Chapter (431)"လုပ်ကြံသတ်ဖြတ်သူများစုဝေးခြင်း"

227 18 0
                                    

Chapter (431)

“လုပ်ကြံသတ်ဖြတ်သူများစုဝေးခြင်း”

ကျောင်းဖင်းရှန်မှာ စွမ်းအားများ အထွတ်အထိပ် ရောက်ရှိနေသည့် ကာလဖြစ်နေလေသည်။ အနန္တသူတော်စင်ပင် ယခုချိန်တွင် တိုက်ခိုက်ဝံ့လိမ့်မည် မဟုတ်ပေ။

သို့သော် ရဲနန်ရှန်၊ ပိုင်ရှင်းယွဲ့၊ ဝမ်အာနှင့် ချူးအာတို့လောက် အစွမ်းထက်နေခြင်းမျိုးတော့ မဟုတ်ချေ။

လင်းပါအိုသို့ပြန်ရာ လမ်းတစ်လျှောက်ရှိ ရန်သူများအား သတ်ဖြတ်သွားရင်း မည်သူကမျှ ရဲရှောင်တို့အား မတားဆီးရဲအောင် ဖြစ်နေကြသည်။

လင်းပါအိုနှင့် ပေ ၁၀၀၀ လောက် အကွာသို့ ရောက်ချိန်တွင် နောက်ဆုံးအုပ်စု တစ်စုနှင့် ဆုံတွေ့ရပြန်သည်။ ထိုလူများသည် အလွန်အစွမ်းထက်ကြပြီး ထိပ်တန်းအဆင့် ပညာရှင်များဖြစ်ကာ တစ်ယောက်ချင်းဆီတွင် နတ်အဆင့် လက်နက်များ ရှိကြသည်။

ကျောင်းဖင်းရှန်မှာ အစွမ်းထက်လှသည့်တိုင် သူ၏ လက်ထဲရှိဓားသည် သာမန်ဓားတစ်လက်သာ ဖြစ်သည်။ ထို့ကြောင့် လေးငါးကြိမ်မျှ ဓားချင်းထိတွေ့ရုံဖြင့် ကျိုးသွားရလေသည်။

ရန်သူများသည် ကျောင်းဖင်းရှန်၏ လက်နက် ပျက်ဆီးသွားသဖြင့် ပျော်ရွှင်သွားကြသည်။ သူတို့ဘက်မှ အနိုင်ရမည့် အခွင့်အရေး ရလာပြီဟုလည်း တွေးမိလိုက်ကြသည်။ အနည်းဆုံးမူ လက်နက်မဲ့သွားပြီ ဖြစ်သည့် ကျောင်းဖင်းရှန်၏ တိုက်ခိုက်မှုများအား မှုစရာ မလိုတော့ချေ။

သို့သော် ထိုသို့ ဓားကျိုးသွားသည့်တိုင် ကျောင်းဖင်းရှန်သည် ကျယ်လောင်စွာ တစ်ချက်အော်ဟစ် လိုက်ပြီး ရန်သူများရှိရာသို့ တဟုန်ထိုး ပြေးဝင်သွားသည်။ နောက်ပြန်မဆုတ်သည့်အပြင် ထိုကဲ့သို့ တိုးဝင်သွားရင်း လျင်မြန်စွာ လှုပ်ရှားမှုကြောင့် ကျောင်းဖင်းရှန်၏ အရိပ်ကိုသာ မြင်တွေ့နိုင်ပေသည်။ စက္ကန့်ပိုင်းအတွင်းမှာပဲ လူတစ်ဒါဇင်ကျော်ခန့်သည် ကျောင်းဖင်းရှန်၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရသည်။

လက်ရှိအချိန်တွင် ကျောင်းဖင်းရှန်သည် စိတ်လှုပ်ရှားမှုနှင့်အတူ ပျော်ရွှင်နေလေသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now