Chapter (419)"ထူးဆန်းသောအဖြစ်အပျက်"

224 20 0
                                    

Chapter (419)

“ထူးဆန်းသောအဖြစ်အပျက်”

သခင်ကြီးဘိုင်အား ရိုက်သွားသူမှာ ဖန်ဇီလင်ဖြစ်ကြောင်း သိလိုက်ကြရသည့်အခါ ဝမ်အာတို့ ၂ ဦး အနည်းငယ် စိတ်သက်သာရာ ရသွားကြသည်။

အဘယ့်ကြောင့်ဆိုသော် ဖန်ဇီလင် အနေဖြင့် အစွမ်းကုန် ကြိုးစား တိုက်ခိုက်လျှင်ပင် သခင်ကြီးဘိုင်အား အလွန်နာကျင်စေမည် မဟုတ်ကြောင်း သိလိုက်ကြရ၍ပင် ဖြစ်သည်။ သို့သော် ပုံပျက်ပန်းပျက်တော့ ဖြစ်သွားခဲ့ရလေသည်။

“ဘယ်လိုပဲဖြစ်ဖြစ် ဒီဖန်ဇီလင်ဆိုတဲ့လူရဲ့ ရဲတင်းမှုကို ငါတော်တော်ကြီး လေးစားမိတယ်။ တော်တော်ပွင့်လင်းတဲ့လူပါလား . . .”

ချူးအာနှင့် ရယ်မောရင်း ပြောလိုက်သည်။ ဆရာဖြစ်သူ၏ အဖြစ်ကြောင့် သူမတို့ နှစ်ဦးသည် ရယ်ရခက် ငိုရခက်ပင် ဖြစ်နေကြသည်။

ချူးအာပြောလိုက်သည်ကို ဝမ်အာမှ ထောက်ခံသည့် သဘောဖြင့် ခေါင်းညိတ်ပြလိုက်ရင်း -

“ဟုတ်တယ် . . . ဆရာ အထိုးမခံရတာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ၊ နှစ် ၃ ထောင်လောက်များ ရှိပြီလား . . .”

ချူးအာ မျက်မှောင်ကြုတ်လိုက်ပြန်ရင်း ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ကာ -

“နေဦး ငါစဉ်းစားလိုက်ဦးမယ် . . . အဲဒီထက်တောင် ပိုကြာပြီ ထင်တယ် . . .”

သခင်ကြီးဘိုင်မှာမူ ဝမ်အာတို့အား ကြည့်ရင်း အံ့ဩသင့်လျက် ရှိသည်။
​​​
(အစတုန်းကကြ မင်းတို့က အရမ်းတွေ အစိုးရိမ်လွန်နေကြပြီး အခုကြ ဘယ်လိုဖြစ်သွားကြရတာလဲ။ ဘာတွေလဲကွာ . . .)

ချူးအာတို့ ၂ ဦး၏ ရယ်မောပြောဆိုသံများအား နားထောင်းရင်း သခင်ကြီးဘိုင်လည်း ရှက်ရွံ့လာသဖြင့် မျက်လုံးများ မှိတ်လိုက်သည်။

(ငါ့ကို လူတွေ ဝိုင်းဟားကြတာကို မခံရတာ ဘယ်လောက်တောင် ကြာနေပြီလဲ။ အင်း ဒီလို ခံစားမှုက ထူးခြားတယ်ဆိုတာ ငါဝန်ခံရမှာပေါ့၊ အမြဲတမ်းကြီး အပေါ်စီးကပဲ ရှိနေတာ ကြာတော့လည်း ပျင်းဖို့ကောင်းပါတယ်လေ။ တစ်ခါတလေတော့လည်း ရယ်စရာ အဖြစ်ခံရတာတို့၊ အရှက်ရစရာ ဖြစ်ရတာမျိုးလေးတွေ ကြုံရတာ ကောင်းပါတယ်။ နောက်ပြီး ငါနဲ့ အရင်းနှီးဆုံး လူတွေရှေ့မှာ ဖြစ်တာပဲဟာ . . .)

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now