Chapter (408)"ကောင်းကင်အဆင့်နှစ်ပညာရှင်လော"

Start from the beginning
                                    

သို့သော်လည်း ယခုအချိန်သည် ကြာပန်း၏ အစွမ်းများ အကုန်အစင် မထွက်ပေါ်သေးသည့် အချိန်ဖြစ်သဖြင့် ထိုနေရာသည် အားအပျော့ဆုံး နေရာဖြစ်နေလေ၏။

“ဖောက် . . .”

အသံတစ်သံ ထွက်ပေါ်လာပြီး အားလုံး ကြောင်ငေးသွားကြသည်။ ဖန်ဇီလင် ကြာပန်းအလယ်ဗဟိုသို့ ဓားအလင်းတန်းများအား ဂရုမစိုက်ဘဲ တိုးဝင်သွားသည်ကို မြင်လိုက်ကြရလေသည်။ ဖန်ဇီလင်၏ လက် ၂ ဖက်လုံး လျှပ်စီးကဲ့သို့ လျှင်မြန်စွာ လှုပ်ရှားသွားပြီး လက်တစ်ဖက်မှာ ဝုဖိုင်၏ လည်ပင်းအား ကိုင်မိလျက်သား ဖြစ်သွားသလို ကျန်တစ်ဖက်မှာလည်း ခေါင်းကို အုပ်ထားမိလျက်သား ဖြစ်သွားသည်။

ထို့နောက် လက်အား ဆန့်ကျင်ဘက်လားရာအတိုင်း အားစိုက်၍ လှည့်ချလိုက်ပြီး ဇတ်ချိုးချလိုက်၏။

ဝုဖိုင်၏ ခေါင်းသည် လည်ပင်းမှ သုံးပတ်လောက် လည်သွားလေသည်။

ဂျိမိန်ဇန် ဒေါသထွက်ရသည့် အချက်မှာ ဖန်ဇီလင်သည် ဝုဖိုင်အား ဇတ်ချိုးနေစဉ် ဝုဖိုင်အား မကြည့်ဘဲ အောက်သို့ငုံ့၍ ဂျိမိန်ဇန်ကို ခနဲ့တဲ့တဲ့ လှောင်ပြုံးပြုံးကာ ကြည့်နေခြင်းပင် ဖြစ်လေသည်။

ဇတ်ကျိုးသွားသည့် ဝုဖိုင်အား တစ်ချက်လေးပင် စောင်းငဲ့မကြည့်ချေ။

ရန်သူပြုတ်ကျသွားပြီဖြစ်ပြီး ဓားအလင်းတန်းများသည်လည်း ပျောက်ကွယ်သွားပြီ ဖြစ်၏။ ရဲရှောင်မှာမူ လှည်ပင် မကြည့်ချေ။ ဓားအား တစ်ချက်လှမ်းကန်လိုက်ပြီး အဆိုပါ ဓားသည် လျှပ်စီးကဲ့သို့ အရှိန်ဖြင့် ဂျိမိန်ဇန် ရင်ဘတ်တည့်တည့်သို့ တိုးဝင်သွားလေသည်။

ထိုအချိန် သူ၏ ညာလက်ဖြင့် ဝုဖိုင်၏ ကိုယ်အား အဝေးသို့ လွှင့်ပစ်လိုက်လေသည်။

ဝုဖိုင်မှာ သေဆုံးသွားပြီ ဖြစ်သည့်တိုင် မျက်နှာအမူအယာမှာမူ အေးစက်စက်ဖြင့် ထီမထင်ဟန် ပေါက်နေပါသေးသည်။

သူသေဆုံးသည့် အချိန်ထိ ဖန်ဇီလင်အား အနိုင်ယူနိုင်မည်ဟု တွေးနေခဲ့ပုံပါပင်။

သို့သော်လည်း ဝုဖိုင်သည် သူ့ကိုယ်သူ မည်သို့ ဖြစ်သွားသည်ကိုပင် သိလိုက်ဟန် မရှိချေ။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now