Chapter - 362"တိုက်ကွက်ဆန်း"

227 20 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 362

“တိုက်ကွက်ဆန်း”

ဝတ်ရုံနက်နှင့်လူသည် ခြောက်ကပ်ကပ် ရယ်မောလိုက်ရင်း -

“အင်း . . . ဆေးလုံးတွေ ပို့ဖို့အတွက် ခင်ဗျားက တခြားမျိုးနွယ်စုတွေကို ဘယ်သူဘယ်ဝါတွေကိုတော့ ရွေးသင့်တယ်ဆိုပြီး အကြံပေးမယ်။ အဲဒီလူတွေ အကြောင်းကိုလည်း ခင်ဗျားက ကောင်းကောင်း သိထားလိမ့်မယ်လေ . . .”

“နောက်တော့ ခင်ဗျားဘက်က လူတွေကို ခင်ဗျားက မှာစရာ ရှိတာတွေ မှာထားမယ်။ ဘယ်လိုစီစဉ်ထားတယ်ပေါ့။ တခြားလူတွေ အကုန်လုံးကလည်း ခင်ဗျားကို အရမ်း ယုံကြည်ထားကြလိမ့်မယ်။ ဒါပေမယ့် ခင်ဗျားလူတွေ အသက်ရှင်နေမယ့် အချိန်မှာ ကျန်တဲ့လူတွေကတော့ သေသွားကြပြီ။ ခင်ဗျားဘယ်လိုတွေ ကြံစည်ခဲ့တယ် ဆိုတာကို ဘယ်သူမှ သိနိ်ုင်စွမ်း မရှိတော့ဘူးပေါ့”

“အဲဒီ သေသွားကြတဲ့ လူတွေက ခင်ဗျားရဲ့ အကြံဆိုတာ လောင်မျိုးနွယ်စုကြီး ကောင်းကျိုး အတွက်ပါလား ဆိုတာကို သိလိုက်ကြရမှာ မဟုတ်ဘူး။ သူတို့အသက်တင်မက အရာရာ စတေးပြီး ဆေးလုံးတွေကို ကာကွယ်ခဲ့ရတာ လောင်မျိုးနွယ် အတွက်ပါလား ဆိုတာကို သိကြမှာ မဟုတ်ဘူးလေ ဟားဟား ဟားဟား . . .”

ထိုကဲ့သို့ ရယ်မောလိုက်သော အသံသည် လောင်ရှန်ယွန်၏ နားထဲသို့ သံရည်ပူများ လောင်းချလိုက်သည့်အလား ခံစားလိုက်ရသည်။ ကျန်သောလူများအားလုံးသည်လည်း တုန်လှုပ်သွားကြလေသည်။

ထိုရယ်သံ အဆုံးမှာပင် တိုက်ခိုက်နေကြသည့် လက်နက်များအားလုံး အောက်စိုက်သွားကြသည်။
လူတိုင်း၏ မျက်နှာသည်လည်း ဖြူရော်ရော် ဖြစ်သွားကြသည်။

(ဟုတ်တယ် . . . ဒီလိုသာဆိုရင် လောင်မျိုးနွယ် တစ်ခုတည်းကပဲ အကျိုအမြတ် အကုန်လုံး ရသွားလိမ့်မယ်။ ဒီအကြံကို ပေးခဲ့တဲ့လူက လောင်ရှန်ယွန်ပဲ။ ကျန်တဲ့ လူတွေ အားလုံးက သူပြောတဲ့အတိုင်း လက်ခံကြရတာ။ သူ့လို ဉာဏ်နီဉာဏ်နက်များတဲ့ လူကို ဉာဏ်ရည်ချင်း ဘယ်ယှဉ်နိုင်ပါ့မလဲ။
ဒီလိုသာ တကယ်ဖြစ်လာမယ်ဆို ငါတို့အရာအားလုံးကို ဆုံးရှုံးကြရတော့မှာပါလား။ ပိုင်ဆိုင်မှုတွေ အားလုံးရသွားမှာကလည်း လောင်မျိုးနွယ်ပဲ ဖြစ်နေမှာ . . .)

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားOnde as histórias ganham vida. Descobre agora