မှာမို့ ဘာမှပြန်ပြောမနေတော့ဘဲ နေလကိုစွေကြည့်ပေးလိုက်သည်..။
"သား သားကိုခွန့်..."
စစ်ကပြောလာတာကြောင့် စစ်ကိုတဖန်ပြန်ခွန့်ပေးလိုက်သည်..။
"စစ်ပြီးရင် ငါ့ကိုခွန့်..."
ရိုးစေမှာ စစ်ကိုခွန့်လိုက် နေလကိုခွန့်လိုက်နဲ့ တစ်ယောက်တစ်လှည့်စီခွန့်နေရသည်..။ ၂ယောက်လုံး ဒီအချိန်ထမင်းစားပြီးရင်တော့ ညစာကိုသိပ်စားလို့ဝင်မှာမဟုတ်တော့ဘူး..။
_______________________
"🎶 ကိုကို ကျွန်တော့်ကို ချာတိတ်လို့မခေါ်နဲ့..🎶"
"တစ်ခါမှမခေါ်ဖူးဘူး..."
"🎶နာမည်ရှိတယ် မကြိုက်ဘူးသိရဲ့လား..🎶"
"မခေါ်ဖူးပါဘူးဆို..."
"🎶ကိုကိုနဲ့ကျွန်တော် အရပ်ချင်းတိုင်းကြည့်မလား..🎶"
"တိုင်းမနေနဲ့ ပုတာကပုတာပဲ..."
"ကိုကို!...
ကျွန်တော်စိတ်တိုလာပြီနော်..."
"ကိုကိုကဘာလုပ်လို့လဲ?..."
"ကျွန်တော့်ဘာသာ သီချင်းဆိုနေတာကို ဘာလို့လိုက်လိုက်ပြောနေတာလဲ?..."
"ဘယ်မှာပြောလို့လဲ?...
ကိုကိုက မှန်တာကိုပဲပြောတဲ့ဟာကို..."
"ဟွန်း....
လူကိုတမင်ပြောနေတယ်ဆိုတာ ကျွန်တော်သိတယ်..."
"ပြင်လို့မပြီးသေးဘူးလား...
ဟိုဘက်အိမ်သွားမှာကို ဘာတွေဒီလောက်ပြင်နေတာလဲ?..."
"ပြင်ရမှာပေါ့...
ကိုလေးတို့ရှေ့မှာ ကျွန်တော်ကချစ်ဖို့ကောင်းနေမှရမှာ..."
"ဘာ!...
သူ့ရှေ့မှာ ချစ်ဖို့ကောင်းပြနေစရာမှမလိုတာ..."
"လိုတာပေါ့...
ကိုလေးက ချစ်ဖို့ကောင်းတယ်လေ...
အဲ့တော့ ကျွန်တော်ကိုလေးကိုချစ်တယ်..
အဲ့တာကြောင့် ကျွန်တော်လည်းချစ်ဖို့ကောင်းအောင်နေရမှာလေ..."
"ဘာ!...
Leo ရိုးစေရာက အိမ်ထောင်သည်နော်...
သူများယောက်ျားကိုဘာလို့ချစ်နေတာလဲ?..."
"ချစ်တာပဲကိုကိုရယ်...
အိမ်ထောင်သည်တွေ ဘာတွေမရှိပါဘူး...
ကျွန်တော်က ကိုလေးကို ချစ်ချင်လို့ကိုချစ်တာ...
တော်ပြီဗျာ ကိုကိုနဲ့ပြောနေတာကြာနေပြီ...
သွားတော့မယ်နော်...
ဒေါ်ကြီးကို ကျွန်တော်ကြိုက်တဲ့ဟင်းလေးချက်ထားခိုင်းလိုက်နော်...
ကျွန်တော်သွားပြီ..တာ့တာ.."
ပြောချင်ရာပြောပြီး ပြေးထွက်သွားတဲ့Leoကိုကြည့်ပြီး အဂ္ဂခေါင်းခါမိသည်..။
တဆက်တည်းမှာပင်..Leoနဲ့ရိုးစေရာကို အတူဆက်ထားလို့မဖြစ်တော့ဘူးလို့လည်းတွေးနေမိသည်..။
.....................................
"ကာတွန်း ကာတွန်း..."
"ဟာ စစ်ကလည်းကွာ...
နေ့တိုင်းကာတွန်းကြီးပဲကြည့်နေရတာ ပျင်းစရာကြီး...
ရုပ်ရှင်ကားကြည့်မယ်လေ...
ဒီနေ့လာမယ့် ရုပ်ရှင်ကားကအရမ်းရယ်ရတာ...
အဲ့တာကြည့်မယ်နော်..."
TVဖွင့်လို့ ရီမုကိုက်လိုက်တာနဲ့စစ်က ကာတွန်းကားဖွင့်ခိုင်းလေသည်..။ ကြာတော့ မောင်ခန့်နဲ့Leoလည်း မကြည့်ချင်တော့ပေ..။
"ကြည့်ဝူး ကြည့်ဝူး...
ကာတွန်းပဲကြည့်မှာ..."
"စစ်ကလည်း ကိုကိုတို့လည်းနေ့တိုင်းကြည့်နေရတော့ ပျင်းလာပြီလေ...
ဒီနေ့ပြောင်းကြည့်ရအောင်နော်..."
"No..."
"စစ်...အဲ့လိုမလုပ်ရဘူးလေ...
သားကအမြဲကာတွန်းကားကြည့်နေတော့ ကိုကိုတို့လည်းပျင်းနေမှာပေါ့...
ဒီနေ့တော့ ကိုကိုတို့ကြည့်ချင်တာပေးကြည့်လိုက်လေ..."
"ဟုတ်..."
စစ်မှာ သူ့ပါပါးရဲ့အပြောကြောင့် စူစူပုတ်ပုတ်နဲ့လက်ခံလိုက်ရသည်..။ ကိုခန့်နဲ့Leoကတော့ လက်ဝါးချင်းရိုက်ပြီး ရီမုကိုကောက်ကိုင်ကာ လိုင်းပြောင်းလိုက်သည်..။ စစ်ကတော့ စူစူပုတ်ပုတ်နဲ့ပဲ ၂ယောက်လုံးကိုစိုက်ကြည့်နေမိသည်..။
"စစ် လာထိုင်လေ...
လာ ကိုကို့ပေါင်ပေါ်မှာလာထိုင်..."
"No..."
မျက်နှာကြီးစူပုတ်ကာပြန်ပြောပြီး ဘာမှဝင်မပြောတဲ့လရောင်ရဲ့ပေါင်ပေါ်မှာသွားထိုင်လေသည်..။
"ဒါ စိတ်ကောက်တယ်ဆိုတဲ့သဘောပေါ့လေ..."
ဘာမှပြန်မပြောဘဲ TVပဲကြည့်နေတာကြောင့် Leoပိုပြီးစချင်လာသည်..။
"စစ်က ကိုကိုဆီမလာဘူးပေါ့လေ...
ကိုကိုက စစ်အတွက်ဆိုပြီး အာလူးကြော်တွေယူလာတာ စစ်ကကိုကို့ကိုမခေါ်ဘူးဆိုတော့လည်း...
အင်း ကိုခန့် မင်းနဲ့ငါပဲစားကြတာပေါ့ကွာ...
လရောင်ကလည်း စစ်ဘက်ကဆိုတော့ လရောင်ကိုလည်းမကျွေးဘူးကွာ..."
"အီး အဟင့် ဟင့် ပါပါး...
သားကိုကျွေးဝူးတဲ့ အဟင့် ဟင့်..."
"ဟာ...စစ် ဘာလို့ငိုတာလဲ?...
ကိုကိုကစတာကို..."
"အီး အဟင့် ဟင့် ပါပါး ပါပါး..."
လရောင်ဆီကကုန်းထပြီး အိတ်ထိုးနေတဲ့သူ့ပါပါးပေါင်ပေါ်ကိုသွားထိုင်လေသည်..။
"ကိုကိုကစတဲ့ဟာကို...တိတ် တိတ်..."
"ဟင့် ဟင့် သားကိုကျွေးဝူးတဲ့ ဟင့်..."
"ကိုကိုမကျွေးရင် ပါပါးဝယ်ကျွေးမယ်နော်...
တိတ်တိတ်..."
"ရွှတ် ဟုတ်..."
"စစ်ကလည်းကွာ ကိုကိုကစတဲ့ဟာကို...
ကိုကို စစ်ကိုစားစေချင်လို့ အာလူးကြော်ယူလာခဲ့တာလေ...
ကိုခန့်တောင်းစားတာတောင် ကိုကိုကမကျွေးဘူး...
စစ်ကိုပဲကျွးမလို့ဟာကို...
လာ ကိုကိုပေါင်ပေါ်လာ...
ကိုကိုတို့အတူစားမယ်နော်..."
"ရွှတ်...တဂယ်ရား..."
"အင်းပါဆို..."
"ပီးရော.."
ရိုးစေရဲ့ပေါင်ပေါ်ကနေ ကုန်းထကာ Leoပေါင်ပေါ်ကိုပြောင်းထိုင်လေသည်..။
"စားနော် ကိုကိုကစစ်ကိုပဲကျွေးတာ..."
"ဟုတ်..."
"စစ်နော် စကားပီရက်နဲ့မပီသလိုမပြောနဲ့...
အကျင့်ပါသွားမယ်...ကြားလား စစ်..."
"ဟုတ် ပါပါး..."
အခုမှသာ အငိုရပ်ပြီး အာလူးကြော်ကိုယူစားနေတဲ့စစ်ကိုကြည့်ပြီး Leoအခုမှသက်ပြင်းချမိသည်..။ ဘယ်လိုဖြစ်လို့ ဒီလောက်တောင်ချစ်ဖို့ကောင်းနေတာလဲမသိဘူး..။ Leoမှာ အသဲတယားယားနဲ့ ဆက်ပြီးလည်းမစရဲတာကြောင့် TVကိုသာ ဆက်ကြည့်နေလိုက်သည်..။
__________________________
"ကိုကို အတူဝင်မယ်လေ..."
"အင်း ဝင်လေ..."
ဒီနေ့ ဝသုန်က မေမေ့အတွက်လက်ဆောင်ပေးရင်း အိမ်ကိုလိုက်လည်ချင်ပါတယ်ဆိုပြီး နေလအတူအိမ်ကိုလိုက်လာခဲ့သည်..။ နေလအိမ်ရှေ့မှာ ကားရပ်လိုက်ကတည်းက ဟိုဘက်အိမ်ရှေ့ကသစ်ပင်အောက်မှာထိုင်နေတဲ့ရိုးစေတို့သားဖ၂ယောက်ကိုလှမ်းတွေ့ရသည်..။
နေလလှမ်းကြည့်နေတာကို ဝသုန်ကသိသည့်အလား အိမ်ထဲဝင်ဖို့ လက်မောင်းကိုလက်လာချိတ်လေသည်..။ နေလလည်း ဆက်ကြည့်မနေတော့ဘဲ ဝသုန်နဲ့အတူအထဲကိုလိုက်လာလိုက်သည်..။
"အန်တီ..."
"သြော် သမီး ဝသုန်လာလေ...
အိမ်ကိုမလာတာတောင်၂ပတ်လောက်ရှိနေပြီနော်...
ဘယ်ကိုသွားနေလို့တုန်း..."
"ဒီလိုပါပဲ အန်တီရယ်...
ဖေဖေ့ရဲ့အလုပ်တွေကို ဝိုင်းလုပ်ပေးနေတာနဲ့ပဲ မအားလို့မလာဖြစ်တာ..."
"ဟုတ်ပါပြီ လာ ထိုင်...
မစိန်ရေ ဝသုန့်အတွက်အအေးတစ်ခွက်လောက်ယူလာခဲ့ပါ..."
"ဟုတ်ကဲ့ပါ မမလေး..."
"ရပါတယ် အန်တီရယ်...
သြော် ဒီမှာ အိတ်အသစ်လေးရောက်လာလို့...
အန်တီအတွက် ဝသုန်သေချာရွေးလာတာ..."
"အို လှလိုက်တာ ဝသုန်ရယ်...
ဝသုန်က ရွေးတတ်လိုက်တာ..."
"အန်တီကြိုက်တယ်ဆို ဝသုန်ပျော်ပါပြီ..."
"ကြိုက်တယ် ကြိုက်တယ် အရမ်းကြိုက်တယ်..."
"အဲ့တာဆို ဝသုန်နဲ့မေမေ စကားပြောနေကြနော်...
ကျွန်တော်ရေသွားချိုးဦးမယ်..."
"ကိုကိုကလည်း အတူတူစကားပြောလို့ရတဲ့ဟာကို..."
"ကိုကို သိပ်မလန်းဖြစ်နေလို့...
ရေအရင်သွားချိုးလိုက်ဦးမယ်နော်...
အပြန်ကျ ကိုကိုလိုက်ပို့ပေးမယ်နော်..."
"ဟုတ် ဟုတ်..."
နေလလည်း ဝသုန့်ကိုဒေါ်ဟန်နီနဲ့ထားခဲ့ပြီး ရိုးစေတို့အိမ်ဘက်ကိုထွက်လာလိုက်သည်..။ ရိုးစေတို့အိမ်ဘက်ရောက်သည်နှင့် သစ်ပင်အောက်မှာ ဖုန်းထိုင်ပြောနေတဲ့ ရိုးစေကိုတွေ့လိုက်ရသည်..။
"ဟုတ် ဒေါက်တာ..."
"........"
"လာခဲ့မယ်လေ...."
ဘာတွေပြောနေတာလဲတော့မသိပေမယ့် ရိုးစေရာရဲ့မျက်နှာက ပြုံးနေသလိုပင်..။ နေလလည်း ဘာမှပြောမနေတော့ဘဲ အိမ်ထဲကိုဝင်လာလိုက်သည်..။ အိမ်ထဲရောက်တော့ စစ်ကတစ်ယောက်တည်း TVထိုင်နေကြည့်သည်..။
ကလေးကိုတစ်ယောက်တည်းထားပြီး သူကကျပြုံးဖြီးပြီး ဖုန်းဆက်နေတယ်ပေါ့..
နေလလည်း စစ်ရဲ့ပါးကိုတစ်ချက်နမ်းလိုက်ပြီး ရေချိုးခန်းဝင်ကာ ရေချိုးလိုက်သည်..။ နေလရေချိုးပြီးလို့ အဝတ်အစားလဲပြီးမှသာ ရိုးစေရာကဖုန်းကိုကိုင်ပြီး သူ့အခန်းထဲကိုဝင်သွားလေသည်..။
နေလလည်းရိုးစေရဲ့အနောက်ကနေ လိုက်ဝင်လာလိုက်သည်..။
"အံမယ်လေး...ဟာ...ဘာလို့အသံမပေးဘဲဝင်လာတာလဲ?..."
နေလဝင်ဝင်လာတဲ့အချိန် ရိုးစေက အပေါ်ဝတ်ချွတ်ထားပြီး ရေချိုးဖို့ပြင်နေခြင်းဖြစ်သည်..။ ရိုးစေလည်း အသံမပေးဘဲဝင်လာတဲ့သူကြောင့် ရင်ဘက်ကိုလက်နဲ့ကာပြီး မေးလိုက်သည်..။
"ဘာဖြစ်တာလဲ?...
မင်းရဲ့ ပိန်ချပ်ချပ်အရာတွေစိတ်မဝင်စားဘူး..."
"မင်း..."
နေလရဲ့အပြောကြောင့် ရိုးစေမှာ မျက်မှောင်ကုတ်ပြီးသာ ပြန်ကြည့်နေလိုက်သည်..။
"မင်းကိုယ်မင်း လူပျိုလူလွတ်လို့ထင်မနေနဲ့...
ဆန္ဒကိုသိက္ခာနဲ့လည်းထိန်းဦး..."
"ဘာ!...မင်းဘာစကားပြောတာလဲ?..."
"ဘာစကားပြောရမှာလဲ?...
မင်းခုနက ဖုန်းဘယ်သူနဲ့ပြောနေတာလဲ?...
သြော် စစ်ကိုအရုပ်ဝယ်ပေးလိုက်တဲ့ ဒေါက်တာဆိုတဲ့ကောင်နဲ့မလား..."
"ဒေါက်တာ့ကို ကောင်တွေဘာတွေ မင်းသုံးစရာမလိုပါဘူး...
ငါဘာသာငါ ဘယ်သူနဲ့ပြောပြောမင်းနဲ့လည်းမဆိုင်ဘူး..."
"ဘာ!...မင်းငါ့ကိုခံပြောရဲနေပြီပေါ့လေ..."
"မင်းကိုခံမပြောရဲစရာ ဘာအကြောင်းရှိလို့လဲ?..."
"ရိုးစေရာ!..."
တစ်ခွန်းမကျန် ခွန်းတုံ့ပြန်နေတဲ့ရိုးစေရာကြောင့် နေလလည်း ဒေါသထွက်ပြီး ရင်ဘက်ကိုကာထာတဲ့လက်ကိုဆောင့်ဆွဲလိုက်သည်..။ လက်ကိုဆောင့်ဆွဲခံလိုက်ရတာကြောင့် ရိုးစေရဲ့ခန္ဓာကိုယ်က နေလရင်ဘက်နဲ့နီးကပ်သွားသည်..။
ရိုးစေလည်း လက်ကိုဆောင့်ဆွဲခံရတာကြောင့် နေလကိုမျက်မှောင်ကုတ်ပြီး မော့ကြည့်လာသည်..။ နေလကစိုက်ကြည့်နေတာကြောင့် အကြည့်ချင်းဆုံသွားလေသည်..။
"ကိုကို...ကိုကို..."
၂ယောက်လုံး ဘယ်လောက်ကြာကြာကြည့်မိသွားလဲမသိဘူး ဝသုန့်ရဲ့ခေါ်သံကြားမှသာ နေလကကိုင်ထားတဲ့လက်ကိုလွှတ်ပေးလိုက်သည်..။
"အဟမ်း...နောက်တစ်ခါ စကားကိုဆင်ခြင်ပြီးပြော..."
အင်္ကျီကိုကြယ်စေ့သေချာတပ်ပြီး နေလကအခန်းထဲကထွက်သွားသည်..။ ထိုအခုမှသာ ရိုးစေလည်းသက်ပြင်းချနိုင်တော့သည်..။
ကိုယ့်ဘာသာ ဘာလုပ်လုပ် သူနဲ့ဆိုင်တာမှတ်လို့..နေရာတကာ လိုက်ပြောနေတယ်..။
*******************************************************
29.12.2020
💙Chel💙