Chapter (415)"တိုက်ခိုက်မှုစတင်ခြင်း"

204 20 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter (415)

“တိုက်ခိုက်မှုစတင်ခြင်း”

သတ်ဖြတ်ခြင်းဘုရင်ထံမှ သတ်ဖြတ်လိုသော အငွေ့အသက်များ ရလိုက်သဖြင့် လူတိုင်း ချွေးစေးများ ပြန်သွားကြသည်။

“ကျုပ် သူ့ကို တွေ့လို့ မရဘူးလား . . .”

ကျောင်းဖင်းရှန် ရဲရှောင်အား မေးလိုက်သည်။

“ကျုပ်ကိုယ်တိုင် သူ့ကို တွေ့ချင်တယ်။ အရမ်းကို တွေ့ချင်နေပြီ . . .”

ထို့နောက် ကောင်းကင်ကြီးအား မော့ကြည့်လိုက်ပြန်ရင်း -

“ကျုပ်သူ့ကို ကျုပ်မျက်လုံးနဲ့ ကိုယ်တိုင် တွေ့ချင်တယ်။ ခင်ဗျား လိမ်နေတာ . . . လိမ်နေတာမှတ်လား . . .”

ကျောင်းဖင်းရှန်သည် ရဲရှောင်အား ထိုသို့ အော်ဟစ်နေသော်လည်း အသံမှာမူ ဒေါသထွက်နေသည့် အသံမျိုးတော့ မဟုတ်ချေ။

ရဲရှောင်မှ -

“ဒီနေရာမှာ ကျုပ်က လုပ်ပေးရမှာလား။ ဒီနေရာက အဲဒီလို လုပ်လို့ကောင်းတဲ့ နေရာလို့ ခင်ဗျား ထင်နေတာလား . . .”

ကျောင်းဖင်းရှန် ခေါင်းညိတ်လိုက်ရင်း -

“ဟုတ်တာပေါ့။ ဒီနေရာက မကောင်းဘူး။ နေရာတစ်ခု ရှာကြစို့ . . .”

ထိုသို့ ပြောပြီးနောက် ကျောင်းဖင်းရှန် တစ်ဖက်သို့ ချာခနဲ လှည့်သွားကာ လက်ထဲရှိ ဓားအား ဝေ့ယမ်းလိုက်သည်။

ထိုအခါ ကောင်းကင်ထက်၌ လျှပ်စီးလက်သွားသည့်အလား လင်းကနဲ လက်သွားပြီး ကျောင်းဖင်းရှန်၏ အရှေ့တွင် ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်သွားသည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် ထိုအက်ကွဲကြောင်းသည် ပြန်လည် ကွယ်ပျောက်သွားသည်။

“သွားကြစမ်း . . .”

ကျောင်းဖင်းရှန် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ခင်ဗျား စိတ်လွတ်သွားပြီလား အစ်ကိုကျောင်း . . .”

ဂျိမိန်ဇန်သည် ဒေါသတကြီးဖြင့် အော်ပြောလိုက်သည်။ ဒေါသကြောင့် သူ၏ တစ်ကိုယ်လုံး တုန်ခါလျက် ရှိသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now