Chapter - 231"သူသေကိုယ်သေ"

272 19 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 231

“သူသေကိုယ်သေ”

“ဝှစ် . . . ဝှစ် . . . ဝှစ် . . .”

ကြာပန်းများအား ရှဲ့ဒန်ယူသည် လှည့်ပတ်၍ ရှောင်တိမ်းလိုက်သည်။ ထိုသို့လှည့်ပတ်ရာတွင် အစပိုင်း၌ အသားမကျသေးသော်လည်း အချိန်အနည်းငယ် ကြာသောအခါ သူမကိုယ်သူမ ကောင်းစွာ ထိန်းချုပ်သွားနိုင်လေသည်။ ကြာပန်းများထံမှ ထွက်ရှိလာသည့် စွမ်းအင်လှိုင်းများ၏ဒဏ် ခံနေရသည့်တိုင် အနည်းငယ် ခံသာသွားပါတော့သည်။

ကြာပန်းများအား ရှောင်တိမ်းလှည့်ပတ်နေရင်းဖြင့် ရှဲ့ဒန်ယူ၏ လက်ထဲတွင် ကိုင်ဆောင်ထားသော ဓားသည် တဖြည်းဖြည်း ရှည်ထွက်လာခဲ့သည်။ ထို့နောက် ရှဲ့ဒန်ယူသည် ကျယ်လောင်သော လေသံဖြင့် -

“ကမ္ဘာဖျက်တိုက်ကွက် . . .”

ဓားမှ စူးရှသော အလင်းတန်းများစွာ ရုတ်တရက် ဖြာထွက်လာခဲ့သည်။

ကြာပန်းကိုးခိုင် တိုက်ကွက်သည် ရွှမ်ပိုင်၏ အစွမ်းထက်ဆုံး တိုက်ကွက် ဖြစ်သကဲ့သို့ ကမ္ဘာဖျက် တိုက်ကွက်သည်လည်း ရှဲ့ဒန်ယူ၏ အစွမ်းထက်ဆုံး တိုက်ကွက်ပင် ဖြစ်လေသည်။

သူတို့နှစ်ဦးစလုံး၏ ဂိုဏ်းနှစ်ခု စတင်တည်ထောင်ခဲ့သည့်အချိန်ကတည်းက အဆိုပါတိုက်ကွက် နှစ်ခုအား ထိပ်တိုက် အသုံးမပြုခဲ့ဖူးကြချေ။ သို့သော် ယခုအခါတွင်မူ မော်တယ်ကမ္ဘာကဲ့သို့သော အဆင့်နိမ့် နေရာမျိုးမှာပင် သုံးလိုက်မိကြသည်။ မသုံး၍လည်း မရနိုင်ကြတော့ပေ။ တိုက်ပွဲသည် နောက်ဆုံးအခြေအနေသို့ပင် ရောက်ရှိနေပြီ မဟုတ်ပါလော။

ရှဲ့ဒန်ယူ၏ ကမ္ဘာဖျက်တိုက်ကွက် ဖြစ်ပေါ်လာသည့် အချိန်မှာပင် ရွှမ်ပိုင်၏ ကြာပန်းကိုးခိုင်သည်လည်း ပေါက်ကွဲထွက်သွားလေသည်။

"ဖုန်းး . . ."

ကြာပန်းရနံ့များသည် ကမ္ဘာတစ်ခုလုံးသို့ လွှမ်းခြုံသွားသည့်အလား အရပ်ရှစ်မျက်နှာလုံးတွင် မွှေးရနံ့များဖြင့် ထုံကြိုင်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ကြာပန်းများ၏ ပွင့်ချပ်များသည် ဓားသွားများအလား ဖြစ်သွားကြသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now