Chapter (412)"သတ်ဖြတ်ခြင်းဘုရင်"

206 21 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter (412)

“သတ်ဖြတ်ခြင်းဘုရင်”

အဆိုပါ ချီဓာတ်များသည် အေးစက်လှသည့်တိုင် သတ်ဖြတ်လိုသော အငွေ့အသက်မျိုး မပါဝင်ချေ။ ဖော်ပြရပင် ခက်ခဲလှသည့် လူတိုင်း၏ စိတ်အား မသက်မသာ ဖြစ်စေနိုင်သည့် ချီဓာတ်အငွေ့အသက်မျိုးပင် ဖြစ်သည်။

ရဲရှောင်အနေဖြင့် ယခု သူ ရင်ဆိုင်နေရသည့် လူ၏ အကြောင်းအား အစောကြီးကတည်းကပင် သိထားသင့်သည်ဟု တွေးနေမိသည်။ ထိုလူအား တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးသကဲ့သို့ မည်သူကမှလည်း ထိုလူအကြောင်း မပြောပြခဲ့ဖူးချေ။

အစ်ကိုကျောင်း ဆိုသူသည် ရဲရှောင်နှင့် ပေ ၅၀ နီးပါး အကွာအဝေးခန့် ရောက်သောအခါ ရပ်တန့်သွားသည်။ ထို့နောက် ရဲရှောင်အား ရီဝေသော အကြည့်များဖြင့် ကြည့်လိုက်ရင်း -

“ဖန်ဧကရာဇ် . . . ခင်ဗျားအတွက်တော့ စိတ်မကောင်းပါဘူး။ အခုပဲ ကျုပ်ဘက်က စလှုပ်ရှားတော့မယ် . . .”

ရဲရှောင် ခေါင်းညိတ်ပြလိုက်ကာ -

“အင်း . . . ခင်ဗျားသာ စိတ်မကောင်း မဖြစ်ဘူး ဆိုရင်တော့ ကျုပ်ကို မတိုက်ခိုက်ဘူးပေါ့ ဟုတ်လား”

ရဲရှောင်၏ စကားကြောင့် အစ်ကိုကျောင်း အံ့ဩသွားသည်။ ထိုအချိန်တွင် သူ၏ ချီဓာတ်များသည်လည်း သိပ်သည်းသည်ထက် သိပ်သည်းစွာ ထွက်ပေါ်လာခဲ့သည်။

ရဲရှောင်မှ ရန်သူအား အံ့ဩစေနိုင်လောက်မည့် စကားလုံးမျိုး ပြောလိုက်သည့်တိုင် တစ်ဖက်မှ တုန့်ပြန်ခြင်း မရှိဘဲ ရီဝေဝေဖြင့်သာ သူ့အား ငေးကြည့်နေလျက် ရှိသည်။

ထိုအချန်တွင် ရဲရှောင်မှ တစ်စုံတစ်ခုအား သိသွားသည့်ဟန်ဖြင့် -

“ကျုပ်သိပြီ . . . ဘဝအတွက် ဘာခံစားချက်မှ ရှိမနေတဲ့လူပဲ။ ခင်ဗျားက ကျောင်းဖင်းရှန် ဖြစ်ရမယ်”

အစ်ကိုကျောင်း ဆိုသူမှ အေးစက်စက် လေသံဖြင့် -

“နာမည်ဆိုတာ သတ်မှတ်ချက် တစ်ခုပါပဲ။ အသက်ရှင်နေထိုင်နေတဲ့ လူတိုင်းမှာ နာမည်ရှိတယ်။ သေသွားတဲ့ လူတစ်ယောက်မှာတော့ နာမည် မရှိတော့ဘူးပေါ့။ ဒါပေမယ့် သေသွားတဲ့ လူတွေအားလုံးအတွက် နာမည်တစ်မျိုးတော့ ရှိပါသေးတယ်။ အလောင်းကောင်လို့ ခေါ်မှာ‌လေ . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now