371 - 375

298 20 0
                                    

Chapter (371)
“ပွပေါက်တိုးခြင်း”
နင်ဘီလျူ၏ သရုပ်မှန်အား မသိခင် အချိန်က ဝမ်ဇန်းဟိုသည်
နင်ဘီလျူအား အပေါ်စီးမှ ဆက်ဆံမိသကဲ့သို့ ဖြစ်ခဲ့သည်။ သို့သော်
ယခုအခါတွင်မူ ကြောက်ရွံ့စိတ်ကြောင့် တစ်ကိုယ်လုံး တုန်ယင်လျက် ရှိသည်။
ထို့ပြင် မျက်နှာတစ်ခုလုံးသည်လည်း သွေးမရှိတော့သည့်အလား
ဖြူရော်ရော် ဖြစ်လျက် ရှိသည်။
နင်ဘီလျူသည် ဝမ်ဇန်းဟိုမှ မိမိအပေါ် မထီမဲ့မြင် ဆက်ဆံခဲ့သည့်အပေါ်
စိတ်ခုသွားခြင်းမျိုး မရှိခဲ့ပေ။ တကယ့်လက်တွေ့တွင် နင်ဘီလျူသည်
ဝမ်ဇန်းဟို၏ အလုပ်သမားဟုပင် ဆိုနိုင်သည် မဟုတ်ပါလော။ နင်ဘီလျူသည်
ရဲရှောင်အတွက် အလုပ်လုပ်ပေး၏။ ရဲရှောင်မှာ ဖန်ဧကရာဇ်ဖြစ်ပြီး လင်းပါအို၏
ပဲ့ကိုင်ရှင် ဖြစ်သည်။ ထို့ကြောင့် နင်ဘီလျူမှ လင်းပါအို၏ သူဌေးဖြစ်သော
ဝမ်ဇန်းဟိုအား အလုပ်လုပ်ပေးနေရသည်ဟုပင် ဆိုရပေမည်။
သို့သော် ဝမ်ဇန်းဟိုသည် ထိုကဲ့သို့သော အဖြစ်မျိုးအား လက်မခံချင်ပေ။
နင်ဘီလျူမှ သဘောရိုးဖြင့် ကြည့်နေသည်ကိုပင် ဝမ်ဇန်းဟိုတစ်ယောက်
ကတုန်ကယင် ဖြစ်နေမိသည်။ စိတ်ထဲမှနေ၍ အလိုလိုပင် ကြောက်ရွံ့မိနေခြင်း
ဖြစ်သည်။
(ဘုရား ဘုရား . . . ကမာ္ဘ့နံပါတ် ၁ လုပ်ကြံသတ်ဖြတ်ရေးဘုရင်နဲ့ ငါက
တစ်ခန်းတည်း အတူတူ ရှိနေတာပါလား . . .)
ထိုအချက်အား စဉ်းစားမိလိုက်သောအခါ ဝမ်ဇန်းဟိုသည်
ကြောင်ရှေ့တွင် ရောက်နေသည့် ကြွက်ကလေးတစ်ကောင်အလား မိမိကိုယ်ကို
ခံစားလိုက်ရသည်။ ကြောင်မှ ဖော်ရွေဟန် ရှိသည့်တိုင် ကြွက်၏ စိတ်ထဲတွင်
အလိုလိုနေရင်း ကြောက်နေရသည် မဟုတ်ပါလား။ အကယ်၍ ကြောင်သည်သာ စိတ်ရူးပေါက်သွားပါက ကြွက်အတွက်
မတွေးဝံ့စရာပေ။
ရဲရှောင်လည်း အမူအယာများ ပျက်ယွင်းနေသော ဝမ်ဇန်းဟိုအား
ကြည့်ရင်း သက်ပြင်းချလိုက်မိရင်း စိတ်ထဲတွင်လည်း အံ့ဩနေမိသည်။
(ဝမ်က နှစ်ပေါင်းထောင်ချီပြီး အသက်ရှည်ခဲ့တဲ့လူပဲ။ အဲ့ဒီတော့
အတွေ့အကြုံလည်း တော်တော်စုံခဲ့ပြီ။ သူ လူအများကြီးနဲ့လည်း တွေ့ခဲ့ဖူးမှာပဲ။
အဲ့ဒီလို အချိန်တွေ အကြာကြီး ဖြတ်သန်းခဲ့သူ တစ်ယောက်က သေမှာကို
ဘာလို့ ဒီလောက်ထိ ကြောက်နေရတာပါလိမ့် . . .)
(ငါကြားဖူးတဲ့ ဆိုရိုးစကားက မှန်နေပြီ ထင်ပါရဲ့၊ လူတွေက ချမ်းသာလာ
လေလေ ပိုပြီး သတ္တိကြောင် လာလေလေပဲတဲ့။ သူက မော်တယ်ကမာ္ဘမှာ
အချမ်းသာဆုံးဆိုတော့ အားလုံးထက်ကို သေရမှာ အကြောက်ဆုံး ဖြစ်နေတာ
ထင်တယ် . . .)
ရဲရှောင်၏ အတွေးသည် မှန်ကန်လှပေသည်။
“ဧ . . . ဧကရာဇ် . . .”
ဝမ်ဇန်းဟို အထစ်ထစ်အငေါ့ငေါ့ဖြင့် ရဲရှောင်အား လှမ်းခေါ်လိုက်သည်။
“လေလံပွဲတုန်းက ရရမယ့် ပစ္စည်းတွေအကုန် ရောက်နေပါပြီ။
ပစ္စည်းတွေက များလွန်းတော့ သိုလှောင်ခန်းမှာတင် မဆန့်ဘဲ ခြံထဲ
ချထားရတယ်။ အဲဒါ . . .”
ဝမ်ဇန်းဟိုသည် ထိုပစ္စည်းများအား ရဲရှောင်ထံသို့ အမြန်ဆုံး
ပေးချင်နေမိပြီ ဖြစ်သည်။ တန်ဖိုးကြီး ပစ္စည်းများအား ခြံထဲ ပစ်ထားလျှင်
ထိခိုက်ပျက်ဆီးသွားနိုင်သောကြောင့် အလဟဿ အဖြစ်မခံချင်ပေ။
ထို့ပြင် ဝမ်ဇန်းဟို၏ စိတ်ထဲတွင် နင်ဘီလျူအား အ မြန်ဆုံး
ထွက်သွားစေချင်မိသည့်အတွက် လက်ရှိ စကားဝိုင်းအား မြန်မြန် လက်စသတ်
နေခြင်း ဖြစ်သည်။
(ဒီက မြန်မြန် သွားကြပါတော့။ ငါလန့်လို့ သေတော့မယ် . . . ဟူး . . .) ရဲရှောင်မှ မျက်မှောင်ကြုတ်လိုက်ရင်း -
“ဟုတ်တာပေါ့၊ ကျုပ်ကို ခေါ်သွားပေး . . .”
လျူချန်းဂျန်သည်လည်း နာကျင်မှု ဝေဒနာများကြောင့် ခုံပေါ်တွင်
လဲနေပြီဖြစ်သည်။
************
ပစ္စည်းများ ထားရှိရာ နေရာသို့ ရောက်သွားသောအခါ ရဲရှောင်ပင်
အံ့ဩသွားရသည်။
ရတနာများသည် အလွန်များပြားလှသဖြင့် တဝက်ကျော်ခန့်အား
အပြင်ဘက်သို့ ထုတ်ထားရလေသည်။ လင်းပါအို၏ အစောင့်များသည်လည်း
အဆိုပါ ပစ္စည်းများအား ကာကွယ်စောင့်ရှောက်နိုင်ခြင်း မရှိတော့ချေ။
လျူချန်းဂျန်၏ လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့မှာလည်း တစ်ခါတစ်ရံမှသာ
လာရောက်ကူညီလေ့ ရှိသည်။
လုပ်ကြံသတ်ဖြတ်ရေး ပညာရှင်များအား အစောင့်အနေဖြင့်
ထားခြင်းသည် မသင့်တော်လှချေ။
လျူချန်းဂျန်မှာ သူ၏ လူများအား ထိုကဲ့သို့ အစောင့်အဖြစ် ထားရှိခြင်းကို
မနှစ်မြို့ပေ။ လျူချန်းဂျန် ပြောလေ့ ရှိသည်မှာ -
“လုပ်ကြံသတ်ဖြတ်ရေး ပညာရှင်တွေကို ဘယ်သူကများ အစောင့်အဖြစ်
ထားတာ မြင်ဖူးလို့လဲ။ အဲ့ဒီလို လုပ်တာ တော်တော်ကို မသင့်တော်တဲ့ လုပ်ရပ်ပဲ
. . .”
ယခုအခါ ရဲရှောင် ရောက်လာပြီ ဖြစ်သဖြင့် ပစ္စည်းများ သိမ်းဆည်းပြီးလျှင်
သူ၏ လူများအား ပြန်ခိုင်းနိုင်ပြီ ဖြစ်သည်။
ထိုလူများအား အခြားသော အရေးကြီးသည့် ကိစ္စရပ်များအတွက်
ခိုင်းရဦးမည် ဖြစ်သည်။
ရဲရှောင် ထွက်သွားသည်နှင့် နင်ဘီလျူသည်လည်း မည်သည့်နေရာသို့
ရောက်သွားမှန်း မသိအောင် ပျောက်သွားခဲ့သည်။ လုပ်ကြံသတ်ဖြတ်ရေး ပညာရှင်တစ်ဦးဖြစ်သည့် အားလျော်စွာ
လူမြင်ကွင်းတွင် ကြာကြာနေရန် မသင့်တော်ပေ။
သို့သော် နင်ဘီလျူသည် ရဲရှောင်၏ အနောက်မှ အချိန်ကြာမြင့်စွာ
လိုက်လာခဲ့ပြီး မနေသင့်သည် အချိန်ထက်ပင် ကျော်လွန်အောင် နေခဲ့မိသည်။
ယခုအခါတွင် ကိစ္စများအားလုံး ပြီးစီးသွားပြီ ဖြစ်သဖြင့် အရိပ်တစ်ခုပမာ
ပျောက်ကွယ်သွားခြင်းပင် ဖြစ်သည်။
သို့သော် အစအန ရှာမရအောင်ပင် ပျောက်ကွယ်သွားခြင်း မဟုတ်ဘဲ
အနီးနား ပတ်ဝန်းကျင်၌သာ ကျင်လည်နေမည်ဖြစ်ကြောင်း ရဲရှောင်နှင့်
လျူချန်းဂျန်တို့ ကောင်းစွာ သိနေကြသည်။
ရဲရှောင်ထံသို့ အန္တရာယ်တစ်ခုခု ကျရောက်လာမည် ဆိုပါက
နင်ဘီလျူသည် သေချာပေါက် ပြန်ပေါ်လာမည်သာ ဖြစ်သည်။
ထိုသို့ အရေးကြီးသည့် ကိစ္စမျိုး မရှိဘဲ နင်ဘီလျူသည် ပေါ်လာလိမ့်မည်
မဟုတ်ချေ။
လုပ်ကြံသတ်ဖြတ်ရေး ပညာရှင်များသည် အစောင့်များ
မဟုတ်ကြသည့်တိုင် အကောင်းဆုံး အစောင့်အရှောက်များပင် ဖြစ်ကြလေသည်
။ အဘယ်ကြောင့်ဆိုသော် သတ်ဖြတ်နည်းပေါင်းစုံ သိထားကြသည့် လူများပင်
မဟုတ်ပါလော။
**********
ရဲရှောင်သည် ရတနာပစ္စည်းများ တောင်လိုပုံနေသည်ကို တွေ့လိုက်ေ
သာအခါ ပြုံးယောင်သန်းသွားမိသည်။ စိတ်ထဲတွင်လည်း အကြီးအကျယ် သ
ဘောကျမိသွားသည်။
(တော်တော်ကို များတာပဲ။ ဒီလောက်ထိ များမယ်လို့ မထင်ထားခဲ့မိဘူး။
ဟားဟား ဟားဟား . . . ငါကတော့ ဒီတစ်ခေါက် ပွတာပဲ။ ဒီလူတွေမှာ
ပစ္စည်းကောင်တွေ အများကြီးကို ရှိတာပဲ။ ချင်းယန်နယ်ပယ်တုန်းက ငါ့မှာ ပြည့်စုံနေပြီလို့ ထင်နေတဲ့ ပမာဏက အခုပမာဏရဲ့ ၁
ရာခိုင်နှုန်းလောက်တောင် မရှိဘူး . . .)
ရဲရှောင်သည် ရတနာများအား ကြည့်ရင်း အံ့သြနေမိသည်။
ယခုအခေါက်သည် ယခင်အခါက်ထက်ပင် လေးငါးဆခန့်မျှ ပို၍များနေသဖြင့်
အံ့သြနေမိခြင်း ဖြစ်သည်။
သို့သော် ထိုပစ္စည်းများအား ဟင်းလင်းပြင်ကြီးအတွင်းသို့ လက်လွတ်
စပယ် မထည့်ဝံ့တော့ချေ။ ဟင်းလင်းပြင်ကြီး အတွင်း၌ ဒုက္ခပေးနိုင်သော
မရဏကျောက်တုံး ရှိနေသည် မဟုတ်ပါလော။
မရဏကျောက်တုံးမှ ရေခဲချီဓာတ်များ ထွက်ပေါ်လာမည် ဆိုပါက
ဒုက္ခကြီးစွာ ရောက်ပေလိမ့်မည်။ ယခုအခါ ယခင်ကထက် ပို၍
ပမာဏများနေသဖြင့် ရေခဲချီဓာတ်များသာ ပေါက်ကွဲထွက်သွားမည်ဆိုပါက
ထိန်းချုပ်နိုင်တော့မည် မဟုတ်ချေ။ ဟင်းလင်းပြင်ကြီး တစ်ခုလုံးပင်
ပေါက်ကွဲထွက်သွား ပေလိမ့်မည်။ ယခင်ကကဲ့သို့ အဖြစ်မျိုး ရဲရှောင်
ထပ်အဖြစ်ခံမည် မဟုတ်ပေ။
ရဲရှောင်လည်း ကျောက်တုံးအချို့အား ကောင်းကင်ဟင်းလင်းပြင်အတွင်း
ထည့်လိုက်၏။ ထို့နောက် ဆေးပင်တစ်ဝက်ကျော်လောက်အား
သစ်သားဟင်းလင်းပြင်အတွင်း ထည့်လိုက်ပြန်သည်။ ထိုပစ္စည်းများမှာ
အရေးကြီးလှပေသည်။
အပင်များ ဖြစ်သည့်အတွက် အသေအချာ မသိမ်းဆည်းနိုင်ပါက
အာနိသင် လျော့ကျသွားပေလိမ့်မည်။ ထို့အပြင် အဆိုပါ
သစ်သားဟင်းလင်းပြင်သည် ရေခဲချီဓာတ် ပေါက်ကွဲမှုအား ကြိမ်ဖန်များစွာ
ထိမှန်ခံခဲ့ရသည်။ ဟင်းလင်းပြင် ၉ ခုသည် ဆက်စပ်နေကြသည့်တိုင်
သစ်သားဟင်းလင်ပြင်သည် အားအပျော့ဆုံးဖြစ်သည်။ သို့သော်
ယခုပစ္စည်းများနှင့်ဆိုလျှင် သစ်သားဟင်းလင်းပြင်အား တိုးတက်အောင်
လုပ်နိုင်ပေလိမ့်မည်။ ရဲရှောင်အဖို့ ရတနာများထဲမှ အံ့အားသင့်မိသည့် အရာမှာ
မဟူရာရေစင်ပင် ဖြစ်သည်။
(မဟူရာရေစင်ပါလား . . . ဒါမျိုးက ချင်းယန်မှာတောင်
နှစ်တစ်ထောင်လောက်အတွင်း ရှာဖို့ မလွယ်ဘူး။ ဒီလိုနေရာမှာ ဒါမျိုး
ပုလင်းလေး တွေ့ရမယ်လို့ ထင်ကို မထင်ခဲ့မိတာ အမှန်ပဲ . . .)
ရဲရှောင်သည် ဆန်းကြယ်လှသော မဟူရာရေစင်ပုလင်းအား ကြည့်ရင်း
တွေးနေမိပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now