Chapter - 218 "သိက္ခာဆိုတာဘာလဲ"

291 21 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 218

“သိက္ခာဆိုတာဘာလဲ”

ရဲရှောင်တစ်ယောက် နားမလည်နိုင်အောင် ဖြစ်နေရင်း -

“ငါတကယ်ကို နားမလည်နိုင်တော့ဘူး။ ဒါက မြင့်မြတ်တဲ့ အလုပ်လား၊ ရူးမိုက်တဲ့ အလုပ်လား၊ ဒါမှမဟုတ် ချီးကျူးခံချင်လို့များလား . . .”

ဝမ်ရမ်ချူးချူးသည် မျက်မှောင်ကြုတ်လိုက်ရင်း -

“ရှင်ပြောတာတွေက ကျိုးကြောင်းဆီလျော်မှုတော့ ရှိပါတယ်။ ဒါပေမယ့် တော်တော်ကြီးတော့ လွဲနေသေးတယ်။ တစ်ခါတလေကြတော့ ယောကျာ်းတွေက မိန်းမတွေရဲ့ ခံယူချက်၊ ကိုယ်ကျင့်သိက္ခာ နဲ့ စိတ်သဘောထားတွေကို နားမလည်နိုင်ကြဘူး . . .”

ရဲရှောင်လည်း ခနဲ့တဲ့တဲ့ဖြင့် -

“ငါနားမလည်ဘူးလေ။ မိန်းမတွေကရော ယောကျာ်းတွေရဲ့ စိတ်ကို နားလည်လို့လား။ မင်းက လှတပတလေး ရှိတာနဲ့ပဲ ယောကျာ်းတိုင်းကို ညစ်ညမ်းတဲ့ အတွေးအခေါ်တွေ ရှိနေနိုင်တယ်လို့ ထင်နေတာလား။ မင်းစိတ်ထဲ မင်းကလှတော့ မင်းကို လူတိုင်း လိုချင်နေမယ်လို့ ထင်နေတာလား . . .”

ရဲရှောင်၏ စကားကြောင့် ဝမ်ရမ်ချူးချူးသည် အနည်းငယ်ရှက်ရွံ့သွားဟန်ဖြင့် ခေါင်းငုံ့လိုက်ရင်း -

“မဟုတ်လို့လား . . .”

ရဲရှောင် ဟက်ဟက်ပက်ပက်ပင် ရယ်မောလိုက်ရင်း -

“ဘယ်က ဟုတ်ရမှာလဲကွ . . .”

“ကမ္ဘာပေါ်မှာ မိန်းမကောင်းတွေထက်ကို ပိုပြီး ကောင်းတဲ့ ဂုဏ်သိက္ခာရှိတဲ့ ယောကျာ်းတွေ အများကြီး ရှိတယ် . . .”

ရဲရှောင် ခပ်ပြတ်ပြတ်ပင် ပြောလိုက်သည်။

ထိုအချက်အား ဝမ်ရမ်ချူးချူး၏ စိတ်ထဲတွင် လက်မခံနိုင် ဖြစ်နေလေသည်။ သို့သော် သူမအနေဖြင့် ရဲရှောင် စိတ်ဆိုးသွားမည်ကို စိုးရိမ်သဖြင့် ပြိုင်ငြင်းမနေတော့ပေ။

ရဲရှောင်သည် တစ်ချက် ပြုံးလိုက်ရင်း -

“ယောကျာ်းတိုင်း လှတဲ့ မိန်းကလေးဆို သဘောကျကြတယ်။ မိန်းမလှလှလေးတွေကို မြင်ရင် စိတ်ထဲ ပိုင်ဆိုင်ချင်တဲ့စိတ် ဖြစ်သွားကြတယ်။ အဲ့ဒါက ပုံမှန်ပဲ။ ဒါပေမယ့် မင်းတို့မိန်းမတွေဘက်က မီးစိမ်းမပြရင် ဘယ်သူကများ စော်ကားရဲမှာလဲ။ သောက်တဲ့ရေကိုတော့ ဘယ်သူမှ ခြေမဆေးရဲဘူး။ ရှင်းရှင်းပြောရရင် ငါတို့ယောကျာ်းတွေအတွက်က မိန်းမတွေဆိုတာ အကုန် အတူတူပဲ။ ဆောင်ကြာမြိုင်လို နေရာမျိုးမှာဆိုရင် ပုံစံအမျိုးမျိုးရှိတဲ့ မိန်းကလေးတိုင်းနဲ့ ပျော်ပါးလို့ရတယ် . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now