Chapter - 245"အဆင့်တက်ခြင်း၏ အကျိုးသက်ရောက်မှု"

272 18 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 245

"အဆင့်တက်ခြင်း၏ အကျိုးသက်ရောက်မှု"

ရဲရှောင်တို့နှစ်ဦး မည်မျှအထိ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေစေကာမူ အသက်အန္တရာယ် စိုးရိမ်ရမည့် အနေအထားသို့ ရောက်မည် မဟုတ်ချေ။

ပိုင်ရှင်းယွဲ့သည် လေ့ကျင့်မှု ပြုလုပ်ချင်နေသည့် ရဲရှောင်၏ ရည်ရွယ်ချက်အား သိသည့်အလျောက် တိုက်ခိုက်မှုတွင် ဝင်ရောက်စွက်ဖက်ခြင်း မရှိခဲ့ပေ။ အပြန်အလှန် တိုက်ခိုက်နေရင်းဖြင့် တပည့်ဖြစ်သူ ဝမ်ရမ်ချူးချူး၏ အခြေအနေသည်လည်း တိုးတက်နိုင်သည် မဟုတ်ပါလော။ ချင်းယန်နယ်ပယ်ရှိ ထိပ်သီးဂိုဏ်းများတွင် ယခုကဲ့သို့ ပညာဖလှယ်၍ လေ့ကျင့်မှုများ ပြုလုပ်ကြသည်မှာ ထုံးစံပင် ဖြစ်သည်။ ပညာဖလှယ်ခြင်းသည် တိုက်ခိုက်သူ နှစ်ဦးစလုံးအတွက် အကျိုးရှိသည့် အလုပ်ပင် မဟုတ်ပါလော။

ပိုင်ရှင်းယွဲ့၏ စိတ်ထဲတွင် ရဲရှောင်တစ်ယောက် ကိုယ့်ဒုက္ခကိုယ်ရှာသည့် အလုပ်မျိုး လုပ်လိမ့်မည်ဟု မထင်ထားခဲ့မိချေ။ ရဲရှောင်ထံသို့ စွမ်းအင်များ ထိမှန်သွားသည့်အချိန်တွင် ပိုင်ရှင်းယွဲ့ဘက်မှ တားဆီးရန် ကြိုးစားခဲ့သော်လည်း မမီခဲ့ပေ။

ရဲရှောင်သည် ရရှိထားသည့် အခွင့်အရေးအား လက်လွတ်မခံဘဲ အမိအရ ဖမ်းဆုပ်ယူနိုင်ခဲ့သည်။ မော်တယ်ကမ္ဘာတွင် ဝမ်ရမ်ချူးချူးကဲ့သို့ အဆင့်ရှိသည့် ပညာရှင်မျိုးနှင့် ပညာဖလှယ်နိုင်ခြင်းသည် ကြုံတောင့်ကြုံခဲ အခွင့်အရေးတစ်ခုပင် ဖြစ်သည်။ ကျင့်ကြံမှုအဆင့်နိမ့်သည့် လူများနှင့်လည်း မတိုက်ခိုက်ချင်သဖြင့် အခွင့်အရေးရတုန်း ရခိုက် ရဲရှောင်သည် မိမိကိုယ်ကို အဆင့်တက်အောင် လုပ်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ရဲရှောင်သည် စိတ်ပိုင်းဖြတ်လိုက်၍ သူထုတ်လွှတ်လိုက်သည့် စွမ်းအင်များကိုသာမက ဝမ်ရမ်ချူးချူးထံမှ သက်ရောက်လာသော စွမ်းအင်များကိုပါ စုပ်ယူခဲ့သည်။

ရဲရှောင်၏ လုပ်ရပ်သည် အလွန်အန္တရာယ်များသော လုပ်ရပ်တစ်ခုပင် ဖြစ်သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now