Chapter - 246"အထူးခြားဆုံးသောကျင့်စဉ်တစ်ခု"

272 19 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 246

“အထူးခြားဆုံးသောကျင့်စဉ်တစ်ခု”

ဝမ်ရမ်ချူးချူးသည် တအံ့တဩဖြင့်ပင် စိတ်ထဲတွင် တွေးနေမိသည်။

(သူက အခုမှ ကောင်းကင်အဆင့် ရောက်တာ ဘယ်လိုဖြစ်ပြီး ဒီလောက်ထိ အစွမ်းထက်လာရတာလဲ။ သူကျင့်ကြံတဲ့ ကျင့်စဉ်က လင်းရှောင်ရေခဲကျင့်စဉ်ထက်ကို ပိုပြီး အစွမ်းထက်နေတာများလား . . .)

(လင်းရှောင်ရေခဲကျင့်စဉ်ဆိုတာ ချင်းယန်နယ်ပယ် တစ်ခုလုံးမှာ အကောင်းဆုံး ကျင့်စဉ်ပဲဟာ။ ငါတို့ ကျင့်စဉ်ကို ချင်းယန်နယ်ပယ်က ဘယ်လို ပညာရှင်မျိုးမဆို ကြောက်ရွံ့ကြတာချည်းပဲ။ ဒီလို အဆင့်နိမ့် နယ်ပယ်တစ်ခု က လူတစ်ယောက်မှာ လင်းရှောင်ရေခဲကျင့်စဉ်ထက် သာလွန်တာ ရှိနိုင်ပါ့မလား . . .)

ရဲရှောင်မှာမူ ကျယ်လောင်စွာ အော်ဟစ်၍ လင်းရှောင်ရေခဲတိုက်ကွက်အား ခုခံနေလျက် ရှိသည်။ နောက်သို့ ခြေတစ်လှမ်းမျှပင် မဆုတ်ခွာဘဲ ရှေ့သို့သာ ဆက်တိုးလာလျက် ရှိသည်။ ဝမ်ရမ်ချူးချူးအဖို့ ဖိအားများစွာ ခံစားနေရသည်။

(ပုံမှန်အခြေအနေတော့ မဟုတ်ဘူးပဲ . . .)

ရဲရှောင်အား ကြည့်ရင်း ဝမ်ရမ်ချုးချုးတစ်ယောက် တွေးလိုက်မိသည်။

ယခုတိုက်ခိုက်မှုသည် ရဲရှောင်ဘက်မှ အစွမ်းကုန် ထုတ်သုံးခြင်း မဟုတ်ဘဲ ပုံမှန် တိုက်ခိုက်မှုမျိုးသာ ပြုလုပ်နေသေးခြင်း ဖြစ်ကြောင်း ဝမ်ရမ်ချုးချုး သိနေလေသည်။

ရဲရှောင်သည် တိုက်ကွက်ထုတ်နေစဉ် သူ၏ ခန္ဓာကိုယ်အား ကောင်းစွာ ထိန်းချုပ်ထားပြီး သွေးကြောများတွင် စီးဆင်းနေသော စွမ်းအင်များကိုလည်း ဖိနှိပ်ထားလျက် ရှိသည်။ ထိုကဲ့သို့ ဖိနှိပ်ထားရင်း တစ်ဖက်မှလည်း ပတ်ဝန်းကျင်ရှိ ချီဓာတ်များအား စုပ်ယူနေသည်။

ရဲရှောင်သည် နောက်ဆုံးတိုက်ကွက်တွင် အားကုန်အသုံးပြု၍ တိုက်ခိုက်ရန်အတွက် စွမ်းအင်များ ဖိနှိပ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် လက်ရှိအချိန်တွင် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခြင်း မပြုဘဲ ရှောင်တိမ်းခုခံနေလျက်သာရှိသည်။ သို့ရာတွင် ထိုကဲ့သို့ ရှောင်တိမ်းခုခံရာတွင် အသုံးပြုနေသည့် တိုက်ကွက်သည်ပင်လျှင် ဝမ်ရမ်ချူးချူးအား အလွန်အမင်း အံ့ဩသင့်စေခဲ့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now